မြေရှင်၊ ကန်ထရိုက်တာ၊ ကြိုပွိုင့်ဝယ်သူများအကြား မှုခင်းများမဖြစ်ရေး

မြေရှင်၊ ကန်ထရိုက်တာ၊ ကြိုပွိုင့်ဝယ်သူများအကြား မှုခင်းများမဖြစ်ရေး - Property News in Myanmar from iMyanmarHouse.com
9 Feb 2016 10:29 am တွင် တင်ခဲ့သည်
2277 ကြိမ် ကြည့်ရှု့ပြီး
မြေရှင်၊ ကန်ထရိုက်တာ၊ အခန်းကြို ပွိုင့် ၀ယ်ယူသူများအကြား အငြင်းပွားမှု များ၊ လိမ်လည်မှုများ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုများ မြောက်မြားစွာ ဖြစ်ပေါ် နေပါသည်။ တရားရုံးအဆင့်ဆင့်၌ ယင်း အမှုများစွာရှိသည်။ ဆက်လက်၍လည်း ဖြစ်လတံ့မှုခင်းများစွာ ရှိနေပါသည်။ ဤ သည်မှာ တရားဥပဒေစိုးမိုးရေး တာဝန်ရှိ အစိုးရဌာနများ၏ စနစ်တကျ ထိန်းသိမ်းမှု၊ တာဝန်ပျက်ကွက်မှု၊ လျစ်လျူရှုမှု၊ အဂတိ လိုက်စားမှုများဖြင့် အိမ်ခြံမြေလောက၌ ရှုပ်ထွေးပွေလီနေပါသည်။
တာဝန်ရှိအဖွဲ့အစည်းများက မြေရှင်၊ ကန်ထရိုက်နှင့် ၀ယ်သူများအကြား စည်း ကမ်းသတ်မှတ်ချက်များ ချမှတ်ပေးရန် လိုပါသည်။ ဥပဒေမရှိသေးသည်ကို အကြောင်းပြခြင်းထက် လတ်တလော အမိန့်ညွှန်ကြားချက်များ ထုတ်၍ ထိန်း ကြောင်းနိုင်ပါသည်။
တန်ဖိုးနည်း၊ တန်ဖိုးမျှ အဆင့်မြင့် ပုဂ္ဂလိက အိမ်ရာဆောက်လုပ်ရေးများကို မြေရှင်၊ ကန်ထရိုက်၊ အခန်းနေထိုင်သူများ အကြား တိကျသော သဘောတူညီချက် နှင့် ခွင့်ပြုချက်များ ရရှိပြီးမှသာ ပြည်သူ များကို စိတ်ချလက်ချ ၀ယ်ယူစေသင့်ပါ သည်။ မသေချာ မရေရာသေးဘဲ ကြိုတင် ရောင်းချမှုများသည် မှုခင်းများဖြစ်စေပါ သည်။

ဥပမာ - ရွှေတိဂုံစေတီတော်ကြီးအနီး ရှိ အထပ်မြင့်၊ အိမ်ရာများအကြား ပြဿနာ များဖြစ်ပေါ်နေပါသည်။ သို့ဖြစ်ပါ၍ အစိုးရတာဝန်ရှိဌာန၏ ရောင်းချရန် ခွင့် ပြုချက် ရရှိမှသာ သတင်းစာများ၌ ကြော် ငြာခြင်း၊ ကြိုပွိုင့်ရောင်းချခြင်းများ ပြုလုပ် သင့်ပါသည်။ ထို့ပြင် နိုင်ငံတကာအိမ်ခြံ မြေ ဆောက်လုပ်ရေးများ၌

(၁) ဆောက်လုပ်ခွင့်ရရှိပြီး၊ ဆောက် လုပ်မည့် နှစ်ကာလအတိအကျ သတ်မှတ် ပြီးမှသာ ၀ယ်ယူလိုသူများကို စတင်ရောင်းချ ခွင့်ပြုပါသည်။

(၂) ဆောက်လုပ်ရေးကုမ်္ပဏီသည် ဘဏ်တစ်ခုခုကို ဆောက်လုပ်မည့်အိမ်ရာ အတွက် သီးသန့်ငွေစာရင်းဖွင့်ရပါသည်။ ကြိုပွိုင့်ဝယ်ယူသူများက အဆောက်အအုံ ပြီးစီးမှုအပေါ် အရစ်ကျငွေပေးချေကြရပါ သည်။

