အိမ်ခြံမြေဖြင့် ကြီးပွားတိုးတက်လိုသူများ အတွက် စကားလက်ဆောင်

အိမ်ခြံမြေဖြင့် ကြီးပွားတိုးတက်လိုသူများ အတွက် စကားလက်ဆောင် - Property News in Myanmar from iMyanmarHouse.com
11 Feb 2016 3:59 pm တွင် တင်ခဲ့သည်
7161 ကြိမ် ကြည့်ရှု့ပြီး
အိမ်အရောင်းပြုလုပ်ခြင်း မြေကွက်အရောင်းအ၀ယ်ပြုလုပ်ခြင်း၊ လယ်မြေအရောင်းအ၀ယ်ပြုလုပ်ခြင်း တိုက်ခန်းကွန်ဒိုနှင့် အိမ်ငှားရမ်းခြင်း၊ မြေငှားခြင်းများသည် ကြီးပွားချမ်းသာနိုင်သော လုပ်ငန်းတစ်ခု ဖြစ်သောကြောင့် . . .

လယ်မြေအပါအ၀င် အိမ်ခြံမြေတိုက် ခန်းကွန်ဒိုအရောင်းအ၀ယ်လုပ်ငန်းများသည် အမြတ်အစွန်းကြီးမားသောလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ အိမ်အရောင်းပြုလုပ်ခြင်း မြေကွက်အရောင်းအ၀ယ်ပြုလုပ်ခြင်း၊ လယ်မြေအရောင်းအ၀ယ်ပြုလုပ်ခြင်း တိုက်ခန်းကွန်ဒိုနှင့် အိမ်ငှားရမ်းခြင်း၊ မြေငှားခြင်းများသည် ကြီးပွားချမ်းသာနိုင်သော လုပ်ငန်း တစ်ခုဖြစ်သော ကြောင့်အိမ်၊ မြေ၊ လယ်ယာ၊ တိုက်ခန်းကွန်ဒို၊ ရောင်းဝယ်ငှားရာတွင် သတိထားရမည့်အချက်များကို ရှာဖွေလေ့လာ၍ စကားလက်ဆောင်ပါးလိုက်ပါသည်။
(၁) လက်ရှိအခြေအနေတွင် အိမ်ခြံမြေတိုက်ခန်းကွန်ဒို ဈေးများကျနေခြင်း၊ တည်ငြိမ်နေခြင်း ရှိသော်လည်း နောင်တစ်ချိန်တွင်တက်ဈေးရှိလာနိုင်မည့်အိမ်ရာမြေများကိုကြည့်တတ်မြင်တတ်ရမည်။
(၂) ယခုအချိန်တွင်အိမ်ခြံမြေတိုက် ခန်းကွန်ဒိုအရောင်းအ၀ယ်မလိုက်သော် လည်း နောင်တစ်ချိန်တွင် အကျိုးအမြတ်များများရနိုင် သည့်အခွင့်အလမ်းများ ပေါ်လာနိုင်သည်ကိုသတိထားနေရမည်။
(၃) တိုက်ခန်းကွန်ဒိုနှင့် အိမ်ခြံမြေ၊ လယ်မြေများကိုဈေးကျချိန်တွင် ၀ယ်ယူ ထားပြီး အ၀ယ်လိုက်ပြီး ဈေးတက်လာသည့်အခါ တွင်ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ်များများရနိုင်သည် ကိုသတိပြုရမည်။
(၄) လူတိုင်းစီးပွားရေးအကျပ်အတည်း နှင့်ကြုံတွေ့ရသည့်ကာလမျိုးတွင် အိမ်ခြံမြေလယ်မြေ၊ တိုက်ခန်း၊ ကွန်ဒိုများကိုဈေးသက်သာစွာဖြင့် ၀ယ်ယူထားဖို့လို သည်။ သို့မှသာဈေးကောင်းရ သည့်အချိန်တွင်ပြန်လည် ရောင်းချခြင်းဖြင့်ကြီးပွား ချမ်းသာနိုင်သည်။
(၅) အိမ်ခြံမြေလယ်မြေ၊ တိုက်ခန်း၊ ကွန်ဒိုအရောင်းအ၀ယ်လုပ်ငန်းကြီး အောင်မြင်ရန်အတွက် ငွေရေးကြေးရေး၊ ဘဏ္ဍာ ရေးအခြေအနေများ ကိုကြိုတင်စီမံခန့်ခွဲထားသင့်သည်။ သို့မှသာအခွင့်အခါကောင်း ပြီး အခြေအနေပေးလာ ပါကမြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ငွေကြေးအသင့်အတင့် ရှိနေရပါမည်။
