ဖိလစ်ပိုင်မြောက်ပိုင်း လူဇွန်ကျွန်း Benguet ပြည်နုယ် La Trinidad မြို့ရှိ အိမ်ခြေ ၅၀၀ ခန့်ရှိသည့် Stone Hill တောင်ကုန်းအရပ်သည် ဘရာဇီးမြို့တော် ရီယိုဒီဂျနေးရိုးနှင့်အလားတူစွာ ကြီးမားသည့် နံရံဆေးရေးပန်းချီများ၊ ရောင်စုံလျှောက်လမ်းများဖြင့် ဝေဆာလှပသည့်အရပ်တစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။
ယင်းအရပ်ဒေသ၏ ခရီးသွားလုပ်ငန်းတိုးတက်စေရန်နှင့် ယင်းမြို့အား လုံခြုံ၊ သန်းရှင်းပြီး ဘ၀ရှင်သန်နေထိုင်ရေးအဆင်ပြေသောမြို့ ဖြစ်လာစေရေး စီမံကိန်းတစ်ခုဖြစ်သည်။
၎င်းစီမံကိန်းကို အိမ်ခြေ ၂၀၀ ခန့် သဘောတူပြီးဖြစ်ကြောင်း La Trinidad မြို့တော်ဝန် အက်ဒ်နာတာဘန်ဒါက ပြောကြားခဲ့သည်။
ယင်းစီမံကိန်းအတွက် ပြည်တွင်းရေပန်းစားသော သုတ်ဆေးကုန်အမှတ်တံဆိပ်နှစ်ခုမှ ပံ့ပိုးကူညီမည်ဖြစ်သည်။
Tam-awanကျေးရွာပန်းချီပညာရှင်များအသင်းဝင် ၁၅ ဦးထက်မနည်းကလည်း စီမံကိန်းတွင် ပူးပေါင်းပါဝင်လိုကြောင်း ထုတ်ပြန်ထားသည်။
စီမံကိန်းအား ယခု ၂၀၁၆ ခုနှစ် ပထမသုံးလပတ်ကုန်တွင် အကောင်အထည်ဖော်ပြီးစီးရန် ရည်မှန်းထားကြသည်။
ဘရာဇီးမြို့တော် ရီယိုဒီဂျနေးရိုး၏ Favela Art Paint Project သည် ကမ္ဘာတစ်လွှားမှ ခရီးသွားဧည့်သည်များနှင့် အနုပညာချစ်မြတ်နိုးသူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်က ယင်း ရီယိုဒီဂျနေးရိုးမြို့သည် The Incredible Hulk ဟောလိဝုဒ်ရုပ်ရှင်တွင် ထင်ရှားစွာဖော်ပြခံခဲ့ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)