မော်တင် လူကူးခုံးကျော်တံတား ဖွင့်လှစ်ရန် ရက်သတ်မှတ်

မော်တင် လူကူးခုံးကျော်တံတား ဖွင့်လှစ်ရန် ရက်သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
3 Feb 2016 11:05 am တွင် တင်ခဲ့သည်
2110 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီအနေဖြင့် ယာဉ်သွား လာမှုများပြားပြီး လူသွားလူလာများ သည့်နေရာများ၌ ယာဉ်အန္တရာယ် ကင်းရှင်းရေး လူကူးခုံးကျော်တံတား များ တည်ဆောက်ပေးလျက်ရှိရာ လမ်းမတော်မြို့နယ် လမ်းသစ်လမ်းရှိ စက်လှေကားပါ လူကူးခုံးကျော် တံတားကို မကြာမီဖွင့်လှစ်သွားရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်ဦးလှမြင့် က လာရောက်ကြည့်ရှု စစ်ဆေးပြီး ရက်သတ်မှတ်ပေးလိုက်သည်။

''ဖေဖော်ဝါရီ ၄ ရက်မှာ စတင် ဖြတ်သန်းခွင့်ပြုပါမယ်။ အဲဒီနေ့ကျရင် စတင်ဖြတ်သန်းသွားလာတဲ့ ပြည်သူ တွေကိုလည်း လက်ကိုင်ပဝါလို အမှတ်တရပစ္စည်းလေးတွေ ပေးနိုင် ဖို့ စီစဉ်ဖို့လိုပါတယ်''ဟု မြို့တော်ဝန် က ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်း တွင် လာရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားခဲ့ သည်။

အဆိုပါ လူကူးခုံးကျော်တံတားမှာ လမ်းမတော်မြို့နယ်လမ်း သစ်လမ်း နှင့် မော်တင်လမ်းတို့ကို ဆက်သွယ် ပေးထားပြီး ယခင်နှစ် ဧပြီလအတွင်းမှ စတင်ကာ တည်ဆောက်ရေးလုပ်ငန်း များ စတင်ခဲ့ကြောင်း သိရသည်။

ယင်းလူကူးခုံးကျော်တံတားသည် ရန်ကုန်မြို့၌ တည်ဆောက်ခဲ့သော လူကူးခုံးကျော်တံတားများအနက် ၁၃ စင်းမြောက် လူကူးခုံးကျော် တံတား ဖြစ်လာမည်ဖြစ်သည်။

ထိုလူကူး ခုံးကျော်တံတားမတိုင်မီက ဆူးလေ ၌ လူကူးခုံးကျော်တံတားနှစ်စင်း၊ သိမ်ကြီးဈေးရှေ့၌ နှစ်စင်း၊ ဗိုလ်ချုပ် လမ်း သူနာပြုတက္ကသိုလ်ရှေ့၌ တစ်စင်း၊ ဗိုလ်ချုပ်ဈေးရှေ့၌တစ်စင်း၊ ဒဂုံမြို့နယ် အလံပြဘုရားလမ်း၌ တစ်စင်း၊ ကန်တော်ကြီး တိရစ္ဆာန် ဥယျာဉ်ရှေ့၌ တစ်စင်း၊ မင်္ဂလာဒုံ အောင်ဆန်းသူရိယ လှသောင်း ကျောင်းရှေ့၌တစ်စင်း၊ ကမ္ဘာအေး ဂမုန်းပွင့်ရှေ့၌တစ်စင်း၊ ပန်းဆိုးတန်း- ကမ်းနားလမ်း၌တစ်စင်း၊ လှည်းတန်း မီးပွိုင့် အင်းစိန်လမ်းအနီး၌ တစ်စင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်အတွင်း ဆူးလေ-အနော်ရထာ လမ်းဆုံ၊ လမ်းမတော်-အနော်ရထာ (သံဈေးအနီး)၊ ဗဟန်း(၃)လမ်း၊ ပြည်လမ်း-အင်းလျားကန်ရှေ့၊ ပြည် လမ်း-မာလာဆောင်ရှေ့နှင့် ပြည် လမ်း-စိုက်ပျိုးရေး မှတ်တိုင်အနီးတို့ တွင်လည်း စုစုပေါင်း လူကူးခုံးကျော် တံတားခြောက်စင်းကို ထပ်မံ တည်ဆောက်လျက်ရှိကြောင်း သိရ သည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service