သတိမူရန် မေ့လျော့နေဆဲ ဖြစ်တဲ့ မြေငလျင်အန္တရာယ်

သတိမူရန် မေ့လျော့နေဆဲ ဖြစ်တဲ့ မြေငလျင်အန္တရာယ် - Property News in Myanmar from iMyanmarHouse.com
10 Feb 2016 11:14 am တွင် တင်ခဲ့သည်
4473 ကြိမ် ကြည့်ရှု့ပြီး
မြေငလျင် လို့ဆိုလိုက်တာနဲ့ ဘယ်အချိန်လှုပ်မယ် ၊ ဘယ်နေရာမှာ လှုပ်မယ် ၊ ဘယ်လောက်ပြင်းအားနဲ့လှုပ်မယ်ဆိုတာကို အတိအကျ ခန့်မှန်းနိုင်တဲ့ နည်းပညာတွေ ယနေ့ကမ္ဘာမှာ မပေါ်သေးတဲ့ အတွက် အလွန်အင်မတန်ခန့်မှန်း တွက်ချက်ရခက်ခဲတဲ့ ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။

ပြတ်ရွှေ့ကြောင်းတွေ ၊ ကျောက်လွှာတွေရဲ့လှုပ်ရှားမှု ၊ မြေအောက်က ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တစ်ခု အဖြစ်လောက်ဘဲ လူတွေ တော်တော်များများက သတိပြုကြပေမယ့် အင်အားပြင်းထန်းတဲ့ တွန်းတိုက်လှုပ်ရှားမှု ဖြစ်လာခဲ့ရင်တော့ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကုန်းကောက်စရာ မရှိအောင် ဖျတ်ဆီးနိုင်တာကိုတော့ ပြည်သူအများက သတိမထားမိဘဲ နေတက်တဲ့ လူတွေက အများစု ဖြစ်နေပါတယ် ။

ယနေ့အချိန်ထိလည်း ဘယ်လောက်ဘဲ နည်းပညာတွေ ကောင်းမွန်နေပါစေ ၊ငွေကြေးဓန တွေ အရမ်းချမ်းသာတဲ့ နိုင်ငံကြီးတွေ တောင်မှ ငလျင် ဘယ်အချိန်လှုပ်မယ် ၊ ဘယ်လောက်ပြင်းအားနဲ့ လှုပ်မယ် ဆိုတာ ကြိုတင်ခန့်မှန်းထားနိုင်ခြင်း မရှိတဲ့ အတွက် ဂျပန်နိုင်ငံလို့ ပစိဖိတ်ရပ်ဝန်းမှာ ရှိပြီး ချမ်းသာတဲ့ နိုင်ငံ မှာတော့ အဆောက်အအုံတွေကို အတက်နိုင်ဆုံး ငလျင်ဒဏ် ခံနိုင်အောင် ဆောက်လုပ်လာကြ တာ တွေ့ရပါတယ်။

မြေအောက်က ကျောက်လွှာထုတွေ အချင်းချင်း ကြားမှာ ဘေးတိုက် ပွတ်တိုက်မှု တွေ အထက်အောက်တွန်းလိုက် ရွေ့လိုက်နဲ့ ကစားနေတယ့် မြေအောက်က ကျောက်လွှာတွေရဲ့ သာမန် လှုပ်ရှားမှု တစ်ခုလို့သာ ကျောင်းသင်ခန်းစာတွေ မှာ သင်ကြားဖူးပါတယ်။ ဘူမိဗေဒ ပညာရှင်တွေ ၊ ငလျင်ကျွမ်းကျင်ပညာရှင်တွေက ခေတ်အဆက်ဆက်မှာ လှုပ်ရှားခဲ့တဲ့ အင်အားပြင်းငလျင် ကြီးတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းမှတ်ရာတွေကို လည်း ပြန်လည်တွက်ချက်လေ့လာပြီး ဒီကျောက်လွှာချပ်ကတော့နှစ်ဘယ်လောက် အတွင်းမှာ ဘယ်နှစ်ကြိမ် လှုပ်ခတ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေ ကို ကြည့်ပြီးခန့်မှန်းမှုဘဲ လုပ်နိုင်ပါတယ် ။

