လက်ရှိအချိန်တွင်နိုင်ငံတော်မှဖော်ဆောင်လျက်ရှိသည့်အိမ်ရာစီမံကိန်းများ သည်လည်း အခြေခံလူတန်းစားများ ၀ယ် ယူနိုင်ရန် အလှမ်းကွာဝေးနေဆဲ ပင်ဖြစ်
မန္တလေးမြို့၏ မြေဈေးကွက်သည် ၂၀၁၅ တစ်နှစ်လုံးနီးပါး အရောင်းအ၀ယ် ဖြစ်မှုနည်းပါးခဲ့ရာ ကနှစ်ကုန်ပိုင်းတွင် ပြန်လည်လှုပ်ခတ်စပြုလာပြီ ဟုဆိုသော်လည်း အမှန်တကယ်နေထိုင် မည့်သူများ သာ စိတ်ဝင်စားမှုမြင့်မားနေသည့် ဈေးကွက်မျိုး ဖြစ်လာသည်ဟု ဈေးကွက်အတွင်းမှသိရသည်။
လက်ရှိမြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေး ကွက် အရောင်းအ၀ယ်များသည် ယခင်နှစ်ကအခြေအနေ ဖြင့်နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားပြီး ပြည်တွင်း အိမ်ခြံမြေဈေးကွက် ကျဆင်းလာရခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်း နှင့်အိမ်ခြံမြေဥပဒေများအားနည်းခြင်း ကြောင့်ဟု ပြည်တွင်းအိမ်ခြံမြေ လုပ်ငန်းရှင်အသိုင်း အ၀ိုင်းမှ သိရသည်။
အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းမြင့်မားနေမှုများနှင့်အတူ မူဝါဒအပြောင်းအလဲ များကြောင့် ဈေးကွက်ပို၍အေးစက် နေရခြင်ဖြစ်ကာအစိုးရသစ် လက်ထပ်တွင်နိုင်ငံအတွင်း သို့ပြည်ပရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာဖွယ်ရှိ သော်လည်း မြေဈေး များအား အစိုးရပိုင်းက ထိန်းချုပ်မှုများပြုလုပ် လာနိုင်ခြင်းကြောင့် ဈေးနှုန်းများကျဆင်းလာ ဖွယ်ရှိသည်ဟု မန်္တလေးအခြေစိုက် အိမ်ခြံမြေအကျိုးတော်ဆောင် လုပ် ငန်းတစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
““အစိုးသစ်လက်ထပ်မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အင်အားကောင်းကောင်း နဲ့ ၀င်ရောက်လာနိုင်မယ် လို့ ခန့်မှန်းထား ကြတယ်။ သူတို့ဝင်ရောက်လာရင် မြေဈေး တွေပြန်ကောင်းလာနိုင် မယ်လို့ခန့်မှန်းထား ကြပေမယ့်လက်ရှိပြည်တွင်း မြေဈေး၊ ငှားရမ်းခနှုန်းတွေ မြင့်မားမှုရှိနေတာကို အစိုးရပိုင်းကဥပဒေတွေ အခွန်တွေနဲ့ထိန်းချုပ်ဖို့ လုပ်ဆောင်နေပြီဆိုတော့ ဈေးနှုန်းတွေကျဆင်း လာနိုင်ဖွယ်ရှိပါတယ်”” ဟု ချမ်းအေးသာစံမြို့နယ် အတွင်းမှ အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦး ကပြောသည်။
ယခုအခါ အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေမှုများကြောင့် အရောင်းအ၀ယ် ဖြစ်မှုနည်းပါးနေပြီး အချို့မြေကွက်များ အား ဈေးလျှော့ရောင်းချခြင်းများ ပြုလုပ်လာကြသော်လည်း ၀ယ်လက်ပျောက်နေ ဆဲပင်ဖြစ်သည်ဟု သိရသည်။
