ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ၃၆ ဒသမ ၅၅၁ ဧက အကျယ်မြေကွက်၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ခွင့်ပြုချက်ဖြင့် First Myanmar Construction ကုမ္ပဏီ မှ တာဝန်ယူကာ ဒုတိယ ဗဟို စီးပွားရေးဇုန်စီမံကိန်း(Secon-dary Control Business Distirict- SCBD) ကို စတင်ဖော်ဆောင် နေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင် နီယာမှူး ဒေါ်စိုးစိုးတင်ထံမှ သိရသည်။
''ရန်ကုန်မြို့လယ် ခြောက်မြို့ နယ်ဟာ မြို့ပြဖွံ့ဖြိုးလာတာနဲ့ အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များလာပြီး လူဦးရေ၊ မော်တော် ယာဉ်တွေနဲ့ စီးပွားရေးဆိုင်ရာ ရုံးဌာနတွေဟာလည်း များပြားကျပ်သိပ်လာတယ်။ဒါတွေကို ဖြေလျှော့
စေနိုင်ဖို့အတွက် လေဆိပ်နဲ့လည်းနီး လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည် သာ၊ မြောက်ဥက္ကလာပ စက်မှုဇုန်ကြီး တွေနဲ့နီးတဲ့ ဒီနေရာမှာ ဒုတိယ ဗဟိုစီးပွားရေးဇုန်ကြီးကို ဖော်ဆောင် နေတာပါ။ ဒီဘက်ကို ပျံ့နှံ့လာမယ် ဆိုရင် သိပ်သည်းမှုတွေဟာ ဖြေလျှော့ နိုင်ပြီး တိုးတက်မှုတွေဟာလည်း နေ့ချင်းညချင်း ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုစီမံကိန်းသည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြား မှုဖြင့် First Myanmar Constru-ction မှ မြေဧရိယာ ၃၆ ဒသမ ၅၅၁ ဧကပေါ်၌ ဖေဖော်ဝါရီလ ပထမပတ် က စတင်ဖော်ဆောင်နေပြီး စီမံကိန်း ကာလ ငါးနှစ်ကြာမြင့်မည်ဖြစ် ကြောင်း၊ ယခုအခါတွင် စီမံကိန်း ပထမအဆင့်အဖြစ် လက်ရှိ မင်းဓမ္မ လမ်း MCC ခန်းမထက် ခြောက်ဆ ကြီးသော MCC ခန်းမကြီး တည် ဆောက်ရေး အတွက် မြေညှိခြင်း၊ မြေကြီး တူးဖော်ခြင်း၊ မြေထိန်းနံရံများ ပြုလုပ်ခြင်းနှင့် အောက်ခံဖောင်ဒေး ရှင်းလုပ်ငန်းများကို ဆောင်ရွက် နေပြီဖြစ်ကြောင်း စီမံကိန်းရုံးမှ သိရသည်။
ဆက်လက်၍ အဆင့်မြင့် ဟိုတယ်ကြီးများ၊ ကုမ္ပဏီရုံးခန်းများ၊ စီးပွားရေးဆိုင်ရာ Service ပေးသော ရုံးဌာနများ၊ Shopping Centre များ ၊IT အဆောက်အအုံများနှင့် စီးပွား ရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်တည်ဆောက်သွားမည် ဖြစ်သည်။
စီမံကိန်းကြီးတစ်ခုလုံးအတွက် မြေအောက် သုံးထပ်၌ ကားအစီးရေ ၅ဝဝဝ ခန့် ရပ်နားနိုင်သော မြေအောက် သုံးထပ်ကားပါကင်ကြီး တစ်ခုပါဝင်မည်ဖြစ်သည်။ ထိုစီမံကိန်း ကို ခေတ်မီလှပခိုင်ခံ့စွာ တည် ဆောက်သွားမည်ဖြစ်သဖြင့် မြန်မာ အင်ဂျင်နီယာများအပြင် ကိုရီးယား၊ ဂျပန်နိုင်ငံများမှ ပညာရှင်များနှင့် ပူးပေါင်းပါဝင် တည်ဆောက်မည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၅ဝ အကုန်အကျခံ တည်ဆောက် မည်ဖြစ်ကြောင်း စီမံကိန်းရုံးမှ သိရ သည်။
ထိုစီမံကိန်း ဖော်ဆောင်သည့် နေရာသည် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီပိုင် မြေနေရာ ဖြစ်ပြီး ယခင် ပန်းဥယျာဉ်ပြခန်း များ ရှိခဲ့ကြောင်းနှင့် စီမံကိန်း ဖော်ဆောင်မည် ဖြစ်သောကြောင့် ပန်းခင်းဆိုင်ခန်းပြခန်းနေသူများအား သာကေတမြို့နယ်နှင့် မြောက် ဥက္ကလာပ ပတ္တမြားမြို့သစ်ဘက်၌ ရွှေ့ပြောင်းရောင်းချခွင့် ပေးခဲ့
ကြောင်း သိရသည်။
Credit: MOI Webportal Myanmar