ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက လျှောက်ထားသည့် မြေဧက သုံးသောင်းကျော်မှာ ဒေသခံများထံမှ သိမ်းဆည်းရန် မဟုတ်ဘဲ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားခြ

ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက လျှောက်ထားသည့် မြေဧက သုံးသောင်းကျော်မှာ ဒေသခံများထံမှ သိမ်းဆည်းရန် မဟုတ်ဘဲ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားခြ - Property News in Myanmar from iMyanmarHouse.com
26 Jan 2016 10:39 am တွင် တင်ခဲ့သည်
1098 ကြိမ် ကြည့်ရှု့ပြီး
တနသာင်္ရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်ရှိ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အသုံးပြုရန် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ လျှောက်ထားသည့် ရေဖြူမြို့နယ် အတွင်းရှိ လယ်မြေ ၃၁၆၂၀ ဒသမ ၉၆၁၂ ဧကအား သီးနှံစိုက်ပျိုးမှု မဟုတ်ဘဲ အခြားနည်းဖြင့် အသုံးပြုရန် မြေပုံနှင့်တကွ ဖော်ပြ၍ ဇန်န၀ါရီ ၃၀ ရက်မတိုင်မီ ကန့်ကွက်လိုသူများ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာထုတ်ပြန်မှုမှာ ထားဝယ် စီမံကိန်းပြန်လည် စတင်ပါက အဆင်သင့် ဖြစ်နေစေရန် လုပ်ထုံးလုပ်နည်းအရ ကြိုတင် ဆောင်ရွက်ထားခြင်း ဖြစ်ပြီး ဒေသခံများ ပိုင်ဆိုင်သည့်မြေကို လျော်ကြေး မပေးရသေးဘဲ လုံးဝအသုံးပြုသွားမည် မဟုတ်ကြောင်း တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားသည်။

ရေဖြူမြို့နယ် ကျေးရွာအုပ်စု ကိုးခုရှိ ကွင်းအမှတ်ပေါင်း ၄၉ ကွင်း၊ ဦးပိုင်အမှတ် ၅၄၂၉ ခု ၊ ဧရိယာ ၃၁၆၂၀ ဒသမ ၉၆၁၂ ဧကရှိ မြေပုံနှင့်တကွ ဖော်ပြထားသော လယ်ယာမြေကို အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်း အသုံးပြု ဆောင်ရွက်ခွင့်ရရန် လျှောက်ထားသဖြင့် ၎င်းမြေအား သီးနှံစိုက်ပျိုးမှု မဟုတ်ဘဲ အခြားနည်းဖြင့် အသုံးပြုရန် ခွင့်မပြုသင့်ကြောင်း ကန့်ကွက်လိုလျှင် ၂၀၁၆ ဇန်န၀ါရီ ၃၀ ရက် မတိုင်မီ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရုံးသို့ မည်သူမဆို လာရောက်ကန့်ကွက်နိုင်ကြောင်း၊ ကန့်ကွက်လွှာများ မရလျှင် လျှောက်ထားသည့်အတိုင်း အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအား လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ အရ ဆက်လက် ဆောင်ရွက်သွားမည်ဟု ရေဖြူမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက ၂၀၁၆ ဇန်န၀ါရီ ၁ ရက် နေ့စွဲပါစာဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းသို့ ကြော်ငြာပြီးနောက် ဒေသခံများထံမှ ၎င်းတို့ ပိုင်လယ်ယာမြေများကို သိမ်းယူမည့် အထင်ဖြင့် လာရောက်စုံစမ်းမှုများ ရှိခဲ့ပြီး ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို သိမ်းဆည်းရန် ကြော်ငြာခြင်း မဟုတ်ကြောင်း ရှင်းလင်းပေးရမှုများ ရှိသည်ဟု တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ချိုက ဆိုသည်။

"ထားဝယ် စီမံကိန်းအတွက် စက်မှုမြေငှားဂရန် လျှောက်ထားနိုင်ဖို့ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် ကြိုတောင်းပေးတာပါ။ ကန့်ကွက်လို့ ရပါတယ်။ အခုဟာက လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်ရဖို့ လျှောက်ထားတာပါပဲ။ သိမ်းတာမဟုတ်ပါဘူး။ လယ်ယာမြေကို လမ်းနဲ့အဆောက်အအုံတွေ ဆောက်ဖို့ တိုက်ရိုက်အသုံးပြုလို့ မရတော့ စီမံကိန်း လုပ်ဖြစ်တာနဲ့ အသင့်ဖြစ်နေအောင် မြေအမျိုးအစား ပြောင်းလို့ရအောင် လုပ်တာပါ။ အခြားနည်းနဲ့ အသုံးပြုခွင့်ရရင် မြေအတွက် လျော်ကြေးပေးပြီးမှ မြေပေါ်မှာ အသုံးပြုမယ့်လုပ်ငန်း အမျိုးအစားကိုလိုက်ပြီး ထပ်လျှောက်ရမှာ။ လျော်ကြေးကိုတော့ ရပ်ရွာဒေသ လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍ ဆပ်ကော်မတီကနေပြီး လျော်ပေးမှာ ဖြစ်ပါတယ်။ ဒေသခံတွေ လျော်ကြေးယူ မယူကလည်း အဲဒီကော်မတီနဲ့ပဲ ဆိုင်မယ်။အခုကတော့ လယ ၂၉ အရ လျှောက်တာပါပဲ။အရင်ကတော့ ဒါကို လန ၃၉ လို့ ခေါ်တာပေါ့။ ဒေသခံတွေရဲ့ မြေကို လျော်ကြေးမပေးသေးဘဲ နှစ်ဦးနှစ်ဖက် သဘောတူ ကျေနပ်တဲ့ လျော်ကြေးကို လုံးဝမယူသေးဘဲနဲ့ ရွာသားတွေပိုင်တဲ့မြေကို လုံးဝမထိပါဘူး" ဟု တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ချိုက ပြောကြားသည်။

စီမံကိန်းဧရိယာ အတွင်းပါရှိသည့် ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို လျော်ကြေးမယူရသေးပါက ၂၀၁၂ မြေယာဥပဒေအရ လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ပြီး ကန့်ကွက်လွှာ ခေါ်ယူထားမှုနှင့် ပတ်သက်၍ ကန့်ကွက်လိုပါက ကြော်ငြာစာထုတ်ပြန်သည့် သက်ဆိုင်ရာ မြို့နယ်ရုံး၌ ကန့်ကွက်နိုင်သည့်အပြင် လိုအပ်ပါကကွင်းဆင်းစစ်ဆေးပေးမည် ဖြစ်ကြောင်း၊ မြေယာသိမ်းဆည်းမှု ကိစ္စနှင့် ပတ်သက်၍ ပေါ်ထွက်နေသော သတင်းများအပေါ် မရှင်းလင်းပါကလည်း ထားဝယ်စီမံကိန်းရှိ အထောက်အကူပြုရုံးတွင် အချိန်မရွေး လာရောက်မေးမြန်းနိုင်ကြောင်း ဦးခင်မောင်ချိုက ပြောကြားသည်။

Credit: ElevenMediaGroup

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service