(၆) သင်ဝယ်ယူပိုင်ဆိုင်ထားသော အိမ်ခြံမြေ၊ လယ်မြေ၊ ယာမြေ၊ တိုက်ခန်း၊ ကွန်ဒိုများကိုအသုံးပြု၍ အခြားဝင်ငွေ ဖန်တီးပေးနိုင်သည့်အိမ်ခြံမြေတိုက်ခန်း ကွန်ဒိုများကို ၀ယ်ယူထားရန်လိုအပ်သည်။
(၇) အိမ်ခြံမြေတိုက်ခန်း၊ ကွန်ဒို၊လယ်မြေတို့ကို အရောင်းအ၀ယ်ပြုလုပ် သည့်အခါရောင်းသူ တောင်းဆိုသည့်ဈေးအတိုင်း မည်သည့်အခါမျှမပေးပါနှင့် ဈေးဆစ်ပြီးဝယ်ရန် လိုသည်။ ရောင်းသူများသည်ဈေးဆစ်လျှင်ဈေးလျော့ပေး ကြသည်။ အိမ်ခြံမြေတိုက်ခန်းကွန်ဒိုရောင်း ၀ယ်သူများကလည်း ၀ယ်သူသည် ဆိုဈေး အတိုင်းမပေးဘဲဈေးလျှော့ပေးရန်တောင်း ဆိုကြပါမည်ဟု ကြိုတင်သိထားကြသည်။
(၅) အမြတ်အစွန်းရနိုင်မည့်အိမ်ခြံမြေတိုက်ခန်းကွန်ဒိုများကို ၀ယ်လျှင် စာရွက်စာတမ်းအထောက်အထားပြည့်ပြည့်စုံစုံတင်ပြနိုင်ပြီး ခိုင်မာစိတ်ချရမှ ၀ယ် သင့်သည်။
(၉) သင်သည်အပေါင်ဆုံး၍ရွေး နှုတ်ခွင့်ပိတ်ပင်ခြင်း ခံထားရသောမရွှေ့မပြောင်း နိုင်သည့်မြေနှင့်အိမ်များကိုဘဏ်များ၊ ဒေသခံအခွန်ရုံးအာဏာပိုင် များ (ဥပမာမြို့နယ်အခွန်ဦးစီးဌာန) ပြည်နယ်အစိုးရဌာနများ (ဥပမာတိုင်း ဒေသကြီး အခွန်ဦးစီးဌာနနှင့်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ) စီးပွားပျက်၍လူမွဲစာရင်း ကြော်ငြာပေးရ သည့်ရုံးများ စသည်ဖြင့် မြေရာဇ၀င်ဇစ်မြစ် နှင့်ဖြစ်ရပ်မှန်များ စုံစမ်းစစ်ဆေးပြီး သေချာမှ ၀ယ်ယူသင့်ပါသည်။
(၁၀) ဒေသခံဈေးကွက်အပြင်တစ်တိုင်းပြည်လုံးဆိုင်ရာဈေးကွက်အခြေအနေကိုလည်း သိရှိအောင်လေ့လာထားသင့်ပါသည်။ ယင်းသို့တတ်သိနားလည်ခြင်း၊ ဗဟုသုတများခြင်းသည်သင့်အတွက်ကြီးမားသောအကျိုးခံစားမှုများကိုရရှိလာနိုင်ပါသည်။
(၁၁) အသာစီးရနိုင်သောအထက်ပါ အိမ်ခြံမြေဈေးကွက်အချက်အလက်များကို ထောက်လှမ်းရယူ အသုံးပြုခြင်းဖြင့် ဆုံးရှုံး မှုမဖြစ်ပေါ်နိုင်ပါ။ ဥပမာအိမ်ခြံမြေရောင်း ချလိုသူသည် အရေးတကြီး ငွေလိုနေသလား၊ ဗိုက်နာနေသလား၊လေ့လာစုံစမ်းပြီး သေချာလျှင်အောက်ဈေးဖြင့် ၀ယ်ယူထား နိုင်သည်။ သို့သော်အလွန်အကျွံဈေးနှိမ်ခြင်းမျိုး မပြုလုပ်မိစေရန်သတိထားပါ။ ထိုသူဗိုက်နာနေကြောင်း သင်တစ်ဦးတည်း သာသိနေခြင်းမဟုတ်ပါ။ သင့်လိုအခြေအနေကိုစောင့်ကြည့်ပြီး အခွင့်အရေး အသုံးချထားမှုများလည်း ရှိနေသဖြင့်မိမိရရှိမည့်အခွင့်အရေး သူတစ်ပါးလက်တွင်ပါသွားနိုင်ပါသည်။ (ဘုရားဟော ၅၅၀ ဇာတ်တော်ထဲမှလောဘကြီးသောရွဲကုန်သည်မဖြစ်အောင်သတိရှိပါ။)