(၃) ကြိုပွိုင့်ရောင်းချရငွေများကို သက်ဆိုင်ရာ အဆောက်အအုံဆောက်လုပ် ရေးတွေ အသုံးပြုရန်သာ ကန်ထရိုက်က ငွေထုတ်ယူခွင့်ရှိပါသည်။ အခြားမသက် ဆိုင်သော အသုံးစရိတ်များအတွက် ငွေ ထုတ်ယူခွင့်မရှိပါ။

(၄) အဆောက်အအုံဆောက်လုပ်ပြီးစီး ၍ ယာယီနေထိုင် ခွင့်ပြုမိန့် ရရှိပြီးမှသာ လက်ကျန်ငွေများကို ထုတ်ယူခွင့်ရရှိပါ သည်။

(၅) ကြိုပွိုင့်ဝယ်ယူသူများအား အိမ် သော့အပ်သောအခါ တန်ဖိုး၏ ၈၅ ရာခိုင်နှုန်းအထိသာ ငွေသွင်းရပါသည်။ ကျန် ၁၅ ရာခိုင်နှုန်းငွေကို နေထိုင်ပြီး (၁)နှစ်ကြာမှ သာ ပေးသွင်းရပါသည်။

(၆) ၁၂ လအတွင်း အိမ်အတွင်း အပြင် ပျက်စီးမှုရှိပါက ဆောက်လုပ်ရေး ကုမ္ပဏီက အခမဲ့ပြင်ဆင်ပေးရပါသည်။

(၇) အိမ်သော့အပ်သောအခါ၌ သတ် မှတ်ထားသော အရည်အသွေးပစ္စည်းများ သုံး၊ မသုံး၊ စံချိန်စံညွှန်း သတ်မှတ်ချက် နှင့် ညီ/မညီ ရေမီးကောင်း/မကောင်း စစ်ဆေးပြီးမှ လက်ခံနိုင်ပါသည်။ သတ် မှတ်ချက် စံမမီပါက ပြင်ဆင်ခိုင်းနိုင်ကြ ပါသည်။

(၈) ဆောက်လုပ်ပြီး နှစ်နှစ်သုံးနှစ် အထိ ဆောက်လုပ်ရေးကုမ်္ပဏီက ထိန်း သိမ်းပြီးနောက်ပိုင်း အိမ်ရာနေထိုင်သူများ ကော်မတီဖွဲ့၍ ထိန်းသိမ်းပါသည်။
ကြိုပွိုင့်အရစ်ကျငွေပေးသွင်းခြင်း

(၁) စရန်ငွေ ၅ ရာခိုင်နှုန်းပေးချေ၍ ကနဦးစာချုပ်လက်မှတ် ရေးထိုးပါသည်။
(၂) အိမ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ဘဏ်ချေးငွေရနိုင်ပါ သည်။
(၃) တစ်ပတ်အတွင်း အိမ်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်းပေးသွင်းရပါသည်။
ဒုတိယအရစ် - အုတ်မြစ်ချပြီးပါက ၁၀%
တတိယအရစ် - ကွန်ကရစ်တိုင်များ ပြီးပါက ၁၀%
စတုတ်္ထအရစ် - ဘေးနံရံများဆောက် ပြီးပါက ၅%
ပဉ်္စမအရစ် - မျက်နှာကြက်အမိုးများ တပ်ဆင်ပြီးပါက ၅%
ဆဋ္ဌမအရစ် - တံခါးနှင့် ပြတင်းပေါက် ပေါင်များ စနစ်တကျ တပ်ဆင်ပြီး၊ မီး လိုင်းများ ရေပိုက်လိုင်းများ၊ အိမ်တွင်း ပလပ်စတာ အချောကိုင်ပြီးပါက ၅%
သတ်္တမအရစ် - ကားပါကင်များ၊ လမ်းများ၊ ရေမြောင်းများ ပြီးပါက ၅%
အဋ္ဌမအရစ် - ယာယီနေထိုင်ခွင့်ရပြီး ၁၂ လအတွင်း ၁၅%