“အိမ်ခြံမြေဈေးကွက်မှာကပေါက်ဈေးဆိုတာမရှိဘူး။ ကြိုက်ဈေးပဲရှိတယ်၊ ရောင်းလိုသူက မြေကွက်ရဲ့ အမှန်တကယ်တန်ဖိုးရှိ တာထက်ပိုပြောမယ်။ ၀ယ်သူ ကလည်း ဈေးလျော့နိုင်သမျှ လျော့အောင် ဈေးဆစ်မှာပဲလေ။ နှစ်ဦးနှစ်ဘက်ညှိနှိုင်း လို့ရရင် အရောင်းအ၀ယ်ဖြစ်ပြီ။ ဒါကြောင့်ပေါက်ဈေးမရှိဘူး ကြိုက်ဈေးပဲရှိတာလို့ပြောတာ၊ အရောင်းအ၀ယ် တစ်ခုလုပ်ရင် အခွန်ဆိုတာလည်း ပေးဆောင်မှာကနိုင်ငံသားတိုင်းရဲ့ တာဝန်၊ ဒီမှာဘာဖြစ်လာသလဲ ဆိုရင်အစိုးရပိုင်းက အိမ်ခြံမြေနဲ့ပက်သက်ပြီး အခွန်တွေလျှော့ပေးတယ် ဆိုပေမယ့်ရာပြတ်တန်ဖိုးမှာ အမှန်တကယ်ရောင်းချနိုင်တဲ့ ဈေးတွေထက် ပိုများနေတယ်။ ရောင်းလိုသူပြောတဲ့ပထမဈေးနှုန်း က ရာပြတ်တန်ဖိုးဖြစ်နေတေ့အမှန်တကယ် အရောင်းအ၀ယ်ဖြစ်တဲ့အခါမှာ ၀ယ်ယူသူ က မိမိအမည်ပေါက်ဖြစ်ဖို့ လုပ်ဆောင်မှပဲ သတ်မှတ် အခွန်ပေးဆောင်တော့တယ်၊
ဒီလိုဖြစ်ရပ်တွေကြောင့်လည်း အိမ်ခြံမြေဈေးကွက် အေးစက်နေရတာဖြစ်တယ်””ဟု ချမ်းအေးသာစံမြို့နယ်အတွင်းမှ အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦး ကပြောသည်။
မန္တလေးမြို့၏ အိမ်ခြံမြေဈေးကွက်တွင် အရောင်းအ၀ယ်ဖြစ်မှုများသည့် မြေ အကျယ်အ၀န်း အတိုင်းအတာသည် ပေ ၄၀ x ၆၀ မြေကွက်များဖြစ်သော်လည်း ရာဖြတ်တန်ဖိုး တွက်ချက်သတ်မှတ်ရာတွင် တစ်ဧကနှုန်းဖြင့် သတ်မှတ်သောကြောင့် ယခုလိုဈေးကွက်နှင့် ကွာဟမှုဖြစ်ရသည့် အကြောင်းအရင်းတချက်လည်း ဖြစ်သည် ဟုသိရသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများ သည် ယခင်နှစ်ပိုင်းမျာကမြေဈေးကွက်အတွင်းသို့ ၀င်ရောက် ရင်းနှီးမြုပ်နှံသူများ ၏ ဈေးကစားမှုများကြောင့်ဈေးနှုန်များ မြင့်မားခဲ့ပြီး ယခုအခါကျပ်သိန်းတစ်ထောင်မကျော်သည့်မြေကွက်များသာအရောင်း အ၀ယ်ပြန်လည်ဖြစ်လာမှုများ ရှိလာပြီး နေရာကောင်းများနှင့်ဈေးနှုန်းမြင့်မား သည့်မြေကွက်များမှာ အမြင့်ဈေးများဖြင့်သာ ဆက်လက်ရပ်တည်လျက်ရှိ သည်ဟု သိ ရသည်။
နိုင်ငံခြားလုပ်ငန်းရှင်တွေ မြန်မာ့အိမ်ခြံမြေဈေးကွက်ကို စိတ်ဝင်စားမှုနည်း နေတရခြင်းက အခြေခံအဆောက်အအုံတွေ ဖြစ်တဲ့လျှပ်စစ်မီး၊ ရေ၊ လမ်းနဲ့တိကျတဲ့ အိမ်ခြံမြေဥပဒေတွေ အားနည်းနေတာ က အဓိကအချက်ဖြစ်တယ်၊လာမယ့်နှစ်မှာ အိမ်ခြံမြေဈေးကွက်ပုံမှန် အနေအထား အတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ပဲရှိနေလိမ့်မယ် လို့ထင်ပါတယ်။ အစိုးရအချိန်း အပြောင်းကာလ နောက်ပိုင်းမှာမြို့ပြဖွံ့ဖြိုးမှု ဦးစားပေးစီမံကိန်းတွေ ဖြစ်ပေါ်လာနိုင်မယ်ဆိုရင်တော့ ဈေးကွက်မှာအပြောင်း အလဲတစ်ခုဖြစ်လာနိုင်တယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကွက်ပြန်ပြီးဦးမော့လာပြီး ဈေးကွက်ကောင်း တစ်ခုအဖြစ်ပြန်လည်နိုးထလာ လိမ့်လို့ပြောချင်ပါတယ်””ဟု အိမ်ခြံမြေ ၀ယ်ရောင်းတစ်ဦးက ပြောသည်။
အိမ်ခြံမြေဈေးကွက်အတွင်း အရောင်း အ၀ယ်များ ကျဆင်းခဲ့သော်လည်း အငှား ဈေးကွက်သည် ယခင်နှစ်များထက် ၂၀ ရာခိုင်နှုန်းအထိတိုးတက်လာကြောင်း၊ အရောင်းအ၀ယ်အေးစက်လာမှုများ ကြောင့်ကျပ်သိန်းသာင်းဂဏန်းတန်ဖိုးရှိမြေကွက်များနှင့်လုံးချင်းအိမ်များကိုနှစ်ရှည်အငှားစနစ်၊ နှစ်ပြတ်အငှားစနစ်၊ အရောင်းအငှား စနစ်များဖြင့်ပြောင်းလဲလုပ်ဆောင် လာကြသည်ဟု သိရသည်။
မန်္တလေးမြို့ရဲ့အိမ်ခြံမြေအရောင်း အ၀ယ်ဖြစ်မှုနည်းပါးခဲ့ရာက ပြန်လည်လှုပ်ခတ်စပြုလာပြီဖြစ်သလိုအခြေခံလူတန်းစားများ၏ ငှာရမ်းမှုအနေအထား များမြင့်တက်လာကာအငှားဈေးကွက်အား လူနေထိုင်မှုနှင့်ဆိုင်ခန်းဖွင့်လှစ်ရန်ကောင်း မွန်သည့်နေရာများကဦးဆောင်နေသည်ဟု သိရသည်။
မန္တလေးမြို့တွင်လူနေထိုင်မှုနှင့် ဆိုင်ခန်းဖွင့်လှစ်ရန်ကောင်းမွန်သည့် ၆၉လမ်း မတန်း( ၃၅လမ်းမှ ၄၁လမ်း)နှင့် အနီးဝန်း ကျင်ရပ်ကွက်များ၊ ၇၃လမ်းမတန်း ( လမ်း၃၀မှ မန်္တလေးတက်္ကသိုလ်အနီးဝန်း ကျင်)၊ သိပ်္ပံလမ်း (၆၉ လမ်းမှ၅၉လမ်း)၊ ဆေး တက်္ကသိုလ်အနီးဝန်းကျင်ရပ်ကွက်များ၊ မင်္ဂလာမန်္တလေးစီမံကိန်းအနီးဝန်းကျင် ရပ်ကွက်များ၊ ၆၂လမ်းမတန်း(၄၂လမ်းမှ လမ်း၃၀)၊ ၃၅ လမ်းမတန်း( ၆၂လမ်းမှ ၇၈လမ်း)တွင်ငှားရမ်းလိုမှုအများဆုံးဖြစ်သည်ဟု သိရသည်။ ငှာရမ်းမှုများတွင် ယခင်ကဈေးနှုန်အသင့်အတင့်သာရှိခဲ့ရာမှအပြိုင်အဆိုင်ငှာရမ်းမှုများပြုလုပ်လာမှုများကြောင့်ဈေးနှုန်းမျာလည်း မြင့်တက်လာကြောင်း၊ ငှားရမ်းမှုဈေးနှုန်းများမှာနေရာ၊ အကျယ်အ၀န်းနှင့် အကွက်အကွင်း ကောင်းသည့်အပေါ်မှုတည်၍ကွာခြား ချက်ရှိပြီးတစ်လကျပ်သုံးသိန်းမှကျပ် ၁၀ သိန်း ခန့်အထိဈေးရှိသည်ဟုသိရသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည်အိမ်နီးချင်းနိုင်င်ငံများ၏ မြေဈေးများ ထက်ပိုမိုများပြားနေမှုကြောင့်ဈေးကွက်ကောင်းစည်အချိန်ကရင်းနှီးမြုပ်နှံလိုသူများ အလုံးအရင်းဖြင့် ၀င်ရောက်မှုရှိ ခဲ့သော်လည်း လက်ရှိအချိန်တွင် ၀ယ်လို အားထက်ရောင်းလိုအား ပို၍များနေသည်ဟု အိမ်ခြံမြေ၀ယ်ရောင်းတစ်ဦးက ပြောသည်။