(၁၂) သင့်ဒေသသည်အိမ်ငှားရမ်းခဈေးများ မြင့် တက်နေပါကသင်၏ ငှား ရမ်းခနှင့်အကျိုးဆောင် ခများကိုလည်း ဈေးမြှင့်၍တောင်းပါ။
(၁၃) အိမ်ခြံမြေအရောင်းအ၀ယ် စီးပွားရေးလုပ်ငန်းသည်အချိန်ပြည့်လုပ်ကိုင်ဆောင်ရွက်ရသည့်လုပ်ငန်းမဟုတ်သဖြင့်အားလပ်ချိန်များတွင်အိမ်ခြံမြေအရောင်း အ၀ယ်လုပ်ငန်းတွင် အသုံးပြုမည့်ငွေကြေးများကိုအခြားစီးပွားရေးလုပ်ငန်းများ တွင်လည်း ပြောင်းရွှေ့လုပ်ကိုင်တတ်ဖို့လိုသည်။
(၁၄) အိမ်ခြံမြေအရောင်းအ၀ယ်လုပ် ငန်းအေးနေသောကာလတွင်အခြားလုပ်ငန်းတစ်ခုသို့ပြောင်းရွှေ့လုပ်ကိုင်ပါ။ သို့မှသာသင်၏ ငွေကြေးများ အိပ်မနေဘဲလည်ပတ်နိုင်ပါသည်။
(၁၅) သင်၏ အားလပ်ချိန်များတွင် အခြားလုပ်ငန်းတစ်ခုတွင် ပြောင်းရွှေ့လုပ်ကိုင်ခြင်းဖြင့် ငွေကြေးလည်ပတ်မှုရပ်ဆိုင်း သွားခြင်းမျိုးမဖြစ်နိုင်ပါ။ ထို့ကြောင့်အိမ် ခြံမြေအရောင်းအ၀ယ်လုပ်ငန်းသည် သင့်လက်ရှိလုပ်ကိုင်နေသောစီးပွားရေးလုပ်ငန်းကိုလည်း ထိခိုက်နိုင်ခြင်းမရှိသလို၊ အိမ်ခြံမြေအရောင်းအ၀ယ်လောကမှ နှုတ်ထွက်သွားရန်မလိုသည်ကိုသတိပြုပါ။
(၁၆) အိမ်ခြံမြေစီးပွားရေးလုပ်ငန်း သည်သင့်အား လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်သည့် အချိန်အထိသင်၏ ပင်မစီးပွားရေးအလုပ်မှမထွက်ပါနှင့်နေ့စဉ်အားလပ်ချိန်များတွင်သင်၏ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်ပါ။
(၁၇) သတင်းစာတွင်ပွဲစားမ လိုဟု ကြေညာ ထားသောကြော်ငြာများကိုလည်း ဂရုစိုက်၍ ရှာဖွေထားသင့်ပါသည်။ ထိုသူများသည်သင်နှင့် အရောင်းအ၀ယ်ဖြစ်လိုသူ များဖြစ်လာတတ်သည်။
(၁၈) အိမ်ခြံမြေများ၏ တန်ဖိုးသည်တည်နေရာ၊ ပတ်ဝန်းကျင်၊ အဆောက်အအုံအခြေအနေ၊ ယင်းဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့်ရှေ့အလားအလာ၊ ၀င်ငွေ စသည်တို့အပေါ်တွင်လည်း မူတည်လျက်ရှိသည်ကိုသတိပြုသင့်သည်။
(၁၉) အိမ်ခြံမြေတိုက်ခန်းကွန်ဒိုနှင့်လယ်မြေတို့၏ တန်ဖိုးများသည်တစ်ချိန်တွင်ဈေးကျနေသော်လည်း အမြဲအားဖြင့် ၎င်းင်းတို့ရှိသင့်သည့်တန်ဖိုးသို့ပြန်တက်စမြဲဖြစ်သည်။ သင့်လက်ထဲမှမြေများကိုစိတ်အပျက်ကြီးပျက်ကာဈေးမလျှော့လိုက်ပါနှင့် ““စိတ်ရှည်၊ ဇွဲသန်၊သည်းညည်းခံ၊ ရောင်းရန်အိမ်ခြံမြေ””ဟူသောဆောင်ပုဒ်ကလေးအတိုင်း စိတ်ရှည်ရှည်ထားနိုင်ခြင်း သည်။ အိမ်ခြံမြေအရောင်းအ၀ယ်စီးပွား ရေးလုပ်ငန်းဖြင့်ကြီးပွားတိုးတက်နိုင်ပါသည်။
