ကွန်ဒိုဥပဒေလွှတ်တော်အတည်ပြု၍ ကွန်ဒိုခန်းများ ဈေးတက်မည်ဟုခန့်မှန်း

ကွန်ဒိုဥပဒေလွှတ်တော်အတည်ပြု၍ ကွန်ဒိုခန်းများ ဈေးတက်မည်ဟုခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
23 Jan 2016 2:18 pm တွင် တင်ခဲ့သည်
1603 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရှိကွန်ဒို မီနီယံ(စုပေါင်းပိုင်အဆောက်အအုံ)များတွင် ၄၀ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကိုနိုင်ငံခြားသားများအား ရောင်းချခွင့်ရှိသည်ဆိုသောအချက်ပါဝင်သည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာတွင်ဥပဒေကြမ်းကို ဇန်န၀ါရီ၂၂ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုလိုက်သည်။

နိုင်ငံခြားသားအား အိမ်ခန်း များကို ရောင်းသင့်၊ မရောင်းသင့် အချက်အပါအ၀င် စုပေါင်းပိုင်အ ဆောက်အအုံသတ်မှတ်ချက်များ ကို လွှတ်တော်တွင် သုံးနှစ်ကြာ အချိန်ယူဆွေးနွေးပြီးနောက် စု ပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ) ဥပဒေကြမ်းကို ပြည် ထောင်စုလွှတ်တော်ကအတည် ပြုလိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားသားများကို ကွန်ဒို မီနီယံတိုက်ခန်းဝယ်ယူခွင့် ၄၀ရာ ခိုင်နှုန်းရှိသည်ဆိုသောကြောင့်အ ခန်းဆယ်ခန်းပါသည့်တိုက်တစ် လုံးတွင် နိုင်ငံခြားသားသည် အ ခန်းလေးခန်းအထိ ၀ယ်ယူခွင့်ရှိ မည်ဖြစ်သည်။


‘‘ဆောက်လုပ်ရေးလုပ်ငန်း တွေ တစ်ကျော့ပြန်ပြီး ရှင်သန်ဖို့ အခွင့်အရေးပဲပေါ့ဗျာ’’ဟု မြန်မာ နိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းအတွင်းရေးမှူးဦးရန် ၀င်းကပြောသည်။

‘‘ဒီဥပဒေက အပြင်မှာစောင့် နေတဲ့သူတွေများတယ်။ ဥပဒေမ ထွက်သေးလို့ အဆောက်အအုံ တွေရပ်ထားတာရှိပါတယ်။ ခု တော့လုပ်ငန်းတွေပြန်အသက် ၀င်လာလိမ့်မယ်’’ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ် သည့် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဇေကမ္ဘာဦးခင်ရွှေက ပြောသည်။

နိုင်ငံခြားသားများကို အိမ် ခန်းများရောင်းချခွင့်ပြုခြင်းသည် လုပ်ငန်းရှင်များအတွက် အဆင် ပြေရုံသာမက ဆောက်လုပ်ရေး လုပ်ငန်းများပြန်လည်အသက်ဝင် လာပါက အလုပ်အကိုင်အခွင့်အ လမ်းများလည်း ပွင့်လင်းလာမည် ဖြစ်ကာ နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေရရှိလာမည်ဟု ဇေကမ္ဘာဦးခင်ရွှေကပြောသည်။

ကွန်ဒိုမီနီယံတွင် နိုင်ငံခြားသားများကို အိမ်ခန်းများရောင်းချခွင့်ပေးထားသော်လည်း ဥပဒေကြမ်းအရ မြေပိုင်ဆိုင်မှုမရရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ပြောသည်။

အတည်ပြုလိုက်သော ဥပ ဒေကြမ်းတွင် စုပေါင်းပိုင်အဆောက်အအုံဆိုသည်မှာ ယင်းဥပဒေအရမှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ဆောက်လုပ်

ထားသော ခြောက်ထပ်နှင့် အထက်ရှိသည့် အထပ်မြင့်အဆောက်အအုံကိုဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

အဆိုပါဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရန် သမ္မတထံပြည်ထောင်စုလွှတ်တော်က ပေးပို့မည်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံခြားသားများကို အိမ်ခြံမြေများဝယ်ယူခွင့်ပေးမထားသော်လည်း မြန်မာနိုင်ငံသားတစ်ဦးကို အမည်ခံကာ နိုင်ငံခြားသားများက အိမ်ခြံမြေများဝယ်ယူမှုအချို့ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြသည်။

မြန်မာနိုင်ငံတွင် မြေယာ၊အ ဆောက်အအုံများအား နိုင်ငံခြား သားများ ပိုင်ဆိုင်ခွင့်ကို ယခုအစိုး ရလက်ထက်မှစတင်၍ မူဝါဒများ အပြောင်းအလဲပြုလုပ်လာသည်။ ၂၀၁၂ တွင် ထုတ်ပြန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၌ မြေငှားရမ်းခွင့်ကာလကို စီးပွားရေးလုပ်ငန်းအမျိုးအစား၊ ရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်ပြီး ကနဦး နှစ် ၅၀၊နောက်ပိုင်းတွင် ၁၀နှစ် နှစ်ကြိမ်ခွင့်ပြုပေးထားသည်။

ငှားရမ်းခွင့်ပြုသည့်မြေအ မျိုးအစားနှင့်ပတ်သက်၍လည်း ပုဂ္ဂလိကပိုင်မြေ၊ အစိုးရပိုင်မြေ များကို လွတ်လပ်စွာငှားရမ်းခွင့် ပြုထားကြောင်းမြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်က တရားဝင် ကြေညာထားသည်။ယခင်စစ်အ စိုးရလက်ထက်တွင် နိုင်ငံခြားသား မြေငှားရမ်းခွင့်ကို အစိုးရမြေတစ် ခုကိုသာ ခွင့်ပြုပေးထားသည်။ထို့ ကြောင့်အမည်ခံမြေငှားရမ်းမှုများရှိခဲ့သည်။

ထို့အတူ နိုင်ငံခြားသား များတိုက်ခန်းပိုင်ဆိုင်ခွင့်ကို ယခင်ကခွင့်မပြုသဖြင့် အမည်ခံဝယ်ယူမှုများရှိခဲ့သည်။ လက်ရှိဥပဒေထွက်ပေါ်လာပါက အမည်ခံတိုက်ခန်းဝယ်ယူမှုများမရှိနိုင်တော့ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင်ဦးသန်းဦးကပြောသည်။ ထို့အပြင်တရားဝင်ဝယ်ယူခွင့်ပြုသောကြောင့် နိုင်ငံတော်မှ အခွန်ငွေပိုမိုရရှိလာမည်ဖြစ်သည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service