ကိုရီးယားနိုင်ငံပိုင် မြေနှင့်အိမ်ရာစီမံကိန်းကော်ပိုရေး ရှင်းနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနအောက် ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဌာနတို့ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက် မည့် စီးပွားရေးဇုန်စီမံကိန်း တစ်ခုကို မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက် ရရှိပါက လာမည့်နှစ်အတွင်း စတင် အကောင်အထည်
ဖော်တော့ မည်ဖြစ်ကြောင်း နှစ်ဖက်ဌာနမှ
တာဝန်ရှိသူများက ပြောသည်။
ရန်ကုန်မြို့ရှိ အစိုးရပိုင် မြေဧက ၆၀၀ ပေါ် တွင်တည်ဆောက်ရန် လျာထားသည့်အဆိုပါ
စီမံကိန်းသည် ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၁၂၀ နီးပါးအကုန်အကျခံ တည်
ဆောက်သွားမည်ဖြစ်ပြီး သီလ၀ါနှင့် မင်္ဂလာဒုံစီးပွားရေးဇုန်များကို စံနမူနာယူတည်ဆောက်
သွားမည်ဖြစ်ကာ ရှယ်ယာအချိုး အစားကိုလည်း ၎င်းတို့နှင့်ပုံစံတူအချိုးအစားအတိုင်း
ခွဲယူမည်ဖြစ်ကြောင်း Korea Land and Housing Coporation မှ မစ္စတဲာJae-dong Lim
ကပြောသည်။
"ဇန်န၀ါရီ ၁၄ ရက်မှာပဲ အစိုးရအဖွဲ့နဲ့ စီးပွားရေးကော်မတီတွေက ကျွန်တော်တို့ ၂၀၁၅ ခုနှစ်၊
အောက်တိုဘာလအတွင်းက တင်ပြခဲ့တဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ပြီ ဆိုတဲ့သတင်းကောင်း
ကြားရပါပြီ" ဟု ၎င်းက ပြောသည်။ ကိုရီးယား -မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ
စီးပွားရေးဇုန်ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့နှင့် ကီလိုမီတာ ၄၀ အကွာတွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး ပြည်တွင်း ဖြန့်ဖြူးမည့်ထုတ်ကုန်များကို ဦးစားပေး
ထုတ်လုပ်မည့် စီးပွားရေးဇုန်အမျိုးအစားမျိုးဖြစ်ကြောင်း မစ္စတာ Lim က ပြောသည်။
"သီလ၀ါကတော့ ပြည်ပကို တင်ပို့တဲ့ကုန် ပစ္စည်းထုတ်လုပ်မှုတွေကို ဦးစားပေးတယ်။
ကျွန်တော်တို့စီမံကိန်းကတော့ ကုန်းတွင်းပိုင်း မှာလုပ်တာမျိုးဖြစ်တဲ့အတွက် ပြည်တွင်းကို
ဖြန့်မယ့် ကုန်ပစ္စည်းထုတ်လုပ်မှုပိုင်း၊ ဆောက် လုပ်ရေးသုံး ပစ္စည်းထုတ်လုပ်မှု၊ လျှပ်စစ်
ပစ္စည်းထုတ်လုပ်မှုနဲ့ တခြားအလှကုန်ထုတ် လုပ်မှုပိုင်းဆိုင်ရာတွေကို ထားရှိမှာဖြစ်ပါတယ်" ဟု
၎င်းက ပြောသည်။ Korea Land and Housing Coporation ၏ပထမဆုံးသော ရင်းနှီးမြှုပ်နှံ
မှုဖြစ်သည့် အဆိုပါစီမံကိန်းကို စိတ်ဝင်စားသည့် ကိုရီးယား ရင်နှီးမြှုပ်နှံသူအများအပြားရှိနေပြီး
ခွင့်ပြုချက် ရရှိပါက ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက် ရန် ရည်မှန်းထားကြောင်းနှင့်
သုံးနှစ်အတွင်း လုပ်ငန်း စတင်လည်ပတ်မည်ဟုလည်း မစ္စတာ Lim က ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန ပြည်သူ့ ဆက်ဆံရေးဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက
"အစိုးရချင်းလုပ်ဆောင်သည့် အဆိုပါစီမံကိန်းသည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာရန်ရည်ရွယ်ထား ကြောင်း" ပြောသည်။ " စိတ်ဝင်စားတဲ့
အကျိုးတူပူးပေါင်းရင်းနှီး မြှုပ်နှံသူတွေကို မကြာခင်မီဖိတ်ခေါ်သွား မှာဖြစ်ပါတယ်" ဟု
၎င်းက ပြောသည်။
Credit: The Myanmar Time