ရန်ကုန်မြို့က အဆောက်အအုံ တော်တော်များများရဲ့ ကြံ့ခိုင်မှုတွေကလည်းမြေ ငလျင်ပြင်းအား ရက်ချက်တာစကေး ဘယ်လောက်အထိ ခံနိုင်တယ် ဆိုတာကလည်း အင်မတန်ခက်ခဲတဲ့ ပုစ္ဆာတစ်ခုဖြစ်ပြီး ပညာရှင်တွေ အကြားမှာလည်း မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်၊ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က စပြီးလူနေအဆောက်အအုံ တွေကို အများအပြား ဆောက်လုပ်ခဲ့ကြတယ် ဆိုပေမယ့်လည်း အများအားဖြင့် ကတော့ သာမန်မြေတူးပြီး အဆောက်အအုံ အထပ်အမြင့်အလိုက် ဖောင်ဒေးရှင်း အတိမ်အနက်ကို တွက်ချက်ပြီး အဆင်ပြေသလို ဆောက်ခဲ့ ကြတာဖြစ်ပါတယ် ၊ ပိုင်တိုင်ရိုက်သွင်းခြင်း ၊ ဘိုးပိုင်တူးပြီး ဆောက်ရတဲ့ စနစ်တွေကို လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ခန့်က ဆိုရင် နာမည်ကြီး အဆောက်အအုံ တစ်ချို့ကလွှဲပြီး နည်းပညာနဲ့ ဈေးနှုန်းမြင့်မား မှုအခြေအနေကြောင့် လူတော်တော်များများက မသုံးနိုင်တာ ကို တွေ့၇မှာဖြစ်ပါတယ်။

မြေမျက်နှာပြင် အမျိုးမျိုး ၊ မြေရဲ့ခံနိုင်ဝန်အား အမျိုးမျိုး ပေါ်မှာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေ ရဲ့ကြံ့ခိုင်မှု အတွက်ကြောင့်လည်း အခုနောက်ပိုင်းမှာ ရန်ကုန်စည်ပင်ယာအုံက နေ ရှစ်ထပ်အထပ် အဆောက်အအုံ တွေဆောက်ရင် မဖြစ်မနေ ပိုင်ရိုက်သွင်းဖို့ ၊ ဒါ့အပြင် ပိုင်ရိုက်သွင်းတဲ့ လုပ်ငန်းလုပ်မယ့် ကုမ္မဏီတွေရဲ့ အရည်အသွေး ၊ စီစစ်မှု တွေ၊ ပိုင်တိုင် အရည်အသွေး စိတ်ချရမှု တွေ အတွက် ၀န်ဆောင်မှု ပေးနေတဲ့ ပိုင်တိုင်လုပ်ငန်း လုပ်တဲ့ ကုမ္မဏီတွေကို လိုင်စင်ထုတ်ပေးနေရတဲ့ အခြေအနေ ကို ရောက်လာပါပြီ ၊ အထပ်မြင့် အဆောက်အအုံတွေကို စီစစ်နေတဲ့ ပညာရှင် တစ်ယောက်ကဆိုရင် အခုလို ပိုင်စနစ်တွေကို စီစစ်တာဟာ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်ထက် နောက်တောင် ကျနေပြီလို့ မှတ်ချက်ပြုထားပါတယ်။

