ဘားအံတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို အကြိမ်ကြိမ်စိစစ်ပြီး ခွင့်ပြုခဲ့

ဘားအံတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို အကြိမ်ကြိမ်စိစစ်ပြီး ခွင့်ပြုခဲ့ - Property News in Myanmar from iMyanmarHouse.com
3 Feb 2016 11:17 am တွင် တင်ခဲ့သည်
1276 ကြိမ် ကြည့်ရှု့ပြီး
ကရင်ပြည်နယ် ဘားအံမြို့နှင့် ခုနစ်မိုင်အကွာ ဘားအံစက်မှုဇုန်အနီးတွင်အကောင်အထည်
ဖော်တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းကို အကြိမ်ကြိမ်စိစစ်ပြီးမှသာ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့၊ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ရန် ဒေသခံ မြဌေးကြွယ်လင်းကုမ္ပဏီနှင့် The Infrastructure of Myanmar ကုမ္ပဏီတို့က တင်ပြခဲ့ရာ စီမံကိန်းပါ အချက်အလက်များကို အသေးစိတ်စိစစ်ပြီးမှသာ ခွင့်ပြုရခြင်းဖြစ်သည့် အတွက် အချိန်ကြန့်ကြာမှုများ ရှိခဲ့ရခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစောကြည်လင်းကပြောသည်။

"ကျွန်တော်တို့ဆီကို မြဌေးကြွယ်လင်းနဲ့ The Infrastructure of Myanmar ပေါင်းပြီး တန်ဖိုးနည်းအိမ်ရာစီမံကိန်း လာတင်တုန်းက တော့နည်းနည်းသံသယ၀င်မိတယ်။
မြဌေးကြွယ်လင်းက ကျွန်တော်တို့ ဒေသခံကုမ္ပဏီဖြစ် လို့ ယုံကြည်ပြီးသားပါ။ The Infrastructure of Myanmar ပါ တွဲပြီးပါလာတော့ ပွင့်ပွင့် လင်းလင်းပြောရရင် သိပ်မယုံဘူးပေါ့၊ ဟုတ်မှ ဟုတ်ပါ့မလား၊ ဖြစ်နိုင်ပါ့မလားပေါ့။ အကြိမ်ကြိမ် ပြန်ဆွေးနွေး ခဲ့ကြတယ်။ အရမ်းကိုသက်သာတဲ့ ဈေးတွေ ဖြစ်နေလို့ပါ။ အစိုးရ အဖွဲ့ဘက်ကလည်း ဒေသခံတွေကို ပြန်ကာ ပေးတဲ့အနေ
နဲ့ ပြည်သူတွေရဲ့ အိမ်ဖိုးသွင်းတဲ့ ငွေကို ကုမ္ပဏီကို ကိုင်ခွင့်မပေးဘဲ ဘဏ် အကောင့် အသစ်တစ်ခု ထပ်ဖွင့်ထားတယ်။ အခန်းလက်ဝယ်ရပြီးမှ ငွေကို ထုတ်ပေးပြီး ကျန်တာ ဆက်သွင်းစေတဲ့စနစ်နဲ့ ဒေသခံတွေ မနစ်နာအောင် ကာကွယ်ပြီးမှ အခုလိုလုပ်ခွင့် ပြုလိုက်တာ ဖြစ်တယ်"ဟု ၎င်းက ပြောသည်။

တပ်မတော်က ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြန်လည်ပေးအပ်ခဲ့သည့် မြေလွတ်မြေရိုင်း များအနက် မြေဧက ၂၀ ကို တစ်ဧကလျှင် ကျပ် သိန်း ၁၃၀ နှုန်းဖြင့် ဒေသခံကုမ္ပဏီဖြစ် သည့်မြဌေးကြွယ်လင်းကုမ္ပဏီသို့ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရန် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက် ဖြင့် တစ်လ ကျပ်ငွေ ၃၀,၀၀၀ ပေးသွင်းရမည့် အနှစ် ၃၀ အရစ်ကျစနစ်ဖြင့်သော်လည်းကောင်း၊ တိုက်ရိုက်ငွေချေစနစ်ဖြင့်သော်လည်းကောင်း ရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာ စီမံ ကိန်းများ တည်ဆောက်ရန် အဆိုပါကုမ္ပဏီများက ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆိုပြုလွှာ များ စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိခဲ့ခြင်းဖြစ်သည်။

