နိုင်ငံခြားသားများအား ရောင်းခွင့်ရှိသည်သော ကွန်ဒိုမီနီယံ ဥပဒေကြောင့် အိမ်ခြံမြေဈေးကွက် ဥပဒေ၏ အကျိုးသက်ရောက်မှုကို စောင့်ကြည့်ရန်လို

နိုင်ငံခြားသားများအား ရောင်းခွင့်ရှိသည်သော ကွန်ဒိုမီနီယံ ဥပဒေကြောင့် အိမ်ခြံမြေဈေးကွက် ဥပဒေ၏ အကျိုးသက်ရောက်မှုကို စောင့်ကြည့်ရန်လို - Property News in Myanmar from iMyanmarHouse.com
25 Jan 2016 10:55 am တွင် တင်ခဲ့သည်
832 ကြိမ် ကြည့်ရှု့ပြီး
စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပြီးပါက အိမ်ခြံမြေ ဈေးကွက်အတွင်း နိုင်ငံခြားသားများမှ ၀ယ်ယူမှုများ အပါအ၀င် အရောင်းအ၀ယ် ပိုမိုဖြစ်လာနိုင်သော်လည်း ယင်းဥပဒေ၏ အကျိုးသက်ရောက်မှုကို အချိန်ကာလ တစ်ခုအထိ စောင့်ကြည့်ရန် လိုအပ်ဟု အိမ်ခြံမြေဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်မှုများ ရှိနေသည်။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်တွင် အဆိုပါ ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းတွင် စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်မည့် မြေဧရိယာသည် အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက် ရှိရမည့် အချက်အပါအ၀င် နိုင်ငံခြားသား ပိုင်ဆိုင်မှုအဖြစ် ရာခိုင်နှုန်း ၄၀ ရှိမည့် အချက်များ ပါဝင်ခဲ့သည်။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း အတည်ပြုခဲ့သည့်အတွက် ယခင်က စံချိန်စံညွှန်းများနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများအား မယုံကြည်မှုများ အထိုက်အလျောက် လျော့နည်းစေနိုင်မည် ဟုလည်း သုံးသပ်မှုများ ရှိခဲ့သည်။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း ထွက်ပေါ်လာပါက နိုင်ငံခြားသားများ ၀ယ်ယူခွင့် ပါဝင်လာသဖြင့် ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအ၀ယ်မှာ ပိုမိုဖြစ်ထွန်းလာမည်ဟုလည်း အိမ်ခြံမြေဆိုင်ရာ အကျိုးဆောင်များက ခန့်မှန်းထားကြသည်။

"ကွန်ဒိုမီနီယံ (စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ) ဥပဒေက အခုလွှတ်တော်က အတည်ပြုလိုက်တယ်ပေါ့။ ဒီဥပဒေကို ကျွန်တော်တို့ အိမ်၊ ခြံ၊ မြေလောကသားတွေ အားလုံးကြိုဆိုကြတယ်။ အားလုံးက စောင့်မျှော်ကြတယ်။ အခုအချိန်ကျမှ ထွက်လာတာ။ အားလုံးက ၀မ်းသာစွာနဲ့ ကြိုဆိုကြပါတယ်။ အိမ်ခြံမြေ လောကအပေါ်မှာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှု ရှိမလဲဆိုတော့ နိုင်ငံခြားသားတွေကို ၀ယ်ယူခွင့်ပြုလိုက်တဲ့ အတွက်ကြောင့် ပြည်တွင်းမှာ အခြေချ နေထိုင်ကြတဲ့ နိုင်ငံခြားသား အများအပြား ရှိတယ်။ သူတို့တွေသာ ပေးဝယ်ခွင့်ပြုတယ်ဆိုရင် အမှန်တကယ် ၀ယ်ယူပြီး နေထိုင်ကြမှာပေါ့။ ဈေးကွက်ထဲမှာ အရောင်းအ၀ယ်တွေ ပိုပြီးတော့ ဖြစ်လာလိမ့်မယ်။ နောက်တစ်ချက်ကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အပေါ်မှာ အများပြည်သူက ယုံကြည်မှုတွေ ပျက်ပြားနေကြတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ စံချိန်စံညွှန်း မမီတာတို့၊ ကွန်ဒိုမီနီယံနဲ့ မကိုက်ညီတဲ့ စံချိန်စံညွှန်းတွေ ဖြစ်နေတာတွေ ရှိတယ်။ အဲဒီအတွက်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေ အပေါ်မှာ ယုံကြည်မှုတွေ ပျက်ပြားနေတယ်။ ဒီကွန်ဒိုမီနီယံ ဥပဒေ ထွက်ပေါ်လာတဲ့ အတွက်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေက နိုင်ငံတကာ အဆင့်မီဖြစ်အောင် ထိန်းကျောင်းသွားဖို့ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။ အများပြည်သူတွေ ယုံကြည်မှု ပျက်ပြားနေတာကနေ ယုံကြည်မှု ပြန်ရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု အွန်လိုင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း iMyanmarHouse.com မှ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက သုံးသပ် ပြောကြားသည်။

