ရွှေလင်ပန်း တန်ဖိုးနည်းတိုက်ခန်းမဲပေါက်သူ ၈၀ ကျော် ဆက်သွယ်ခြင်း မရှိသေး

ရွှေလင်ပန်း တန်ဖိုးနည်းတိုက်ခန်းမဲပေါက်သူ ၈၀ ကျော် ဆက်သွယ်ခြင်း မရှိသေး - Property News in Myanmar from iMyanmarHouse.com
11 Feb 2016 9:58 am တွင် တင်ခဲ့သည်
2477 ကြိမ် ကြည့်ရှု့ပြီး
လှိုင်သာယာမြို့နယ်အတွင်းရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် တိုက်ခန်းဝယ်ယူခွင့် လျှောက်ထားသူများကို မဲစနစ်ဖြင့် ၂၀၁၄ခုနှစ် နိုဝင်ဘာလကတည်းက ရောင်းချ
ထားပြီးဖြစ်သော် လည်း အခန်းဝယ်ယူခွင့်ရရှိထားသူ ၈၀ ကျော်မှာ ယနေ့အချိန်အထိ လာရောက်ဆက်သွယ်ခြင်း မရှိသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းအောင်အေးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။

"တိတိကျကျ ပြောရရင် ၈၁ ယောက်ရှိပါ တယ်။ အခုထက်ထိ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာက အခန်းကို ၀ယ်ခွင့်ရပေမယ့် လာရောက်မဆက်သွယ်သေးပါဘူး။ ဒီအခန်းတွေ ဘယ်လိုပြန်လုပ်မလဲ ဆိုတာတော့ လူကြီးပိုင်းတွေ စဉ်းစားနေဆဲ ဖြစ်ပါတယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကပဲ စီမံဆောင် ရွက်ဖို့များပါတယ်။ မဲနှိုက်မဲပေါက်ပေမယ့် လည်း ကနဦးပေးသွင်းငွေ မပေးနိုင်တာရယ်၊ ဘဏ်မှာငွေချေးဖို့ ဆိုတာကလည်း ဘဏ်က ၀င်ငွေရပေါက်ရလမ်း စိစစ်ပြီးမှ ချေးတာဖြစ် တဲ့အတွက် အဆင်မပြေလို့ မဆက်သွယ်တာ လည်း ဖြစ်နိုင်တယ်"ဟု ၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း တည်ဆောက် ထားသည့် အခန်းပေါင်း ၅၇၆ ခန်း ပါဝင်သည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ဖြင့် မဲနှိုက်ရောင်းချခြင်းကို အခန်းဝယ်ယူခွင့် လျှောက်ထားခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစား ၀န်ထမ်းများအတွက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လည်းကောင်း၊ ကုမ္ပဏီဝန်ထမ်းများနှင့် ပြင်ပကလာရောက် လျှောက်ထားသူများအတွက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးက ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အများပြည်သူအိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ဟူသောရည်ရွယ်ချက်ဖြင့် ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၂၀၁၂ျွ ၁၃ ဘဏ္ဍာနှစ်တွင် တည်ဆောက်ခဲ့ပြီး ၂၀၁၄ျွ၁၅ ဘဏ္ဍာနှစ်တွင် အများပြည်သူကို မဲနှိုက်စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ရောင်းချပေးခဲ့သည်။ အခန်းပေါင်း ၅၇၆ ခန်းအနက် အိမ်ခန်း လေးခန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အသုံးပြုနိုင်ရန် ရယူ၍ အများပြည်သူသို့ အခန်းပေါင်း ၅၇၂ ခန်း ရောင်းချခဲ့သည်။ Steel structure ဖြင့် ဆောက်လုပ်ထားသည့် မြေညီ ထပ်အခန်းများကို ကျပ်သိန်း ၁၂၀၊ ပထမ ထပ် ကျပ် ၁၁၅ သိန်း၊ ဒုတိယထပ် ကျပ် ၁၁၃ နှင့် တတိယထပ်ကို ကျပ်သိန်း ၁၁၀ ဖြင့် သတ်မှတ်ရောင်းချပေးခဲ့သလို ကွန်ကရစ် ဖြင့် ဆောက်လုပ်ထားသည့် မြေညီထပ်အခန်း များကို တစ်ခန်းလျှင် ကျပ် ၁၂၅ သိန်း၊ ပထမထပ် ၁၂၂ သိန်း ၊ ဒုတိယထပ် ၁၁၉ သိန်း နှင့် တတိယထပ် ၁၁၆ သိန်းဖြင့် လက်ငင်းငွေ ချေစနစ်၊ လေးလလေးရစ် ငွေချေစနစ်တို့ ဖြင့် ရောင်းချပေးခဲ့သည်။

အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ငွေချေးစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် ၀ယ်ယူမည်ဆိုပါက တိုက်ခန်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းရ မည်ဖြစ်ပြီး ကျန်ငွေ ၇၀ ရာခိုင်နှုန်းကို ရှစ်လ အရစ်ကျစနစ်ဖြင့်ပေးချေရမည် ဖြစ်သည်။ အိမ်ခန်းတန်ဖိုးကို ကျပ်သိန်း ၁၂၀ သတ်မှတ် ထားသည့်အတွက် ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းမှာ ကျပ် ၃၆ သိန်း ကျသင့်မည် ဖြစ်သည်။

အခန်းဝယ်ယူခွင့် ရရှိထားသူ ၅၇၂ ဦး အနက် တိုက်ခန်းဖိုး ကျပ် သိန်း ၁၂၀ ကို တစ်လုံးတစ်ခဲငွေပေးသွင်းနိုင်သူ ၂၀၊ လေးလ အရစ်ကျပေးသွင်းစနစ်ဖြင့် ပေးသွင်းသူ ၁၆၅ ဦး၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ နှစ်ရှည်ချေးငွေ စနစ်ဖြင့် ၀ယ်ယူပေး သွင်းနေသူ ၃၀၆ ဦး ရှိသည်ဟု သိရသည်။

အိမ်ခန်းဝယ်ယူခွင့် ရရှိထားသူ အများစု မှာ အမှန်တကယ် နေထိုင်ခြင်း မရှိဘဲ တစ်ဆင့် ပြန်လည် အငှားချထားနေကြရာ လက်ရှိတွင် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာမှ မြေညီထပ် အခန်းတစ်ခန်းလျှင် တစ်လငှားရမ်းခကျပ် တစ်သိန်း၊ ပထမထပ် အခန်းတစ်ခန်း ကျပ် ခုနှစ်သောင်းနှင့် ဒုတိယထပ် အခန်း တစ်ခန်း ကျပ်ခြောက်သောင်းနှင့် တတိယထပ် အခန်းတစ်ခန်း ကျပ်ငါးသောင်းနှုန်း ဈေးပေါက်နေသည်ဟုသိရသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service