မြေဧက ၂၀ ပေါ်တွင် အခန်းပေါင်း ၂,၅၆၀ ပါဝင်မည့် အထပ်ငါးထပ်ပါအဆောက်အအုံများတည်ဆောက်သွား
မည်ဖြစ်ပြီး မြေညီထပ်ကိုမူ ကားပါကင်အဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

အခန်းဝယ်ယူလိုသူများက အခန်းများကို ၀ယ်ယူလိုကြောင်း လျှောက်ထား လွှာများနှင့်အတူ လစဉ်ပေးသွင်းရမည့် ငွေကျပ် ၃၀,၀၀၀ ကို ဒေသခံကုမ္ပဏီဖြစ်သည့် မြဌေးကြွယ်လင်း ကုမ္ပဏီသို့ ပေးသွင်းရမည်ဖြစ်သည်။

ငွေပေးသွင်းကာလနှစ်နှစ်အကြာတွင် အခန်းအပ်နှံမည်ဖြစ်ပြီး ကျန်ရှိသည့် ၂၈ နှစ် ကာလအတွင်း အခန်းဖိုးငွေကို လစဉ် ဆက်လက်ပေးသွင်း သွားရမည်ဖြစ်သည်။

"အစိုးရ အဖွဲ့ရဲ့ သီးသန့်ငွေစာရင်း တစ်ခုအဖြစ် အခန်းဖိုးသွင်းထားတဲ့ ငွေတွေကို ထိန်းသိမ်း ထားပါမယ်။ ကုမ္ပဏီက အခန်းမအပ် မချင်း ဒီငွေတွေကို ထိလို့မရပါဘူး။ ဆောက်လုပ်ဆဲကာလ အတွင်းမှာတော့ ကုမ္ပဏီဘက် က သူ့ငွေနဲ့ သူလုပ်ရမှာဖြစ်ပါတယ်" ဟု ဦးစော ကြည်လင်းက ပြောသည်။ ပေ ၂၀၊ ပေ ၃၀ အကျယ်အ၀န်းရှိ အခန်းများ ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ ၊ အလုပ်သမားကတ်များဖြင့် ဇန်န၀ါရီလ နောက်ဆုံးပတ်မှစတင် လျှောက်ထားဝယ်
ယူနိုင်ပြီး စတုရန်းပေ ၆၀၀ အကျယ်အ၀န်းရှိသည့် အခန်းများကိုလည်း လက်ငင်းငွေချေစနစ် သို့မဟုတ် အရစ်ကျစနစ်များဖြင့် ရောင်းချ မည်ဖြစ်သည်။ "တန်ဖိုးနည်း အိမ်ရာတွေ အများအပြား ဆောက်ချင်ပေမယ့် အဓိက လိုအပ်ချက် က ခွင့်ပြုမိန့်ပဲဖြစ်ပါတယ်။ ရန်ကုန် အပါ အ၀င် တိုင်းဒေသကြီး တော်တော်များများမှာလည်း လုပ်နိုင်ဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ နဲ့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်" ဟု The Infrastructure of Myanmar ကုမ္ပဏီ၏ အုပ်ချုပ်မှု
ဒါရိုက်တာ ဦးသန်းဦးကပြောသည်။

လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူလိုပါက အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၈၀ နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်လသုံးသောင်း သွင်း နှစ် ၃၀ အရစ်ကျ ၀ယ်ယူမည်ဆိုပါက နှစ် ၃၀ ပြည့်မြောက်သည့် အချိန်တွင် အခန်း တန်ဖိုးကျပ် ၁၀၈ သိန်းကျသင့်မည်ဟု သိရ သည်။ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရန် လိုအပ်သည့် မြေနေရာများ ရရှိရန် ဒေသခံ မြဌေးကြွယ်လင်း ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများအတွက် The Infrastructure of Myanmar က တာဝန်ယူရမည်ဖြစ်သည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service