"အခုလွှတ်တော်က အတည်ပြုလိုက်တဲ့ ကွန်ဒိုဥပဒေကြောင့် ကွန်ဒိုဈေးတွေ ကောင်းလာနိုင်တယ်။ အရမ်းကြီး သိသိသာသာမြင့် တက်သွားတာ မဟုတ်ပေမယ့် နိုင်ငံခြားသားပါ ၀ယ်လို့ရတာကြောင့် ဈေးနည်းနည်း တက်နိုင်မယ်။ အိမ်ခြံမြေ ဈေးကွက်မှာ အစကတည်းက နိုင်ငံခြားသား လာဝယ်ရင် နဂိုက သိန်း ၁၀၀ ပေမယ့်သူဝယ်ရင် သိန်း ၁၅၀ လည်း ဖြစ်နိုင်တယ်။ ဒါက ပွဲစားတွေ နဂိုကတည်းက လှည့်ကွက် လုပ်နေကျပါ။ အခုက တရားဝင် ခွင့်ပြုလိုက်တော့ ကွန်ဒိုဈေးမြင့် နိုင်တယ်လို့ ကျွန်တော့်အနေနဲ့ ထင်တယ်။ တိုက်ခန်းနဲ့ ကွန်ဒိုယှဉ်ရင်တောင် ကွန်ဒိုဈေး မြင့်နိုင်ပေမယ့် မြေဈေးမှာတော့ တော်တော်ဈေးကျနေတယ်။ အဲဒါကြောင့် ကွန်ဒိုဘက်ကို ပြန်ပြီးလှည့်မယ် ဈေးကစားမယ်လို့ ထင်ပါတယ်" ဟု အိမ်ခြံမြေ အကျိုးဆောင် ကိုဇင်မောင်က ပြောကြားသည်။

ဇန်န၀ါရီ ၂၂ ရက်က ပြည်ထောင်စု လွှတ်တော်၌ စုပေါင်းပိုင် အဆောက်အအုံ၏ ရာခိုင်နှုန်း ၄၀ ထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ ရောင်းချနိုင်ခွင့်ရှိသည်ဟု ဥပဒေတွင် ထည့်သွင်း၍ အတည်ပြုခဲ့သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားများ ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းများကို ၀ယ်ယူရန် စိတ်ဝင်စားမှုများ ရှိခဲ့ပြီး ကွန်ဒိုမီနီယံ ဥပဒေကို စောင့်ဆိုင်းနေကြသည်ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်း အသိုင်းအ၀ိုင်းက ပြောကြားသည်။

"ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း စတဲ့နေရာတွေက ကွန်ဒိုတွေပါ နိုင်ငံခြားသားတွေ စိတ်ဝင်စားနေကြတယ်။ ဒါပေမဲ့ ကွန်ဒိုမီနီယံ ဥပဒေ မထွက်သေးတော့ ၀ယ်ဖို့ခက်နေကြတယ်။ နိုင်ငံခြားသားတွေ အနေနဲ့က မြန်မာနိုင်ငံမှာ တိုက်ခန်းတွေ မ၀ယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ခန်းတွေမှာက နှစ်ဦးနှစ်ဖက်ပဲ အရောင်းအ၀ယ် စာချုပ်ချုပ်ကြတာ။ နိုင်ငံတကာမှာဆိုရင် အစိုးရက၀င်ပြီး အရောင်းအ၀ယ် စာချုပ်ကို တရားဝင် အသိအမှတ်ပြုပေးတော့ နိုင်ငံခြားသားတွေက အဲဒီလို ခိုင်မာမှုရှိတာကိုပဲ လိုချင်ကြတယ်။ ကွန်ဒိုမီနီယံ ဥပဒေ ထွက်လာရင်တော့ နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းတွေ ၀ယ်နိုင်ပြီး ပိုင်ဆိုင်မှုတွေ ခိုင်မာလာမှာ ဖြစ်ပါတယ်" ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

