တစ်လ ကျပ်သုံးသောင်းမှ ငါးသောင်းဝန်းကျင်ဖြင့် ငှားရမ်းမည့် အခန်းပေါင်း ၁၂၀၀ ပါဝင်သော မဟာဗန္ဓုလ အငှားအိမ်ရာစီမံကိန်း ဒဂုံမြို့သစ် တောင်ပိုင်း၌ စတင်ဆောက်လုပ်

တစ်လ ကျပ်သုံးသောင်းမှ ငါးသောင်းဝန်းကျင်ဖြင့် ငှားရမ်းမည့် အခန်းပေါင်း ၁၂၀၀ ပါဝင်သော မဟာဗန္ဓုလ အငှားအိမ်ရာစီမံကိန်း ဒဂုံမြို့သစ် တောင်ပိုင်း၌ စတင်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
26 Jan 2016 10:40 am တွင် တင်ခဲ့သည်
1564 ကြိမ် ကြည့်ရှု့ပြီး
တစ်လ ကျပ်သုံးသောင်းမှ ငါးသောင်းဝန်းကျင်ဖြင့် ငှားရမ်းမည့် အခန်းပေါင်း ၁၂၀၀ ပါဝင်သော မဟာဗန္ဓုလ အငှားအိမ်ရာ စီမံကိန်းကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် စတင် ဆောက်လုပ်နေကြောင်း သိရ သည်။

အဆိုပါ အငှားအိမ်ရာ စီမံကိန်းဆောက်လုပ်ရန် ပုဂ္ဂလိကကုမ္ပဏီ ၂၆ ခုကို တာဝန်ချထားပေးခဲ့ပြီး ယင်းကုမ္ပဏီ ၂၆ ခုက အပိုင်းလိုက် ခွဲဝေတည်နေခြင်းဖြစ်ကာ Myanmar Land & Development ကုမ္ပဏီ၊ Advanced Global Technologics Construction ကုမ္ပဏီ၊ မနောဧရာ ဆောက်လုပ်ရေး ကုမ္ပဏီ၊ ခိုင်ရတီကုမ္ပဏီ၊ ကြယ်မြင့်မိုရ် စသည့် ကုမ္ပဏီများ ပါဝင် တည်ဆောက်နေခြင်းဖြစ်ပြီး ဇန်န၀ါရီ လဆန်းပိုင်းမှစတင်၍ လုပ်ငန်းလုပ်ကိုင်ခွင့် စတင် ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ရာကို ရန်ကုန်မြို့ရှိ အိမ်မ၀ယ်ယူနိုင်သည့် သူများအတွက် အဓိက ရည်ရွယ်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ယင်းအိမ်ရာကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် ၂ လမ်းမကြီးနှင့် မဟာဗန္ဓုလမ်းထောင့်ရှိ မြေ ၁၂ ဒသမ ၅၃၄ ဧကပေါ် တွင် အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး အဆိုပါအိမ်ရာရှိ အခန်းတစ်ခန်းလျှင် အိပ်ခန်းတစ်ခု၊ အိမ်သာ၊ ရေချိုးခန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ အကျယ်အ၀န်းအားဖြင့် ၅၆၉ ဒသမ ၅ စတုရန်းပေရှိမည်ဖြစ်ကြောင်း၊ အခန်းများကို ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်ထားရမည့်ပုံစံကို ကပ်ထား၍ ကုန်ကျစရိတ် မရှိဘဲ လျှောက်ထားနိုင်အောင် လုပ်ဆောင်ပေးရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆိုသည်။

"မိသားစုတစ်စုကို တစ်စောင်ပဲ လျှောက်ထားခွင့်ပြုတယ်။ အိမ်ငှားနေကြောင်း၊ အိမ်မပိုင်ကြောင်း အထောက်အထားတစ်ခု ပြရမယ်။ အဲဒီလျှောက်လွှာပုံစံတွေကို သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ ကပ်ပေးထားမယ်။ လျှောက်ချင်တဲ့သူတွေက ပုံစံကူးပြီး လျှောက်ရုံပဲ။ အဲဒီလို လုပ်ပေးဖို့ စီစဉ်ထားတယ်။ အိမ်ငှားခကိုလည်း လစဉ်ပဲ ပေးသွင်းစေမှာပါ။ ဒါမှလည်း အလွယ်တကူရှာပြီး ပေးသွင်းလို့ရမယ်။ ငှားခကတော့ သုံးသောင်းကနေ ငါးသောင်း ၀န်းကျင်အထိပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိ အဆိုပါကုမ္ပဏီများမှ အိမ်ရာများကို မိမိတာဝန်ယူသည့် အပိုင်းလိုက် တည်ဆောက်မှုများ စတင်ပြုလုပ်နေပြီး မတ်လကုန်တွင် အပြီးတည်ဆောက်ရန် လျာထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။

ယင်းအိမ်ရာတည်ဆောက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ငွေကျပ် ၂၀ ဘီလျံ ချထားပေးခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုတည်ဆောက်မည့် အိမ်ရာအခန်းပေါင်း ၁၂၀၀ သည် ရန်ကုန်မြို့တွင် အိမ်မပိုင်ဆိုင်သေးသူဦးရေနှင့် ယှဉ်ပါက များစွာနည်းပါးနေပြီး လုံလောက်မှု ရှိနိုင်မည်မဟုတ်ကြောင်း၊ ထို့ပြင် အမှန်တကယ် လိုအပ်သူထက် နီးစပ်ရာသူများကို ငှားရမ်းမည်ကိုလည်း အများစုက စိုးရိမ်မှုရှိနေကြသည်။

အဆိုပါအိမ်ရာကို လျှောက်ထားသူ များပြားပါက မဲနှိုက်သည့်စနစ်ဖြင့် ရွေးချယ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Credit: eleven media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service