လက်ရှိ ဘဏ္ဍာနှစ်အကုန်တွင် အိမ်ခန်းပေါင်း ၄,၀၀၀ ကျော် ပေါ်ထွက်လာမည်

လက်ရှိ ဘဏ္ဍာနှစ်အကုန်တွင် အိမ်ခန်းပေါင်း ၄,၀၀၀ ကျော် ပေါ်ထွက်လာမည် - Property News in Myanmar from iMyanmarHouse.com
18 Feb 2016 10:10 am တွင် တင်ခဲ့သည်
1143 ကြိမ် ကြည့်ရှု့ပြီး
ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တိုင်းနှင့်ပြည်နယ်များတွင် အငှားအိမ်ရာများ
တည်ဆောက်ရန် အသုံးစရိတ်ငွေကျပ် ၄၆ ဘီလျံကို သက်ဆိုင်ရာအစိုးရအဖွဲ့များသို့
ချထားပေးခဲ့ပြီး လက်ရှိအကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ ၂၀၁၅ - ၁၆
ဘဏ္ဍာနှစ် အကုန်တွင် အဆောက်အအုံအလုံးရေ ၁၃၂ လုံး မှ အိမ်ခန်းပေါင်း ၄,၀၀၀ ကျော်
ပေါ်ထွက်လာမည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က
ပြောသည်။

"ဘဏ္ဍာရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အငှားအိမ်ရာတွေဆောက်ဖို့အတွက်
၄၆ ဘီလျံချပေးခဲ့တာ။ တိုင်းနဲ့ပြည် နယ်ကအစိုးရတွေက အဲဒီဘတ်ဂျက်ကို ခွဲဝေ ယူပြီး
အငှားအိမ်ရာတွေဆောက်မယ်။ အခန်း ပေါင်း ၄,၀၀၀ ကျော်လောက်ထွက်လာမယ်လို့
မှန်းပါတယ်။ ရေ၊ မီးအပြည့်အစုံပါတဲ့ အခန်း တစ်ခန်းကို တစ်လ သုံးသောင်းနဲ့ ငှားသွား
မယ်။ အဲဒီအိမ်ရာတွေအကုန်လုံးကို မတ်လ ကုန်အပြီး တည်ဆောက်သွားမယ်" ဟု ၎င်းက
ပြောသည်။ အငှားအိမ်ရာများ တည်ဆောက်သွား မည့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိမြို့များ
အနက် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၏ သုံးစွဲ မှုငွေပမာဏမှာ အများဆုံးဖြစ်ကာ ရန်ကုန်
မြို့အတွက် ငွေကျပ် နှစ်ဘီလျံသုံးစွဲပြီး အခန်း ပေါင်း ၁,၂၀၀ ကျော်ပေါ်ထွက်မည်ဖြစ်ကာ
မန္တလေးမြို့အတွက် ငွေကျပ် တစ်ဘီလျံ သုံးစွဲပြီး အခန်းပေါင်း ၁,၀၀၀ ကျော် ပေါ်ထွက်လာ
မည်ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တည်ဆောက်လျက်ရှိသည့် အထက်ပါအငှား အိမ်ရာ
စီမံကိန်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက တိုက်ရိုက်ကိုင်တွယ်
တည်ဆောက်လျက်ရှိသည့် အငှားအိမ်ရာများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက
တည်ဆောက်လျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာများလည်း ရှိနေရာ
လက်ရှိ ဘဏ္ဍာနှစ်အကုန်တွင် နိုင်ငံနှင့်တစ်ဝန်းတွင် လူနေအိမ်ခန်းအမြောက်အမြား
ပေါ်ထွက်လာမည်ဖြစ်ရာ အခန်းလိုအပ်ချက်များကို ဖြည့်တင်းသွားနိုင်မည်ဖြစ်ကြောင်း
ဦးယုခိုင်က ပြောသည်။

"ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ဒီနှစ်ဘတ်ဂျက်ထဲမှာ အပြီးဆောက်နေတဲ့ အိမ်ရာ
စီမံကိန်းတွေက ရှိနေပါတယ်။ အခု တိုင်းဒေသကြီးကိုချပေးတဲ့ အငှားအိမ်ရာကလည်း
ဒီဘတ်ဂျက်အမီ အပြီးဆောက်မှာဆို တော့ စာရင်းပိတ်တဲ့အချိန်ကျရင် အိမ်ခန်းတွေ
သောင်းနဲ့ချီထွက်လာတော့မှာပါ။ အဲဒါ ကြောင့် နောက်ဘတ်ဂျက်မှာ အိမ်ရာ လိုအပ်
ချက်က အနည်းနဲ့အများတော့ ဖြည့်ဆည်းပေး နိုင်သွားပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ အိမ်ခန်းများကို နှစ်စဉ်ပိုမိုထွက် ပေါ်လာနိုင်ရန် အစိုးရအဖွဲ့အစည်းနှင့်သက်ဆိုင်ရာ
ဝန်ကြီးဌာနများက ဆောင်ရွက် လျက်ရှိသော်လည်း နေထိုင်မှု မြင့်မားသည့် ရန်ကုန်မြို့အတွက်မူ အခန်းလိုအပ်ချက်မှာ ဖြည့်ဆည်းပေးနိုင်သည့်အတိုင်းအတာထက် ပင် လိုအပ်နေဆဲ ဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့ ကျူးကျော်နေထိုင်သူတွင် အများအပြားရှိနေသည့်အတွက် ကျူးကျော် နေထိုင်သူအားလုံးအတွက် နေရာလိုအပ်ချက်ကို ဖြည့်ဆည်းရန်မှာ လက်ရှိဘတ်ဂျက်
သုံးစွဲနိုင်မှုဖြင့် လတ်တလောဆောင်ရွက်ရန် အဆင်မပြေသေးသော်လည်း နောက်ပိုင်းတွင်
အငှားအိမ်ရာများ တည်ဆောက်ပေး သွားရန် အစီအစဉ်ရှိကြောင်း ဦးယုခိုင်က ပြောသည်။

