ပြည်ထောင်စု နယ်မြေအတွင်းရှိ ပြည်ထောင်စုဝန်ကြီး ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လူပျို၊ အပျိုဝန်ထမ်းများနှင့် အမှုထမ်း အိမ်ထောင်သည် ဝန်ထမ်းများအား အဆင်ပြေချောမွေ့စွာနေ ထိုင်နိုင်ရေး အတွက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အ တွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းအသုံး စရိတ်ဖြင့် ဆောက်လုပ်လျက်ရှိသော နှစ်ထပ်လူပျိုဆောင်နှင့် အပျိုဆောင် ၁၅ လုံးနှင့် ခြောက်ခန်းတွဲလေးထပ်၊ အမှုထမ်းအိမ်ရာ ၂၁ လုံး တည်ဆောက်ပြီးစီးမှု အခြေအနေများကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးကံချွန်နှင့်ဦးမြင့်ဆွေ၊ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းတင့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အအုံဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီများမှ တည်ဆောက်လျက်ရှိသော ခြောက်ခန်းတွဲ လေးထပ် အမှုထမ်းအိမ်ရာ ၂၁ လုံး တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ဆောက်လုပ်ရေးတာဝန်ခံများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ဘောဂသိဒ္ဓိရပ်ကွက် ရွှေကြာပင်လမ်းရှိ လူပျိုဆောင် ငါးလုံးနှင့် အပျိုဆောင် ၁ဝ လုံး တည်ဆောက်ပြီးစီးနေပြီဖြစ်၍ ဝန်ထမ်းများအား နေရာချထားပြီးဖြစ် ရာ ဝန်ထမ်းများနေထိုင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ကြသည်။
အဆိုပါ ဝန်ထမ်းအိမ်ရာများအား ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ်သန်း နှစ်သောင်းဖြင့် ဆောက် လုပ်ရေးဝန်ကြီးဌာနသို့ အပ်ငွေလုပ်ငန်းဖြင့် အပ်နှံဆောက်လုပ်ခဲ့ရာ တွင် လူပျိုဆောင် ငါးလုံး၊ အပျိုဆောင် ၁ဝ လုံး စုစုပေါင်းအခန်း ၇၂ဝ မှာ အားလုံးပြီးစီးပြီဖြစ်၍ ဝန်ထမ်းများ နေထိုင်လျက်ရှိနေပြီဖြစ်ပြီး အမှုထမ်းအိမ်ထောင်သည်ဝန်ထမ်းများအတွက် ခြောက်ခန်းတွဲ လေးထပ် အမှုထမ်း အိမ်ရာ ၂၁ လုံး အခန်းပေါင်း ၅ဝ၄ ခန်းသည် လည်း ၉ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း နေရာချထားပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
Credit: MOI Webportal Myanmar