အရှေ့တောင်အာရှရဲ့ အဓိက ကျောက်လွှာချပ်ကြီးဖြစ်တဲ့ အင်ဒိုယူရေးရှား ကျောက်လွှာချပ်နှင့် သြစတြေးလျ ကျောက်လွှာချပ်နှစ်ခုရဲ့ တိုးဝင်ဇုန် နှစ်ခုအပေါ်မှာ မြန်မာနိုင်ငံတည်ရှိနေတဲ့အပြင် နာမည်ကျော် သက်ရှင် ပြတ်ရွေ့ကြီးတစ်ခုဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့ကြီးကလည်း မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့ကြီးတော်တော်များများကို ဖြတ်သန်းတည်ရှိနေတဲ့ အတွက် နေ့စဉ်နဲ့ အမျှ မြေငလျင်လေးတွေ လှုပ်နေပေမယ့်လည်း ကျွန်တော်တို့ သတိထားမိလိုက်တဲ့ အရှိန်အထိ ပြင်းအားမရှိတာကြောင့် ငလျင်ကြီး တစ်ချို့ကလွဲလို့ ငလျင်ငယ်လေးတွေကို ကျွန်တော်တို့ သတိမထားမိလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပညာရှင်များရဲ့ ပြုစုထားတဲ့ မှတ်တမ်းမှတ်ရာတွေ အရလည်း နှစ် ၁ဝဝ အတွင်းမှာ တစ်ကြိမ်လောက်ထိ အင်အားပြင်းငလျင် တစ်ကြိမ် ပြန်လှုပ်တတ်တဲ့ အလေ့အထ ရှိပြီး စစ်ကိုင်းပြတ်ရွေ့ကြီးက တော့ ပိုပြီး သတိထားစောင့်ကြည့်ဖို့ ပညာရှင်တွေ ကတိုက်တွန်းထားပါတယ်။
““ ငလျင်ဘယ်အချိန်လှုပ်မယ် ၊ဘယ်လောက်ပြင်းအားရှိမလဲ ဆိုတာတော့ ခန့်မှန်းလို့မရပါဘူး ၊ ငလျင်နဲ့ ပက်သက်ပြီး ငလျင်လှုပ်ခဲ့ရင် ဘယ်လို ပြုမူနေထိုင်ရမလဲ ဆိုတဲ့ ဆောင်ရန်ရှောင်ရန် တွေကိုတော့ လေ့လားထားဖို့ လိုပါတယ် ”” ဆိုပြီး မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင်ဌာနခွဲမှ ဦးစီးအ၇ာရှိ ဦးထွန်းလင်းကျော်က လည်း မီဒီယာ တွေကို ဖြေကြားထားတဲ့ အတွက် လူတော်တော်များများ သတိမမူမိတဲ့ မြေငလျင် အန္တရယ်ကို မီးမောင်းထိုးပြလိုက်သလို ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့အထင်ရှားဆုံးသက်ရှင်ပြတ်ရွေ့ဖြစ်တဲ့ စစ်ကိုင်ပြတ်ရွေ့ကြီးဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်း မိုးကောင်းမိုးညှင်းဒေသကနေပြီး နိုင်ငံတောင်ဘက်ပိုင်း ပင်လယ်ပြင်ကြီးအထိကို ရှည်လျားတဲ့ အပြင် သူရဲ့လှုပ်ခတ်မှု့ကြောင်လည်း နာမည်ကျော်ရေခါး အင်းကြီး ဖြစ်လာရတာ ဖြစ်ပါတယ်။
စစ်ကိုင်းမြို့ ၊ မန္တလေးမြို့ ၊ နေပြည်တော် ၊ ပဲခူးမြို့ဆိုရင် စစ်ကိုင်းပြတ်ရွေ့ကြီးပေါ်မှာ ရှိနေတဲ့ မြို့တွေဖြစ်တဲ့ အပြင် ငလျင်အန္တရယ် ဘယ်လောက်ကြီးမကြီးဆိုတာကိုလည်း ပဲခူးရွှေမောဓော စေတီက ငှက်ပျောဖူးကြီး မြေခခဲ့တာကို ယနေ့ထက်တိုင် နောင်လာနောင်သားတွေ တွေ့မြင်နိုင်ရဆဲဖြစ်ပါတယ်။

