အစိုးရသစ်လက်ထက် ၂၀၁၆ ဧပြီ ၁ ရက်တွင် စတင် အသက်ဝင်မည့် ပြည်ထောင်စုအ ခွန်အကောက်ဥပဒေအရ ဝင်ငွေရ လမ်းဖော်ပြနိုင်ပါက အိမ်ခြံမြေ၊ ကားများ ဝယ်ယူရာတွင် အခွန် ပေးဆောင်စရာမလိုကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။
၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအခွန်အကောက် ဥပဒေတွင် နိုင်ငံသားမည်သူမဆို အခြေခံပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူ ခြင်းနှင့် လုပ်ငန်းအသစ်ထပ်မံတိုး ချဲ့ခြင်းတို့အတွက် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက ပြည် ထောင်စုအခွန်အကောက်ဥပဒေ တွင် တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀၀မှ ကျပ်သိန်း ၁,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ မှ အထက်ကို ၃၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဟု ပါရှိ သည်။
ထိုနှုန်းထားများသည် အိမ် ခြံမြေ၊ တိုက်ခန်း၊ ကား စသည်တို့ ကို ဝယ်ယူရာတွင် ဝယ်ယူသူက မည်သည့်လုပ်ငန်းမှ ဝင်ငွေရရှိ ကြောင်း တိတိကျကျမတင်ပြနိုင် လျှင် ပေးဆောင်ရမည့်နှုန်းထား ဖြစ်သည်။
မိမိဝင်ငွေနှင့်ပတ်သက် ၍ တိတိကျကျတင်ပြနိုင်ပါက အဆိုပါအခွန်နှုန်းထားကို ပေး ဆောင်စရာမလိုကြောင်း ပြည် တွင်းအခွန်ဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူးက ရှင်း ပြသည်။
‘‘ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြည်သူကို အသိပေးသင့်တယ်။ အပြင်မှာ ပြည်သူတွေကစိုးရိမ် နေကြတယ်’’ဟု မြန်မာနိုင်ငံကုန် သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌတစ်ဦးက ပြောသည်။
ယခင် ၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေတွင် ဝင်ငွေရလမ်းဖဖော်ပြ နိုင်ပါက အိမ်ခြံမြေ၊ တိုက်ခန်း၊ ကားများ ဝယ်ယူလျှင် တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ၃ ရာခိုင် နှုန်းသာ ကောက်ခံသည်။ ထိုသို့ နှုန်းထားသတ်မှတ်ရခြင်းသည် အစိုးရဝင်ငွေရရှိရန် ရည်ရွယ်ခဲ့ ခြင်းဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
သို့သော် လစာဝင်ငွေမှ ကောက်ခံသော ဝင်ငွေခွန်နှုန်း ထားသည် တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ ကြားကို ၂၀ ရာခိုင်နှုန်းရှိနေသဖြင့်ဝင်ငွေရလမ်းမဖော်ပြနိုင် သော ငွေများအပေါ်တွင် အခွန် ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသင့်ကြောင်း လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဝင်းမြင့်က လွှတ်တော်တွင် အကြံပြုသည်။
အကြံ ပြုချက်အတိုင်းပင် ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာလင်းအောင်က ဥပဒေအ တည်ပြုနိုင်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသဖြင့် လွှတ်တော်ကလည်း အတည်ပြုခဲ့ သည်။
ထိုသို့ နှုန်းထားမြှင့်တင်မှု ကြောင့် အိမ်ခြံမြေဝယ်ယူမှုတွင် အရောင်းအဝယ်ပိုအေးပြီး အခွန် ငွေရရှိမှု ပိုမိုလျော့နည်းနိုင် ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက် သည် အရောင်းအဝယ်များအေး နေပြီး ဈေးနှုန်းများ ကျဆင်းလာ နေကြောင်း မဏ္ဍိုင် အိမ်ခြံမြေအ ကျိုးဆောင် ဦးသန်းဦးက ဆို သည်။
အိမ်ခြံမြေဈေးကွက်တွင် အစိုးရက နှစ်စဉ်သတ်မှတ်သော ဝင်ငွေခွန်နှုန်းထားသည် အကျိုး သက်ရောက်မှုများရှိခဲ့သော်လည်း ၂၀၁၅ နောက်ပိုင်း၌ တရုတ်နိုင်ငံ က တရားမဝင်ငွေစီးဝင်မှု ထိန်း ချုပ်ခြင်း၊ မြန်မာနိုင်ငံမှလည်း ငွေ ကြေးခဝါချမှု တိုက်ဖျက်ရေးအနေ ဖြင့် ကျပ်သိန်း ၁,၀၀၀ အထက် ဝယ်ယူမှုများအပေါ် အစိုးရ၏စောင့်ကြည့်မှုများကြောင့် အိမ်ခြံမြေဈေးကွက်အရောင်းအဝယ် အေးလာကြောင်း အကျိုးဆောင် များက ပြောကြားသည်။
Credit: 7Daydaily