စက်မှုဇုန်မြေကွက်များ လုပ်ငန်းမလုပ်လျှင် အရေးယူမည်ဆိုသော်လည်း စိစစ်ဆဲအဆင့်သာရှိသေး

စက်မှုဇုန်မြေကွက်များ လုပ်ငန်းမလုပ်လျှင် အရေးယူမည်ဆိုသော်လည်း စိစစ်ဆဲအဆင့်သာရှိသေး - Property News in Myanmar from iMyanmarHouse.com
8 Feb 2016 11:17 am တွင် တင်ခဲ့သည်
956 ကြိမ် ကြည့်ရှု့ပြီး
စက်မှုဇုန်အတွင်း စက် ရုံဆောက်လုပ်ခြင်းမရှိသည့် မြေ ကွက်အလွတ်များနှင့်ပတ်သက်၍ စာရင်းကောက်ယူပြီး သတိပေးမှုသုံးကြိမ်ခန့်ပြုလုပ်ထားခဲ့သော်လည်း ယခုအချိန်အထိအရေးယူဆောင်ရွက်မှုပြုလုပ်ထားခြင်း
မရှိသေးဘဲ စိစစ်မှုသာပြုလုပ် လျက်ရှိသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ဆောက်လုပ်ရေးနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

စက်မှုဇုန်အတွင်း မြေကွက် များကို လုပ်ငန်းရှင်အချို့က လုပ် ငန်းအမှန်တကယ်လုပ်ကိုင်ခြင်း မရှိဘဲ ၀ယ်ယူစုဆောင်းထားခြင်း ကြောင့် မြေဈေးကြီးမှုများဖြစ်ပေါ် နေသည်ဟုဆိုကာစက်ရုံဆောက်လုပ်ခြင်းမရှိသည့် မြေကွက်များစာရင်းကို ကောက်ယူထားပြီးသတ်မှတ်ကာလအတွင်း လုပ် ငန်းလုပ်ကိုင်မှုမရှိပါက အရေးယူ မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတိပေးမှုများပြုလုပ်ခဲ့ သည်။

‘‘စာရင်းကောက်ယူမှုတွေ လုပ်ပြီးတဲ့နောက် တော်တော်များ များကလုပ်လာကြပါတယ်။အရင်ကဆို မြေကွက်အလွတ်က ထောင်ချီရှိတာလေ။အခုက တော့ တော်တော်လျော့သွားပြီ။ ဘယ်လောက်ကျန်လဲဆိုတာ နောက်ဆုံးအခြေအနေက စာရင်း မကောက်ယူရသေးတဲ့အတွက် မသိရသေးဘူး’’ဟု ဦးကျော်စိုးက ပြောသည်။

တိုင်းဒေသကြီးအစိုးရက စက်မှုဇုန်မြေကွက်အလွတ်များ နှင့် ပတ်သက်၍ သတိပေးကြေ ညာမှုများပြုလုပ်ခဲ့ခြင်းကြောင့် လုပ်ငန်းရှင်အချို့သည် လုပ်ငန်း အဆောက်အအုံအချို့ ဆောက် လုပ်လာကြသော်လည်း အရေး ယူခံရမည်စိုး၍ ဟန်ပြဆောက် လုပ်မှုများသာရှိခဲ့သည်ဟုလှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေးရုံး ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြော သည်။

‘‘တချို့က ဆောက်ကြတယ် ဆိုပေမယ့် အဖြစ်လောက်ဆောက် တာတွေရှိတယ်။ ဒါပေမဲ့မြေကွက် အလွတ်ကတော့ အရင်ကထက် စာရင်နည်းတော့နည်းသွားတယ်’’ ဟု ၎င်းက ပြောသည်။

လုပ်ငန်းရှင်အချို့သည် မြေကွက်များဝယ်ယူစုဆောင်းကာ
ဈေးကစားမှုများရှိခဲ့ခြင်းကြောင့်အမှန်တကယ်လုပ်ငန်းလုပ်ကိုင် လိုသည့်သူများ မြေဈေးကြီးမြင့်မှု ကြောင့် ရင်းနှီးမြှုပ်နှံမှုအခက်အ ခဲများရှိနေသည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။

ပြည်ပလုပ်ငန်းရှင်အချို့ သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မြေဈေးကြီးမြင့်မှုနှင့် လျှပ်စစ်မီးကဲ့သို့အခြေခံလိုအပ်ချက်များရှိနေခြင်းအပေါ်
ထောက်ပြလေ့ရှိသည်ဟုအထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service