ပဲခူးငလျင်ကြောင့် ရွှေမော်ဓောစေတီတော် ငှက်ပျောဖူး မြေခခဲ့ရရှာတဲ့ ရွှေမော်ဓောစေတီတော် ရင်ပြင်တော်တွင် ယနေ့ထိတိုင် တွေ့မြင်နေရမှာဖြစ်သလို အဲဒိအချိန်က လှုပ်ခတ်ခဲ့တဲငလျင်ရဲ့ပြင်းအား ၊ ပျက်စီးဆုံးရှုံးမှုကိုလည်း တွက်ဆခန့်မှန်းနိုင်မှာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ဇန်န၀ါရီလ ၄ ရက် ( လွတ်လပ်ရေးနေ့ ) အိန္ဒိယ နိုင်ငံ အင်ဖာမြို့ကိုလှုပ်ခဲ့တဲ့ ငလျင်က ပြတ်ရွေ့ကျောက်ချပ်နှစ်ခု လှုပ်ရှားသွားတာ ဖြစ်ပြီး ဇန်န၀ါရီလ ၁၂ ရက်နေ့ မှာ ရန်ကုန်မြို့ရဲ့တောင်ဘက် လက်ခုပ်ကုန်းကမ်းခြေ တစ်ဝှိက် ပင်လယ်ပြင်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကတော့ နာမည်ကျော် စစ်ကိုင်ပြတ်ရွေ့ကြီး ရဲ့ အောက်ဖျားပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဖြစ်ပါတယ် ၊ ငလျင် ရဲ့ သဘောသဘာဝ အရလည်း ငလျင်ကြီး တစ်ကြိမ် လှုပ်ခတ်ပြီးတိုင်းနောက်ဆက်တွဲငလျင် ငယ်လေးတွေ လှုပ်ခတ်တက်ပါတယ်။

ငလျင်နှစ်ခုလုံးရဲ့ လှုပ်ခတ်မှု ဒဏ်ကို ရန်ကုန်မြို့က မြို့နယ်တစ်ချို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းက မြို့ကြီးတစ်ချို့ မှာနေတဲ့ သူတွေ သိရှိခံစားလိုက်ရပေမယ့် အသေအပျောက် ၊ အပျက်အစီး မရှိပေမယ့်လည်း တိုက်ခန်းနေသူ တစ်ချို့ ကတော့ အနည်းနဲ့ အများဆိုသလို စိုးရိမ်စိတ်တွေ ဖြစ်ပေါ်ခဲ့၇ပါတယ်။

““ ငလျင်လှုပ်တဲ့ အချိန်မှာကျွန်တော်နေတဲ့ ရှစ်လွှာ အပေါ်ဆုံးထပ်က ပုခက်လွှဲသလိုကြီး နှစ် ကြိမ်လောက်ဖြစ်သွားတော့ အောက်ကို အမြန်ဆင်းပြေးလာတာ ၊ အင်အားနည်းလို့သာပေါ့ ၊ အင်အားများ ပြင်းရင် မချောင်ဘူး ””ဆိုပြီးတာမွေ မြို့နယ် ကျောက်မြောင်းရပ်ကွက်မှာ ကိုသီဟသူကလည်း ယခုနှစ်နှစ်ဆန်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင် နဲ့ ပက်သက်ပြီး သူ့အတွေ့အကြုံကို ပြောပြပါတယ် ။

မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက် ၁၉၇၅ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ပုဂံ-ညောင်ဦးဒေသ က မြေငလျင် ဆိုရင်လည်း အင်အား ၆ ဒသမ ၈ ရစ်ခ်ျတာစကေး ပြင်းအားရှိတဲ့ အတွက် မြန်မာ့ ရဲ့အမွေအနှစ် သမိုင်းဝင် ရှေးဟောင်း စေတီပုထိုးတွေ အများကြီး ပျက်စီးခဲ့ရပါတယ် မြေငလျင် လှုပ်ခြင်းမှာ မြေမျက်နှာပြင်အောက်ရှိ ကျောက်များ ရုတ်တရက် ကျိုးပြတ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ် လာသော မြေသား လျင်မြန်စွာ တုန်ခါမှုများက မြေပေါ်မှာ ရှိတဲ့ အဆောက်အအုံ တွေ ၊ ကို လှုပ်ခါလိုက်သလို ဖြစ်တဲ့အတွက် ငလျင်ပြင်းအား မြင့်မားတာ ၊ ငလျင်ဗဟိုချက်မ က မြို့တွေရဲ့ အဝေးအနီးပေါ်မူတည်ပြီး အနည်းနဲ့ အများဆိုသလို ပျက်စီးဆုံးရှုံးမှု တွေရှိပါတယ် ။