"ကွန်ဒို Law ကပြောရရင် နည်းနည်းတောင် နောက်ကျနေတယ်။ အခုခွင့်ပြု တော့ ဘာသွားတွေ့လဲဆိုတော့ စတုရန်းပေ နှစ်သောင်းဆိုတာ များနေတယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီလိုမြေနေရာတွေက နည်းနည်း ရှားသွားပြီ။ မြေဧရိယာကတော့ နည်နည်းစဉ်းစားဖို့ လိုတယ်လို့ မြင်ပါတယ်" ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးမြင့်ဆွေက ပြောကြားသည်။

"နိုင်ငံခြားသား ၀ယ်ခွင့်ပြုတာ ကောင်းပါတယ်။ အချိုးကျ သတ်မှတ်ထားတော့ အကုန်လုံးတော့ မပိုင်ဘူးပေါ့။ သူများနိုင်ငံတွေလည်း ၀ယ်ခွင့်ပေးနေတာပဲ။ အရောင်းအ၀ယ်လည်း သွက်တာပေါ့" ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးမြင့်ဆွေက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများ အနေဖြင့် မြေ၀ယ်ယူရန်မှာလည်း မြေဈေးနှုန်း လွန်စွာကြီးမြင့်နေသဖြင့် ကွန်ဒိုတိုက်ခန်းများကိုသာ ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားကြကြောင်း သိရသည်။

ပည်ထောင်စုလွှတ်တော်က စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းတွင် စုပေါင်းပိုင်မြေပေါ်တွင် စုပေါင်း အဆောက်အအုံအပြင် ဆောက်လုပ်ထားသော ခြောက်ထပ်နှင့် အထက်ရှိသည့် အထပ်မြင့် အဆောက်အအုံကို ဆိုလိုကြောင်း၊ စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့် အထက် ရှိရမည် အတည်ပြုခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် စုပေါင်းပိုင် အဆောက်အအုံ တစ်ခုဖြစ်ရန် သတ်မှတ်အထပ်အရေအတွက်၊ အိမ်ခန်းအရေအတွက်၊ လုံလောက်သော ယာဉ်ရပ်နားရန် နေရာနှင့် စုပေါင်းပိုင်သူများ အသုံးပြုရန် စီမံထားရှိရမည့် စုပေါင်းပိုင် ပစ္စည်းများ၊ ယင်းအဆောက်အအုံနှင့် ပစ္စည်းများ၏ နည်းပညာ အဆင့်အတန်း၊ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများ စသည်ဖြင့် စံချိန်စံညွှန်းများကို သတ်မှတ်ထားရမည်ဟု ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

ယခုအတည်ပြုလိုက်သည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းအရ ကွန်ဒိုတိုက်ခန်း ၀ယ်ယူသူများ အနေဖြင့် မြေပိုင်ဆိုင်မှုကိုလည်း ရရှိမည်ဖြစ်ပြီး ကွန်ဒိုပျက်စီးသွားပါကလည်း ဥပဒေအရ မြေပေါ်တွင် အကျိုးခံစားခွင့် ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။

"ကွန်ဒိုတိုက်ခန်းမှာနေတဲ့ ပြည်သူတွေ အနေနဲ့ကတော့ ကွန်ဒိုက စုပေါင်းပိုင်ဖြစ်သွားတဲ့အတွက် ဒီမြေကို တိုက်ခန်းပိုင်၊ မြေပိုင်စနစ်မျိုး ဖြစ်သွားမယ်။ ကန်ထရိုက်က တစ်ဝက်၊ မြေပိုင်ကတစ်ဝက် အကျိုးတူ ဆောက်ပေမယ့် မြေကို ကန်ထရိုက်လည်း စွန့်လွှတ်လိုက်ရမယ်။ မြေပိုင်လည်း စွန့်လွှတ်လိုက်ရမယ်။ ဒီမြေနဲ့ တိုက်ခန်း အသီးသီးကို တိုက်ခန်းဝယ်ထားတဲ့ သူတွေကပဲ ပိုင်သွားမှာ ဖြစ်တယ်။ ပြည်သူတွေ အနေနဲ့ ကွန်ဒိုမှာ နေတဲ့သူတွေဟာ ဒီကွန်ဒိုကြီး ပျက်စီးသွားရင်တောင်မှ မြေပေါ်မှာ အကျိုးခံစားခွင့် ဆက်ရှိနေမှာ ဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေနဲ့ အညီဆောက်ပြီးတော့ စုပေါင်းပိုင်ခံစားကြမယ်ဆိုရင် မြေပျောက်သွားတာ၊ ကန်ထရိုက် လက်ထဲကို ရောက်သွားတာတွေ၊ ကန်ထရိုက် စားသွားတာတွေ မဖြစ်နိုင်တော့ဘူး။ ပြီးတော့ ဒီတိုက်ခန်းတွေကို ဘဏ်မှာတရားဝင် ပေါင်နှံခွင့် ရရှိသွားမှာလည်း ဖြစ်တယ်" ဟု အလုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

