လက္ရွိေ ဆာက်လုပ်နေတဲ့နေအိမ် အဆောက်အအုံ သစ်အတော်များ များဟာ ဂရိနိုင်ငံလို သူတို့နိုင်ငံ မှာ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်လို့ပြေးလာတဲ့ နိုင်ငံတွေ ကချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတွေ အတွက်ဖြစ်နေတယ် လို့ဆိုပါတယ်။
ဗြိတိန်အိမ်ခြံမြေဈေးကွက်မှာကမ္ဘာ တစ်ဝန်းက အကျင့်ပျက်ခြစားငွေတွေလို့ခေါ်တဲ့ ငွေမည်းတွေ ခ၀ါချနေကြကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ကစင်ကာပူ ခရီးစဉ်တစ်ခုအတွင်း ပြောကြား ခဲ့ပါတယ်။ အဲဒီငွေမည်းတွေဟာ ဗြိတိန်မှာ အိမ်ခြံမြေဈေးနှုန်းတွေမြင့်တက်စေဖို့ မီးထိုးပေးနေကြောင်း ခြစားမှုတိုက်ဖျက်ရေး လှုံ့ဆော်သူတွေက စိုးရိမ်နေကြတဲ့အချိန်မှာ အိမ်ခြံမြေပိုင်ဆိုင်မှုတွေကို ပွင့်လင်း မြင်သာ မှုရှိလာအောင် ဆောင်ရွက်သွား မယ်လို့ကင်မရွန်ကပြောကြားခဲ့ပါတယ်။
မထင်မရှားအမည်ခံသက်သက်ကုမ္ပဏီတွေဟာ ခ၀ါချငွေတွေနဲ့ ဗြိတိန်အိမ်ခြံမြေဈေးကွက်၊ အထူးသဖြင့်လန်ဒန်မြို့လယ်ရှိ အိမ်ခြံမြေတွေကို ၀ယ်ယူနေ ကြတယ်လို့ ထောက်ပြထားပါတယ်။ ကင်မရွန်းက ““ဗြိတိန်ဟာ ကမ္ဘာတစ်ဝန်းက ငွေမည်းတွေရဲ့လုံလုံခြုံခြုံ ခိုလှုံရာနေရာကြီး ဖြစ်လာလို့မရဘူး”” လို့လီကွမ်ယူပြည်သူ့ရေးရာ မူဝါဒကျောင်းမှာ ပြောကြား တဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။
ဗြိတိန်ကိုရင်းနှီးမြှုပ်နှံသူတွေအတွက်ကမ္ဘာ မှာပွင့်လင်းလွတ်လပ်မှု အရှိဆုံးနိုင်ငံဖြစ်စေလိုကြောင်း၊ ရင်းနှီး မြှုပ်နှံမှုအားလုံးကို သန့်ရှင်းတဲ့ငွေတွေ ဖြစ်စေလိုကြောင်း သူကထောက်ပြခဲ့ပါတယ်။
ဗြိတိန် မြေယာမှတ်ပုံတင်ဌာနက ယခုနှစ်ဆောင်းရာသီမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားကုမ္ပဏီတွေ ပိုင်ဆိုင်တဲ့အိမ်ခြံမြေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်သွားဖို့ရှိပါတယ်။ ဗြိတိန်အစိုးရ ကန်ထရိုက်တွေကို လည်း နိုင်ငံခြားကုမ္ပဏီတွေက ၀ယ်ယူမယ့် အိမ်ခြံမြေပိုင်ရှင်တွေရဲ့အမည်ကိုအများ ပြည်သူအား ကြေညာဖို့စဉ်းစား နေကြောင်း ကင်မရွန်းကပြောကြာါးတယ်။
ဗြိတိန်တစ်နိုင်ငံလုံးမှာ ရှိတဲ့နိုင်ငံခြားကုမ္ပဏီတွေက မှတ်ပုံတင်ပိုင်ဆိုင်ထားတဲ့ အိမ်ခြံပေါင်းဟာ တစ်သန်းကျော်ရှိပြီး လန်ဒန်တစ်မြို့တည်း မှာပဲအိမ်ခြံမြေ ၃၆,၀၀၀ ကျော်ကိုနိုင်ငံခြား ကုမ္ပဏီတွေကပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။
ဝန်ကြီးချုပ် ကင်မရွန်းရဲ့ ခံဝန်ကတိပြု မှုတွေကိုကြိုဆိုကြောင်း ခြစားမှုတိုက်ဖျက် ရေးလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Transparency International (TI) က ကြေညာခဲ့ပါတယ်။ကင်မရွန်း ချပြခဲ့တဲ့ပိုမို ပွင့်လင်းမြင်သာမှု ရှိရေးဆောင်ရွက် ချက်တွေဟာ ဗြိတိန်ကိုနိုင်ငံတကာ ငွေမည်းတွေလုံခြုံစွာ ခိုလှုံရာနေ ရာဖြစ်နေတာ ကိုပြောင်းလဲစေမှာဖြစ်ကြောင် TI အဖွဲ့ရဲ့သုတေသနနဲ့အတိုင်ပင်ခံဌာနဥက္ကဋ္ဌ နစ်မက်ဝဲက ပြောကြားပါတယ်။