ငလျင်ကို မြေထုချပ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်သော ငလျင်၊ မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်သော ငလျင် နှင့် လူလုပ်ငလျင်ဟု သုံးမျိုးခွဲခြားထားပြီး မြေထု လှုပ်ရှားမှု ကြောင့် ဖြစ်ပေါ်သောငလျင်မှာ အဖြစ်အများဆုံး၊ပျက်စီး ထိခိုက်မှု အများဆုံးနှင့် ခန့်မှန်းရ အခက်အခဲဆုံးမြေငလျင် ဖြစ်ပါတယ်
နှစ်ပေါင်း ၈ဝ ကျော်ကြာအထိ အင်အား ၇ ရစ်ခ်ျတာ စကေးအဆင့်ရှိ အင်အားပြင်းငလျင်မျိုး ထပ်မလှုပ်သေးတဲ့ အတွက်လည်း မြေငလျင် အန္တရယ် နဲ့ ပက်သက်ပြီး စောင့်ကြည့်ဖို့လိုတယ်လို့ ပညာရှင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ် ။

အဓိကငလျင်ကြောကြီးများဖြစ်သော စစ်ကိုင်း ငလျင်ကြော၊ ရခိုင်ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ သံလွင်ငလျင်ကြောနှင့် ဟူးကောင်း ငလျင် ကြောဆိုပြီး ငလျင်ကြောငါးခု နဲ့ စပ်ဆပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ သဘာဝဘေးအန္တရာယ် အနေဖြင့် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်နိုင်တာကတော့ သက်ရှင် စစ်ကိုင်း ပြတ်ရွေ့ကြောဘဲဖြစ်ပါတယ်။
မြန်မာသမိုင်းမှာ ငလျင်နဲ့ ပက်သက်ပြီး မှတ်တမ်းတွေ အရပြောရမယ်ဆိုရင်လည်း မှာ ၁၈၃၉ ခုနှစ်မှာ လှုပ်ခဲ့တဲ့ အင်းဝငလျင်၊ ၁၉၂၇ တွင်လှုပ်ခဲ့တဲ့ ပဲခူးငလျင်၊ ၁၉၃ဝ ပြည့်နှစ်တွင် ဒုတိယ အကြိမ်လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်နှင့် ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့တဲ့ ပုဂံငလျင်ကတော့ အပျက်အစီး အများဆုံးနဲ့ ဆုံးရှုံးမှု အကြီးမား ဆုံးဖြစ်တယ်လို့ဆိုထားပါတယ်။

မြေအောက်မှာ ရှိတဲ့ ကျောက်လွှာချပ်တွေရဲ့ လှုပ်ရှားမှုကို မမြင်နိုင်ပေမယ့် ငလျင်လှုပ်ခတ်လို့ ရှိရင် ဖြစ်ပေါ်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးမှု တွေနည်းသထက် နည်းအောင် အဆောက်အအုံတွေကို စနစ်တကျနဲ့ ခိုင်ခိုင်ခံ့ခံ့ အရည်အသွေး မီ ဆောက်လုပ်ထားသင့်သလို ၊ အင်အားအတော်အသင့်ထိ လှုပ်ခတ်တဲ့ ငလျင်ဒဏ် ခံနိုင်တဲ့ နည်းပညာမြင့် ဆောက်လုပ်ရေး စနစ်တွေ ကို ငွေကုန်ကြေးကျများသည့် တိုင်အောင် ထည့်သွင်းတည်ဆောက်ထားဖို့လိုပါတယ်။ အဆောက်အအုံ ဒီဇိုင်းပိုင်းအရလည်း အရေးပေါ် အခြေအနေ ဖြစ်လာရင် အလျင်အမြန် ထွတ်ခွာနိုင်တဲ့ အရေးပေါ် ထွတ်ပေါက်တွေကိုလည်း တပ်ဆင်ထားပေးဖို့လိုပါတယ်။ ငလျင်ဘယ်အချိန်လှုပ်မယ် ဆိုတာ မသိတဲ့ အတွက် စိုးရိမ်စရာ မလိုဘူးဆိုပေမယ့် ကြိုတင်ပြင်ဆင်ထားနိုင်တာ နဲ့ အမျှ မိမိဘ၀ရဲ့ အသက်အိုးအိမ် လုံခြုံစိတ်ချရမှု အတွက်လည်း အတက်နိုင်ဆုံး စိတ်အေးချမ်းသာမှာဖြစ်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service