(၂၀) မိမိပိုင်မြေကွက်ပေါ်တွင်အဆောက်အအုံဆောက် လုပ်သည့်အခါမြို့နယ်၊ ရပ်ကွက်၊လမ်းအခြေအနေ အရနယ်မြေကိုလိုက်၍ထိုက်သင့်သလောက်သာဆောက်လုပ်ပြင်ဆင်သင့်ပါသည်။ ဆွဲဆောင်မှုရှိအောင်ပြင်ဆင်ခြင်းမျိုးသာပြုလုပ်ပါ။ လိုအပ်သည်ထက်ပို၍ပြုပြင်မွမ်းမံခြင်းအကုန်အကျခံခြင်းမပြုလုပ်သင့်ပါ။
(၂၁) သင်၏ အသိုင်းအ၀ိုင်းများထဲမှာ မိတ်ဆွေတစ်ဦးဦးကဗိုက်နာ၍ အရေး တကြီးရောင်းချလိုသူများနှင့်ကြုံတွေ့သည့်အခါထိုသူထံမှအိမ်ခြံမြေတိုက်ခန်းများ ကိုပေါပေါလောလောဖြင့် ၀ယ်ယူရရှိနိုင်သည်ကိုလည်း သတိပြုသင့်ပါသည်။
(၂၂)သင့်အား အငိုက်ဖမ်း၍အရောင်း အ၀ယ်၊ အပေးအယူပြုလုပ်သူများနှင့်တွေ့လျှင်သတိထားပါ။ လောဘကြီးလျှင်အလိမ်ခံရတတ်သည်။ ထို့အတူငွေကြေး တန်ဖိုးကြီးမားသော အရောင်းအ၀ယ်ပစ်္စည်း များနှင့်ပတ်သက်၍နှစ်ရှည်ထား၍အကြေပေးဆပ်ရန်ကတိကိစ်္စမျိုးကိုအလွယ်တကူမပေးပါနှင့်ရှောင်ကြဉ်ပါ။ မိမိကိုယ်မိမိမည်သူမျှအစိုးမရနိုင်၍ဖြစ်သည်။
(၂၃) အိမ်ခြံမြေတိုက်ခန်းကွန်ဒိုနှင့် လယ်ယာမြေအရောင်းအ၀ယ်လုပ်ငန်းများ သည်သည်းခံအောင့်အီးနိုင်လျှင်အချိန်တိုအတွင်းကြီးပွားတိုးတက်နိုင်သည်ကိုသတိပြုသင့်သည်။
(၂၄) အိမ်ခြံမြေစီးပွားရေးအကျိုး ဆောင်ကုမ္ပဏီ တည်ထောင်ထားပြီး သင် ၏ အားလပ်ချိန်များတွင် အိမ်ခြံမြေစီမံခန့်ခွဲမှုနှင့် အိမ်ခြံမြေဗဟုသုတစာပေပညာ များကိုသင်ယူလေ့လာထားသင့်သည်။
(၂၅) အိမ်ခြံမြေတွင်အခရာကျသည့် အဓိကကျသည့် အချက်များကိုရှာကြံလေ့လာထားသင့်သည်။ (ဥပမာ - အရောင်း အ၀ယ်ပြုလုပ်မည့် မြေနှင့်အိမ် အဆောက်အအုံမှာအရည်အသွေးကောင်းမွန်ခြင်း အချက်အချာကျခြင်း၊ သွားလာမှုလွယ်ကူခြင်း၊ ဈေးဝယ်ရန် လွယ်ကူခြင်း၊ ကျောင်း နှင့်နီးခြင်း၊ ပတ်ဝန်းကျင်ကောင်းခြင်း၊ ကျယ်ဝန်းသပ်ရပ်မှုရှိခြင်း ရာဇ၀တ်မှု ကင်းရှင်းပြီး ရပ်ကွက်အေးချမ်းသာယာခြင်း တို့ကိုလည်း ကြိုတင်လေ့လာထားသင့်သည်။
(၂၆) သင်သည်အိမ်ခြံမြေစီးပွားရေး လုပ်ငန်းဖြင့်အခြား သူတစ်ပါးတို့ကဲ့သို့ကြီးပွားချမ်းသာ တိုးတက်လာနိုင်သဖြင့် အိမ်ခြံမြေအရောင်းအ၀ယ်ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အေးသည်ဖြစ်စေ၊ နှေးသည်ဖြစ်စေ၊ အိမ်ခြံမြေအရောင်း အ၀ယ်လုပ်ငန်းနှင့် မျက်ခြေမပြတ်လေ့လာနေထိုင်သင့်ကြောင်း ဆရာအောင်နိုင်မြင့် ၏ မြို့ပြမြေယာဈေးကွက်ဆွဲဆောင်မှုများ စာအုပ်မှထုတ်နှုတ်ရှာဖွေအကြံပြုတင်ပြလိုက်ပါသည်။

ခေတ္တရာမြင့်အောင် LLB, DML မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service