အထပ်မြင့် အဆောက်အဦးများ တည်ဆောက်ရန် ခွင့်ပြုရာ တွင်လိုအပ်နေ သည့် Zoning Planရေး ဆွဲနေမှုမှာ ပြီးစီးရန်အနည်းငယ်သာ ကျန်ရှိတော့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။
ရန်ကုန်တွင်နေရာအလိုက်တည်ဆောက်ရန် သတ်မှတ်ထားသည့် (Zoning Plan )မရှိသဖြင့် အခက်အခဲများနှင့် ကြုံတွေနေရသဖြင့် အမြန်ဆုံးပြီးစီးနိုင်ရန် ရေးဆွဲနေကြောင်းအင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
အထပ်နိမ့် လူနေရပ်ကွက်များရှိ သည့် မြောက်ဒဂုံမြောက်ဥက္ကလာ ကဲ့သို့ နေရာမျိုးတွင် အထပ်မြင့် ဆောက်ရန် လာရောက် တင်ပြခြင်းရွေတောင်ကြား ကဲ့သို့ ရပ်ကွက်မျိုးတွင် အထပ်မြင့် များဆောက်လုပ်ရန် လာရောက်တင်ပြခြင်းတို့ကြောင့် ခွင့်ပြုရန် အခက်အခဲများနှင့်ကြုံတွေ့ နေရကြောင်းသိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ ၀ါရင့်မြို့ပြ ပညာရှင်များဖြင့် အကြိမ်ကြိမ် ညှိုနှိုင်းရေးဆွဲနေသည့် ၄င်း Zoning plan မှာယခုလ ကုန်တွင်ပြီးစီးနိုင် ဖွယ်ရှိကြောင်းအထက် ပါဌာန ကခန့်မှန်းထားသည်။
Zoning plan အပြီးသတ်ရေးဆွဲရန် စီစဉ်နေစဉ်တွင် ပြီးခဲ့သည့် နှစ်က မြန်မာနိုင်ငံဆောက်လုပ်ေ၇း လုပ်ငန်းရှင် များအသင်းမှလဲ ၄င်းတို့ဘက်မှ ပြင်ဆင်သင့် သည်ဟုထင်သည့် အချက်နှင့် လိုအပ်သည် များကိုထပ် မံဖြည့်စွက်ရန် တင်ပြခဲ့မှုများကြောင့် အနည်း ငယ်နှောင့်နှေးမှုများ လဲရှိခဲ့ရသည်။
လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနတွင် အဆောက်အဦး များ တည်ဆောက်စဉ် ဘေးပတ်ဝန်ကျင်မှ ကန့်ကွက်မှုများ တရားမဝင် လိုင်စင်မဲ့ ကန်ထရိုက်တာ များနှင့် တည်ဆောက်သဖြင့် အငြင်းပွားနေမှုများအား ကန့်ကွက်စာတိုင်စာများနေ့စဉ် ရာချီ ၀င်ရောက်နေမှုများ လဲရှိကြောင်းအဆိုပါ ဌာနမှ တာဝန်ရှိသူကဆိုသည်။
ဒဂုံစီးတီး စီမံကိန်းကဲ့သို့ အထပ်မြင့် အဆောက်အဦးများ ခွင့်ပြုပေးခဲ့မှု အဆိုပါ Zoning plan မရှိသောကြောင့် အခက်အခဲဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေကပြောသည်။
အဆိုပါ Zoning plan မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ တဆင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံတင်ပြ ထားရာမှ ယခုကဲ့သို့ ထွက်ပေါ်လာရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင်ကပြောသည်။
အထပ်မြင့် အဆောက်အဦးများ တည်ဆောက် ရန် နေရာအလိုက် သတ်မှတ်မည့် (Zoning Plan ) မှာ လက်ရှိတွင် မြို့ပြစီမံကိန်းပညာရှင်များရေး ဆွဲနေမှုမှာ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
ရန်ကုန်တွင် အထပ်မြင့် အဆောက်အဦးများခွင့်ပြုခြင်းကို ၄ထပ်မှ ၈ထပ်ခွဲအထိ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့တော်ဝန်ကိုယ်တိုင်ပါဝင်သည့် အစည်းအဝေးတွင် ဆုံးဖြတ်၍ တိုင်းဒေကြီးလွှတ်တော်သို့ တင်ပြကာခွင့်ပြု မိန့်ပေးလျှက်ရှိသည်။
၈ထပ်နှင့် အထက်ကိုမူအဆောက် အဦးများ စစ်ဆေး ကြီးကြပ်ရေးကော်မတီ (CQHP) ထံတင်ပြကာ ဝန်ကြီးချုပ် ခွင့်ပြုချက်နှင့် ချထားပေးနေပြီးစီမံကိန်း ကြီးမား ပါက ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြ၍ ခွင့်ပြုပေးနေကြောင်းသိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com