ဗဟန်း(၃)လမ်း မှတ်တိုင်အနီးတွင် တည်ဆောက်နေသည့် စက်လှေကားပါ လူကူးခုံးကျော်တံတား မတ်လတွင် အသုံးပြုခွင့်ရမည်

ဗဟန်း(၃)လမ်း မှတ်တိုင်အနီးတွင် တည်ဆောက်နေသည့် စက်လှေကားပါ လူကူးခုံးကျော်တံတား မတ်လတွင် အသုံးပြုခွင့်ရမည် - Property News in Myanmar from iMyanmarHouse.com
16 Feb 2016 10:54 am တွင် တင်ခဲ့သည်
1519 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်း (၃)လမ်းမှတ်တိုင်အနီးတွင် စက်လှေကားပါ လူကူးခုံးကျော် တံတားကို လာမည့်မတ်လအတွင်း တွင် ပြည်သူများ စတင်အသုံးပြုဖြတ်သန်း ခွင့်ရရှိတော့မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာန တံတားတည်ဆောက်ရေး အဖွဲ့မှ သိရသည်။

''တံတားတည်ဆောက်နေတာ လတ်တလောမှာ ၇ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေ ပါပြီ။ ဒါကြောင့် မတ်လအတွင်း မှာစတင်အသုံးပြု ဖြတ်သန်းသွားလာလို့ရပါပြီ။ အဓိက ကတော့ ဒီနေရာမှာ တစ်ဖက်က ရွှေတိဂုံစေတီ၊ တစ်ဖက်က ကန်တော်ကြီးဆိုတော့ ရုံးပိတ်ရက်တွေ၊ အခါကြီးရက်ကြီးတွေဆို ကားအသွား အလာကလည်းများ တယ်။ လမ်းဖြတ်ကူးတဲ့သူတွေလည်း များပါတယ်။ ဒါ ကြောင့် ဒီစက်လှေကားပါ လူကူးခုံးကျော်တံတားကို တည်ဆောက်ပေးခြင်းက အများပြည်သူတွေ လမ်းဖြတ်ကူးတဲ့ အခါမှာ အန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်း သွားလာနိုင်မှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတံတားကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလက စတင်အကောင် အထည်ဖော် တည်ဆောက်ခြင်းဖြစ်သည်။တံတားအရှည်မှာ ၉၉ပေ၊ ယာဉ်ကင်းလွတ်ခွင့် အမြင့် ပေ ၂ဝ နှင့် လူသွားလမ်းအကျယ်မှာ ၁ဝ ပေ ၆ လက်မရှိ သည်။ အတက်ဘက်ခြမ်းများတွင် စက်လှေကားကို တပ် ဆင်ပေးသွား မည်ဖြစ်ပြီး အဆင်းဘက်ခြမ်းတွင် ရိုးရိုးလှေ ကားကို တပ်ဆင်ပေး သွားမည်ဖြစ် ရာ တံတားအတက်၊ အဆင်း လှေကားလေးခု တပ်ဆင် တည်ဆောက်ပေး သွားမည်ဟု သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် ရန်ကုန်မြို့တွင်း စက်လှေကားပါ လူကူးခုံးကျော်တံတား များကို ကမ္ဘာအေးဂမုန်းပွင့်တံတား၊ ပန်းဆိုးတန်းတံတားနှင့် ကမ်းနားလမ်းသစ်တံတားများတွင် တည်ဆောက်ပေး ပြီး ဖြစ်ရာ ယခုတည်ဆောက်လျက်ရှိသည့် ဗဟန်းလူကူး ခုံးကျော်တံတား သည် လေးစင်းမြောက်ဖြစ်သည်။

ထို့ပြင် ရိုးရိုးလူကူးခုံးကျော်တံတားများကို ဆူးလေ၊ သံဈေးအနီး နှင့် ပြည်လမ်းပေါ်ရှိ အင်းလျားလမ်းနှင့် မာလာဆောင်အနီး တို့တွင်လည်း တစ်ပြိုင်နက်တည်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service