အခွန်အခများ
အာဆီယံနိုင်ငံတစ်ခုဖြစ်သော စင်ကာပူနိုင်ငံတွင် အခွန်သည် အိမ်တန်ဖိုး၏ ၃ ရာခိုင်နှုန်းသာ ကောက် ခံပါသည်။

အိမ်ကို တစ်နှစ်အတွင်း ပြန်လည် ရောင်းချပါက အိမ်တန်ဖိုး၏ ၁၆ ရာခိုင်နှုန်း အခွန်ဆောင်ရပါသည်။ ဒုတိယနှစ်အတွင်း ပြန်လည်ရောင်းချပါက အိမ်တန်ဖိုး၏ ၁၂ ရာခိုင်နှုန်းအခွန်ဆောင်ရပါသည်။ တတိယနှစ်အတွင်း ပြန်လည်ရောင်းချပါက အိမ်တန်ဖိုး၏ ၈ ရာခိုင်နှုန်းအခွန်ဆောင် ရပါသည်။ စတုတ္ထနှစ်အတွင်း ပြန်ရောင်း ပါက အိမ်တန်ဖိုး၏ ၄ ရာခိုင်နှုန်း အခွန် ဆောင်ရပါသည်။ ပဉ္စမနှစ်နှင့် နောက်ပိုင်း ရောင်းချပါက အခွန်ကင်းလွတ်ခွင့်ရရှိ ပါသည်။

အိမ်ကို ငှားရမ်းခြင်း ပြုလုပ်ရာ၌ ပထမနှစ်ဖြစ်ပါက တစ်နှစ်ဝင်ငွေ၏ ၄ ရာခိုင်နှုန်း ဆောင်ရပါသည်။ ဒုတိယ နှစ် ငှားရမ်းပါက တစ်နှစ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်း၊ တတိယအိမ်ငှားရမ်းပါက တစ်နှစ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်း ဆောင်ရ ပါသည်။

အိမ်ကို ပြန်လည်ရောင်းချခြင်း၊ ငှား ရမ်းခြင်းများကို အခွန်ငွေဖြင့် ထိန်းထား ပါသည်။
မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှုသည် များလွန်းနေခြင်းကြောင့် အိမ်ခြံမြေ ရောင်း ၀ယ်ငှားရမ်းလုပ်ကိုင်သူတို့သည် အခွန်ငွေ ကို တိမ်းရှောင်ကြပြီး အလွတ်သဘော အရပ်စာချုပ်ဖြင့်သာ ရောင်းဝယ်ငှားရမ်း နေကြပါသည်။ နိုင်ငံတော် အခွန်ငွေများ ဆုံးရှုံးနေပါသည်။ မလွှဲမရှောင်သာမှသာ အခွန်ဆောင်၊ တံဆိပ်ခေါင်းကပ်၊ မှတ်ပုံ တင်အမည်ပြောင်းကြပါသည်။
သင့်တင့်မျှတသော အခွန်ဖြင့် အိမ် ခြံမြေရောင်းဝယ်ငှားရမ်းမှုများကို တရားဝင် ဥပဒေဘောင်အတွင်းသို့ ရောက်ရှိစေသင့် ပါသည်။

အိမ်ခြံမြေလောကတိုးတက်ဖွံ့ဖြိုးရေး သည် နိုင်ငံတော်အစိုးရ၏ သက်ဆိုင်ရာဌာန များ အဖွဲ့အစည်းများက စည်းကမ်းများ ညွှန်ကြားချက်များ ချမှတ်ကိုင်တွယ်သင့်ပါ ကြောင်း။

ဦးမောင်မောင်ဝင်း(တရားလွှတ်တော်ရှေ့နေ) မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
မြေရှင်၊ ကန်ထရိုက်တာ၊ ကြိုပွိုင့်ဝယ်သူများအကြား မှုခင်းများမဖြစ်ရေး - Property News in Myanmar from iMyanmarHouse.com
မြေရှင်၊ ကန်ထရိုက်တာ၊ ကြိုပွိုင့်ဝယ်သူများအကြား မှုခင်းများမဖြစ်ရေး - Property News in Myanmar from iMyanmarHouse.com
မြေရှင်၊ ကန်ထရိုက်တာ၊ ကြိုပွိုင့်ဝယ်သူများအကြား မှုခင်းများမဖြစ်ရေး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service