လန်ဒန်နဲ့ ဝေးလ်နယ်မြေရှိ အိမ်ခြံမြေလုပ်ငန်းတွေ မှာ ဒေါ်လာဘီလျံ ၁၉၀ ကျော်ကိုနိုင်ငံရပ်ခြား ကုမ္ပဏီတွေက ပိုင်ဆိုင်ထားကြကြောင်း ကင်မရွန်ကထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကင်မရွန်ကပေါင်သန်း ၁၅၀ နီးပါးတန်ဖိုးရှိတဲ့လန်ဒန် အိမ်ခြံမြေရောင်းဝယ်မှုတစ်ခုမှာ ကာဇက် စတန်လျှို့ဝှက်ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း တစ်ဦး ဆက်နွယ်နေမှုနဲ့ နိုင်ဂျီးရီးယား အကျင့်ပျက်ခြစားသူတစ်ဦး ကဗြိတိန်မှာအိမ်ခြံမြေ တွေပိုင်ဆိုင်ထားရှိမှုတွေကိုလည်း ဖော်ထုတ် ပြောကြားခဲ့ပါတယ်။
New York Times ဆောင်းပါးရှင် Roger Cohen က ““လန်ဒန်မြို့လယ်ရှိအိမ်တွေဟာ ကမ်္ဘာတစ်ဝန်းက ခြစားပြီး ရလာတဲ့သူတွေနဲ့ သူတို့ရဲ့တပည့်တပန်းတွေ အတွက် ရှေးဟောင်းပြတိုက်ကြီး သဖွယ်ဖြစ်နေပါတယ်”” လို့ပြောပါတယ်။ သူဟာ ၁၉၈၉ ခုနှစ်ကတည်းက လန်ဒန်မှာနေထိုင်ခဲ့ပေမယ့် နေဖို့ အိမ်ဝယ်ယူဖို့ မဆိုထားနဲ့ အလယ်အလတ်တန်းစားအိမ်ခန်းလေး တစ်ခန်းငှားပြီး နေဖို့တောင် ငွေကြေးမတတ်နိုင် ခဲ့ကြောင်း ပြောပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လန်ဒန်မြို့ရဲ့အိမ်ဈေးနှုန်းတွေဟာ တခြားဗြိတိန် ကမြို့တွေထက်နှစ်ဆမြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။
လောလောဆယ် လန်ဒန်မြို့ရဲ့လူဦးရေ ဟာ ၈ ဒသမ ၆ သန်းရှိပြီး ၂၀၃၅ ခုရောက်ရင် ၁၀ သန်းအထိရှိလာနိုင်တယ် လို့သိရပါတယ်။ လက်ရှိဆောက်လုပ်နေ တဲ့ နေအိမ်အဆောက်အအုံသစ် အတော်များ များဟာ ဂရိနိုင်ငံလို သူတို့နိုင်ငံမှာနိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်လို့ ပြေးလာတဲ့နိုင်ငံတွေက ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး တွေအတွက် ဖြစ်နေတယ် လို့ဆိုပါတယ်။ ဒါ့အပြင်လန်ဒန်ဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အရှေ့ဥရောပနိုင်ငံတွေ က ငွေကြေးခ၀ါချသူတွေ အများဆုံး သွားရောက်ခိုလှုံ နေထိုင်တဲ့မြို့ဖြစ်နေပါတယ်။
TI အဖွဲ့ကလန်ဒန်မြို့လယ် West-minsters မှာရှိတဲ့အိမ်ကြီးအိမ်ကောင်း ၁၀ လုံးမှာတစ်လုံး ဟာ ရေနံကုမ္ပဏီကြီး တစ်ခုခုနဲ့ပတ်သက်ပြီး ၀ယ်ယူပိုင်ဆိုင်ထားတဲ့ အိမ်တွေဖြစ်တယ် လို့ ထောက်ပြထားပါတယ်။ ငွေကြေးခ၀ါချမှုတွေမှာ ရေနံကုမ္ပဏီကြီးတွေ က ဘယ်လောက် ပါဝင်ပတ် သက်နေကြ တယ် ဆိုတာဘယ်သူမျှမသိနိုင်ဘူး လို့သုံးသပ်ထား ပါတယ်။ တချို့အကျင့်ပျက်ခြစားပြီး မတရားချမ်းသာ လာသူတွေဟာ ရေနံကုမ္ပဏီတစ်ခုခုကို အကာအကွယ်ယူပြီး လူမသိအောင် ငွေကြေးခ၀ါ ချပြီး နေကြတယ်လို့ဆိုကြောင်းပါခင်ဗျား။ ၊
Ref: AFP/Economist
မောင်ပုဆိုးကြမ်း မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com