"ကျွန်တော်တို့ ၀န်ကြီးဌာနဘက်က လုပ်ကိုင်ဆောင်ရွက်ရတာကလည်း ဘတ်ဂျက်
အနေအထားနဲ့ လုပ်ကိုင်ဆောင်ရွက်နေရ တော့ အားလုံးကို ဖြည့်ဆည်းဖို့ကလည်း
အဆင် မပြေဘူး။ ဒါပေမဲ့ ဟိုတလောက ဖယ်ရှားလိုက် တဲ့ ဒဂုံဆိပ်ကမ်းက ကျူးကျော်တွေ
အတွက် ၀န်ကြီးဌာနက နေရာပြန်စီစဉ်ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီ ဒဂုံဆိပ်ကမ်း
ယုဇန၀န်းကျင် နားမှာပဲ ၁၀ ပေ၊ ပေ၂၀ အကျယ်ရှိတဲ့ အခန်း တွေဆောက်ပြီး အငှားချသွားဖို့
အစီအစဉ်ရှိပါတယ်" ဟု ၎င်းက ပြောသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့တွင်
ကျူးကျော်နေထိုင်သူများ ကိုတန်ဖိုးသင့်တင့်ဖြင့် ငှားရမ်းနေထိုင်နိုင် မည့် အငှားအိမ်ရာများေ
ဆာက်လုပ်ပေးရန် စီစဉ် ပေးသော်လည်း မြေနေရာရှာဖွေမှုအခက်အခဲရှိကြောင်း သိရသည်။
"ဌာနက ကျူးတွေကိုမေးတယ်။ သူတို့က အငှားအိမ်ရာလောက်ပဲ ငှားနေနိုင်ကြတယ်။ အဲဒါကြောင့် ကျူးတွေကို နေရာထားပေးဖို့ နေရာရှာတိုင်း အဲဒီနေရာတွေမှာ ကျူးတွေ ကရှိနေပြန်ရော။
နေရာလွတ်မှန်သမျှမှာ ကျူးတွေကရှိနေတော့ ဌာနက မြေနေရာရဖို့ တောင် တော်တော်
ခက်နေတယ်။ ပြီးတော့ ကျူးဆိုတာ တကယ် နေစရာမရှိတဲ့သူရှိသလို စီးပွားရေးအရ လုပ်စားတဲ့သူတွေလည်းရှိ တော့ ပေါ်လာတဲ့ကျူးတိုင်းကို နေရာပေးဖို့ ဆိုတာလည်း
အဆင်မပြေဘူး" ဟု ဦးယုခိုင်က ပြောသည်။

သို့သော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၏ စီစဉ်မှုဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းတွင်
တည်ဆောက်လျက်ရှိသည့် မဟာဗန္ဓုလအငှား အိမ်ရာစီမံကိန်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်မှ
ဖယ်ရှားလိုက်သည့် ကျူးကျော်များကို ပြန်လည်နေရာချထားပေးမည်မဟုတ် သော်လည်း
အဆိုပါစီမံကိန်းနေရာက ကျူးကျော်များအတွက် ငှားရမ်းနေထိုင်လိုပါ က အခန်းငှား ပေးသွား
မည်ဖြစ်ကြောင်း ဦးယု ခိုင်က ပြောကြားသည်။

"မဟာဗန္ဓုလအငှားအိမ်ရာမှာ ဒဂုံဆိပ် ကမ်းကကျူးတွေကိုတော့ နေရာချပေးဖို့ အစီ အစဉ်
မရှိပါဘူး။ ဒါပေမဲ့ အဲဒီစီမံကိန်းဆောက် တုန်းက ဖယ်ရှားခဲ့တဲ့ အဲဒီနေရာက ကျူးကျော်
တွေအတွက် အခန်း ၄၈ ခန်းသီးသန့်ဖယ်ထား ပေးတယ်။ ကျွန်တော်တို့က အလကားတော့
ပြန်မပေးပါဘူး။ ဒါပေမဲ့ သူတို့ငှားနေမယ် ဆိုရင် တခြားသူတွေလို မဲနှိုက်ပြီး အခန်း
စောင့်စရာမလိုဘူး၊ သူတို့အတွက် သီးသန့် အခန်းပေးမှာပါ။ သူတို့ကလည်း ငှားနေနိုင်
တဲ့အနေအထားရှိကြပါတယ်" ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးမှ
ဦးယုခိုင်က ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service