အိမ်ခြံမြေဈေးကွက်တွင်အရောင်း အ၀ယ်ဖြစ်မှုအလွန်နည်းပါးခဲ့သော်လည်း စီမံကိန်းများအနီးနှင့်စီမံကိန်းလုပ်ရန်လျာ ထားချက်ရှိသည့်နေရာများအနီးဝန် ကျင်များတွင်ရင်းနှီးမြုပ်နှံနိုင်ကြရန်စိတ် ၀င်စားမှုမှာ ၇၀ရာခိုင်နှုန်းခန့်ရှိသည်ဟု မန်္တလေးအိမ်ခြံမြေဈေးကွက်အတွင်းမှသိရသည်။
လက်ရှိအချိန်တွင်နိုင်ငံတော်မှဖော်ဆောင်လျက်ရှိသည့်အိမ်ရာစီမံကိန်းများ သည်လည်း အခြေခံလူတန်းစားများ ၀ယ် ယူနိုင်ရန် အလှမ်းကွာဝေးနေဆဲ ပင်ဖြစ်ကြောင်း၊ ယခုအခါစီပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုသူများသည် မြေအပိုင်ဝယ် ယူခြင်းထက်နှစ်ရှည်ငှားရမ်းခြင်းကိုပိုမို စိတ်ဝင်စားမှုများလာကြောင်း၊ အစိုးရမှစံနှုန်းသတ်မှတ်ချက်ထုတ်ပြန်မှုများ၊ အခွန်နှုန်းထားထုတ်ပြန်ချက်များ၊ အခွန်ပြောင်းလဲသတ်မှတ်မှုများကအိမ်ခြံမြေဈေးကွက်အပေါ်တွင်သက်ရောက်မှုများစွာရှိစေမည် မဟုတ်ဘဲ အိမ်ခြံမြေရောင်းဝယ်မှုနှင့် ပတ်သက်၍အခွန်နှုန်းထားမှာ ယခင်က ၀ယ်သူက ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်းနှင့်တံဆိပ်ခေါင်းအခွန် ၇ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ကာအခွန်အကောက်ဥပဒေ ပုဒ်မ ၂၆ အရစည်းကြပ်မှုမှကင်း လွတ်နေသော ၀င်ငွေအပေါ် ၁ ကျပ်မှသိန်း ၅၀၀ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၅၀၀ မှသိန်း ၁,၅၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁,၅၀၀ မှသိန်း ၃,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ သိန်း ၃,၀၀၀ အထက် ၃၀ရာခိုင်နှုန်း ပြောင်းလဲကောက်ခံနေပြီး ငှားရမ်းမှုများနှင့်ပတ်သက်၍ကျပ်သိန်း ၂၀ အထိသာအခွန်ကင်းလွတ်ခွင့် ပေး ထားပြီး သိန်း ၂၀ ကျော်မှစပြီး သိန်း ၅၀ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ မှသိန်း ၁၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ မှ သိန်း၂၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀ အထက် ၂၅ရာခိုင်နှုန်း သတ်မှတ်ထားသည်ဟု မန်္တလေးတိုင်းဒေသကြီး အိမ်ခြံမြေအကျိုးတော်ဆောင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၊
လင်းဝဿန်(ရွှေကျွန်းလုံး) မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com