AIIB အနေဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှုများ ဆောင်ရွက် သွားမည်ဖြစ်

AIIB အနေဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှုများ ဆောင်ရွက် သွားမည်ဖြစ် - Property News in Myanmar from iMyanmarHouse.com
22 Jan 2016 10:46 am တွင် တင်ခဲ့သည်
827 ကြိမ် ကြည့်ရှု့ပြီး
အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank-AIIB) ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် တက်ရောက်အမှာစကား ပြောကြား ခဲ့ပြီး ယင်းဖွင့်ပွဲသို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော မြန်မာ ကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

AIIB ၏ ဂါဗနာဘုတ်အဖွဲ့အစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပခဲ့ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချန်း တက်ရောက်အမှာစကားပြောကြားပြီး ဆက်လက်၍ ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဒါရိုက်တာ ဘုတ် အဖွဲ့အစည်းအဝေးကို ကျင်းပခဲ့သည်။ ယင်းအစည်းအဝေး တွင် အဖွဲ့ဝင် နိုင်ငံအလိုက် ဂါဗနာနှင့် အလှည့်ကျ ဂါဗနာတစ်ဦးစီ ခန့်အပ်ခြင်း၊ မဲပေးအုပ်စုအလိုက် ဂါဗနာ များက ဒါရိုက်တာနှင့် အလှည့်ကျဒါရိုက်တာအား ရွေးချယ်ခန့်ထားခြင်းနှင့် ဆုံးဖြတ်ချက် ၁၃ ခုကို အတည်ပြု မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

AIIB ကို အာရှဒေသတွင်း ဆက်သွယ်မှုနယ်ပယ် ချဲ့ထွင်ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက် မှုတိုးမြင့်လာ စေရန်၊ ယင်းမှတစ်ဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ အာရှဒေသတွင်း ပြည်သူလူထု၏ လူမှုဘဝ စဉ်ဆက် မပြတ် တိုးတက်လာစေရန်နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အရှိန်အဟုန် တိုးတက်မှုတွင် ပူးပေါင်း ဆောင်ရွက်စေနိုင်မည့် အခြေခံအဆောက် အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင် ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် AIIB တွင် မူလအဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်ရန် ၂၄-၁၁- ၂ဝ၁၄ ရက်တွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၏ (၁၁)ကြိမ် မြောက်ပုံမှန်အစည်းအဝေး ၃၂ ရက်မြောက်နေ့၌ အတည်ပြုခဲ့သည်။

AIIB ၏ သင်းဖွဲ့စည်းမျဉ်းကို အဖွဲ့ဝင် ၅၇ နိုင်ငံ က လက်မှတ်ရေးထိုးခဲ့ပြီး AIIB ၏ ခွင့်ပြုမတည်ငွေရင်း ကို အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလီယံသတ်မှတ်ထား သည်။ ယင်း၏ ၂ဝ ရာခိုင်နှုန်းကို ထည့်ဝင်မတည်ငွေ ရင်းအဖြစ်လည်းကောင်း၊ ကျန် ၈ဝ ရာခိုင်နှုန်းကို လိုအပ်ပါက ထပ်ထည့်ရမည့် မတည်ငွေရင်းအဖြစ် လည်း ကောင်း အဖွဲ့ဝင်နိုင်ငံများက ထည့်ဝင်ရမည်ဖြစ်ပါသည်။

AIIB အနေဖြင့် နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်း များနှင့် ပေါင်းစပ် ဆက်နွှယ်၍ အခြေခံအဆောက် အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် သွားမည်ဖြစ် သည်။ အထူးသဖြင့် ရထားလမ်းများ၊ ဆိပ်ကမ်းများ၊ အဝေးပြေး လမ်းမများ ဖောက်လုပ်ခြင်းနှင့် ဆက်သွယ် ရေး၊ စွမ်းအင်နှင့် လျှပ်စစ် ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး AIIB ရုံးချုပ်ကို ပေကျင်းမြို့၌ ဖွင့်လှစ်ထားရှိ ကြောင်း သတင်းရရှိသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service