ထို့ပြင် နိုင်ငံခြားသားများ အနေဖြင့် ကွန်ဒိုတိုက်ခန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သော်လည်း စီမံခန့်ခွဲမှုကို ရရှိမည် မဟုတ်ကြောင်း၊ စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ ပြဋ္ဌာန်းပြီးပါက လက်ရှိတွင် တည်ဆောက်ထားပြီးဖြစ်သည့် ကွန်ဒို တိုက်ခန်းများသည် ယခုဥပဒေနှင့် ညီညွတ်ပါက အကျုံးဝင်မည်ဖြစ်ပြီး ဥပဒေပါ အကျိုးခံစားခွင့်များကို ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ဦးခိုင်မောင်ရည်က ဆက်လက် ပြောကြားသည်။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေထွက်ပေါ်ပြီးပါက သာမန်လူနေ တိုက်ခန်းနှင့် မြေဈေးနှုန်းအပေါ် အကျိုးသက်ရောက်နိုင်မှုနှင့် ပတ်သက်၍ "ဈေးနှုန်းအရ ပြောရမယ်ဆိုရင် အကျိုးသက်ရောက်မှုကတော့ ရှိလိမ့်မယ်။ သိပ်အများကြီးတော့ ရှိမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၆ ခုနှစ်မှာ အစိုးရသစ် တက်လာလိမ့်မယ်။ အစိုးရသစ်က အခြေခံ လူတန်းစာတွေနဲ့ လူလတ်တန်းစားတွေ အပေါ်မှာ ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်ပြီးတော့ ဆောင်ရွက်မယ်လို့ ယုံကြည်ထားတယ်။ သုံးသပ်ထားပါတယ်။ အဲဒီတော့ ကွန်ဒိုမီနီယံ ဥပဒေက တစ်ဖက်ကနေပြီးတော့ နိုင်ငံခြားသားတွေကို ပေးဝယ်ထားခဲ့တဲ့ အတွက်ကြောင့် ၀ယ်လိုအားတော့ ပိုများလာလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ ၀ယ်လိုအား များလာရင် ဈေးကတော့ တက်လေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာ အစိုးရ ချမှတ်ဖော်ဆောင်မယ့် မူဝါဒတွေကြောင့် ဒီဈေးနှုန်းအပိုင်းကို သုံးသပ်ရမယ်ဆိုရင် တက်လာလိမ့်မယ်လို့ မျှော်မှန်းမထားပါဘူး။ အကျပိုင်းနဲ့ ဈေးနှုန်းတန့်နေတဲ့ အပိုင်းပဲ ဦးတည်သွားလိမ့်မယ်" ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လွှတ်တော်က အတည်ပြုလိုက်သည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းအပေါ်တွင် အချိန်ကာလ တစ်ခုပေး၍ စောင့်ကြည့်သုံးသပ်ရန် လိုအပ်ပြီး မြန်မာ့အိမ်ခြံမြေ ဈေးကွက်နှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်သင့်ပါက ပြင်ဆင်ရန် လိုအပ်မည်ဖြစ်သည်။

"အခုလိုမျိုး ဥပဒေကို အကောင်အထည် ဖော်ပေးလိုက်တာ ကျေးဇူးတင်ပါတယ်။ ဒီဥပဒေကိုလည်း အချိန်ယူပြီး သုံးသပ်ရဦးမယ်။ ဒီဥပဒေက အိမ်ခြံမြေ လောကအပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မလဲ ဆိုတဲ့ဟာကို အချိန်ကာလ တစ်ခုပေးပြီးတော့ စောင့်ကြည့်ရမယ်။ ခြောက်လတန်စေ၊ ရှစ်လတန်စေပေါ့။ စောင့်ကြည့်လို့မှ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်နဲ့ မကိုက်ညီတဲ့ဟာကို ပြင်သင့်တာကို ပြင်ဖို့တော့ လိုမယ်လို့ ပြောချင်တယ်" ဟု iMyanmarHouse.com မှ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။

လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းအတွင်း ကွန်ဒိုမီနီယံအချို့ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်း မပြည့်မီမှု၊ ကွန်ဒိုဟုဆိုသော်လည်း ပါဝင်သင့်သည့် Facilities များပါဝင်မှု မရှိခြင်းများကို စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေက မည်သို့မည်ပုံ အကျိုးသက်ရောက်မည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

Credit: ElevenMediaGroup

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service