အသုံးမပြုတော့တာကြာ ပြီဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်၍ ရနိုင်သည့် အိမ်ခြံမြေများကို ရှာဖွေပေးခြင်း သည် လန်ဒန်တွင် ၀င်ငွေဖန်တီးပေးသည့် အလုပ်အကိုင် တစ်ခု ဖြစ်လာသည်။
နေအိမ်သစ်ဆိုးဆိုးရွားရွားပြတ်လပ်မှုက အိမ်ခြံမြေဖွံ့ဖြိုးရေး လုပ်ငန်းများကို အရေးပေါ်ဖြေရှင်းနည်း အစီအမံများ ပြုလုပ်ရန် တွန်းပို့နေသည်။
ယင်းအကျပ်အတည်းဆိုးရွားနေသည့် လန်ဒန်တွင် လက်ရှိရောင်းချနေသည့် အိမ်ခြံမြေအရေအတွက်သည် အလွန်နည်းပါးနေသည်။ ယင်းက အိမ်ဈေးများကို မြင့်တက်စေပြီး မြေနှင့်အဆောက်အအုံပိုင်ရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအကြား အရောင်းအ၀ယ်ညှိနှိုင်းရခက်စေသည်။
သို့ဖြစ်ရာ အသုံးမပြုတော့တာ ကြာပြီဖြစ်ပြီး ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်၍ရနိုင်သည့် အိမ်ခြံမြေများအကြောင်း သတင်းအချက်အလက်ဝယ်ယူ၍ ယင်းပြဿနာအား ကုမ္ပဏီအချို့က ဖြေရှင်းနေသည်။
ယင်းနည်းလမ်းက လူစည်ကား၍ အပြိုင်အဆိုင်ဖြင့် ၀ယ်ယူရသော လေလံပွဲများကို ၀ယ်သူ များအား ရှောင်ကြဉ်ခွင့်ရစေသည်။
အိမ်ခြံမြေဖွံ့ဖြိုးရေးကုမ္ပဏီတစ်ခုအတွက် ယင်းသို့အိမ်ရှာဖွေပေးနေသည့် အမျိုးသားတစ်ဦးက သူသည် ယင်းအလုပ်မှ ရသည့်ဝင်ငွေဖြင့် လန်ဒန်တွင် ၂၀၂၅ ခုနှစ်မတိုင်မီ နေအိမ်တစ်လုံး ၀ယ်ယူလိုကြောင်း ပြောကြားခဲ့သည်။ အိမ်ခြံမြေတစ်ခုလျှင် အနည်းဆုံး ပေါင် ၅၀၀ ရသည်ဟုလည်း သူက ပြောကြားခဲ့သည်။ ယခုအခါ ၎င်းတွင် ယင်းအလုပ်မှ ၀င်ငွေ ထောင်နှင့်ချီရှိပြီဟု သိရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)