မန္တလေးမြို့ ဧရာဝတီ မြစ်ကမ်းနားလမ်းရှိ ကျူးကျော် များအတွက် အငှားအိမ်ရာများ ငှားရမ်းခွင့်ရရန် လျှောက်
လွှာ ၁,၈၀၀ ကျော် လျှောက်ထားခဲ့ပြီး ငှားပေးနိုင်သည့် အခန်းအရေအ တွက်ထက် ကျော်လွန်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေး ကော်မတီမှ သတင်းရရှိ သည်။
စုစုပေါင်း ငှားရမ်းပေးနိုင် မည့် အခန်းအရေအတွက်မှာ ၁,၅၈၄ ခန်းဖြစ်ပြီး လျှောက်လွှာ ပေါင်း ၁,၈၉၃ စောင်ရရှိထား၍ ဦးစီး ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီစီမံရေးရာဌာန ဌာနမှူး ဦးလှမျိုးက ပြောသည်။
‘‘ဘယ်လိုမဲနှိုက်မလဲ၊ ဘယ် လိုစစ်ထုတ်မလဲဆိုတာ ဦးစီးကော်မတီက ဆုံးဖြတ်မှာပါ’’ဟု ဌာနမှူးဦးလှမျိုးက ပြောသည်။
အငှား အိမ်ရာများသည် ဧရာဝတီမြစ်ဆိပ်နေ ကျူးကျော်နေထိုင်သူများအတွက် ရည်ရွယ် ဆောက်လုပ်ခြင်းဖြစ်သော်လည်း ကျူးကျော် နေထိုင်သူ အချို့က ငှားရမ်းခ မတတ်နိုင်၍ ငှားရမ်း နေထိုင်ခြင်းမပြုလိုကြောင်း စာ နယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။
‘‘စားဖို့တောင် အနိုင်နိုင်ဆို တော့ တစ်လသုံးသောင်းကြီးမ ပေးနိုင်ဘူး။ တစ်လတစ်သောင်းခွဲ လောက်ဆိုရင်တောင် မနည်းရှာ ပေးရမှာ’’ဟု ကမ်းနားလမ်းတွင် ကျူးကျော်နေထိုင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။
အငှားအိမ်ရာများကို တစ် လလျှင် သုံးသောင်းကျပ်ဖြင့် မတ် လအတွင်း စတင်ငှားရမ်းပေးနိုင် ရန်စီစဉ်နေပြီး ကမ်းနားလမ်းတစ် လျှောက်ရှိ ဆိပ်ကမ်းမြေ၊ အစိုးရ မြေ၊ စည်ပင်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိ သော မြေများ၌ ယာယီတဲများဖြင့် နေထိုင်၍ ကာယ လုပ်အားဖြင့် အသက်မွေးသူ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ဧည့်စာရင်း တိုင်ကြားနေထိုင် သည့် မိသားစုများဖြစ်ရမည်ဖြစ် ကာ မှတ်ပုံတင်နှင့်အိမ်ထောင်စု ဇယားများ တင်ပြနိုင်ရမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါအငှားအိမ်ရာတိုက် ခန်းများမှာ ပေ ၁၀×၂၀ တိုက်ခန်း များဖြစ်ပြီး ၁၂ ခန်းတွဲခြောက်ထပ် ပါ တိုက်အလုံးပေါင်း ၂၂ လုံး တည်ဆောက်ထားသည်။ တိုက် ခန်းစုစုပေါင်း၁,၅၈၄ခန်းရှိပြီး ရေချိုးခန်း၊ ရေလောင်းအိမ်သာနှင့်အမှိုက်စွန့်ပစ်မှု စနစ်များ ပါဝင် သည်။
၂၀၁၄ ဒီဇင်ဘာ ၅ ရက်က ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် နော်ဝေးဘုရင်လာရောက်စဉ် ဂေါဝိန်ဆိပ်ကမ်းမှ ကျူးကျော်နေထိုင် သူများကို မန္တလေးမြို့တော်စည် ပင်က ဖယ်ရှားခဲ့၍ ဝေဖန်မှုများ ကြုံတွေ့ခဲ့ရပြီးနောက် အငှားအိမ် ရာစီမံကိန်းကို စတင်ခဲ့ခြင်းဖြစ် သည်။
Credit: 7Daydaily