ထန်းတပင်မြို့နယ်အတွင်း ကျေးရွာများတွင် လမ်းသစ် စီမံကိန်းများ ကမ္ဘာ့ဘဏ်၏ ကူညီမှုဖြင့်စတင်တော့မည်

ထန်းတပင်မြို့နယ်အတွင်း ကျေးရွာများတွင် လမ်းသစ် စီမံကိန်းများ ကမ္ဘာ့ဘဏ်၏ ကူညီမှုဖြင့်စတင်တော့မည် - Property News in Myanmar from iMyanmarHouse.com
21 Jan 2016 1:48 pm တွင် တင်ခဲ့သည်
1321 ကြိမ် ကြည့်ရှု့ပြီး
ထန်းတပင်မြို့နယ်တွင် လမ်းသစ်များဖောက် လုပ်ခြင်းကို ကမ္ဘာ့ဘဏ်၏အကူအညီဖြင့်
ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ်အတွင်းစတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း လူထုဗဟိုပြုစီမံကိန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစီမံကိန်းမှာ ထန်းတပင်မြို့နယ် နေထိုင်သူများ၏ ဆန္ဒပေါ်မူတည်၍ ၎င်းတို့ က လမ်းများဖောက်လုပ်ခြင်းများကို ပြုလုပ်လို ကြောင်း အဆိုပြုသည့်အတွက် ယင်းကို ဦးစား
ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထန်း တပင် လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူ
ဦးပြည့်ဖြိုးကျော်က ပြောသည်။

အဆိုပါစီမံကိန်းမှာ မြန်မာနိုင်ငံတွင် ၂၀၁၂ခုနှစ်ကစတင်ခဲ့ခြင်းဖြစ်သည်။ ထန်း
တပင်မြို့နယ်ကျေးရွာများအတွက်မူ၂၀၁၅ခုနှစ်မှ ၂၀၁၇ခုနှစ်အထိလျာထားသည်။
ယမန်နှစ်မှစတင်ကာ လူထုဗဟိုပြု စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ ခြင်းဖြစ်ပြီး
စီမံကိန်းပထမနှစ်အတွက် ဖောက် လုပ်ပြီးသော မြေနီလမ်းမများကို ကတ္တရ?vy?ACလမ်းများ ပြန်
လည်ခင်းခြင်း စာသင်ကျောင်းများ ပြန်လည်ပြင်ဆင်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။
စီမံကိန်း ဒုတိယနှစ်အတွက်လမ်းသစ်များကို ဖောက်လုပ်သွားမည်ဟု ဦးပြည့်ဖြိုးကျော်က
ပြောသည်။

"စီမံကိန်းကာလ သုံးနှစ်အတွင်းမှာ ရွာသူ၊ရွာသားတွေ အလိုရှိတဲ့ အခြေခံအဆောက်
အအုံပြင်ဆင်တာတွေနဲ့ တည်ဆောက်တာ တွေ ပြုလုပ်နိုင်ပေမယ့် ရွာသူရွာသားတွေက
ထန်းတပင်မြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများလို့ လမ်းတွေဖောက်လုပ်
ဖို့တစ်ခုတည်းကို တောင်းဆိုတာကြောင့် စီမံကိန်းက ရတဲ့ငွေကြေးတွေနဲ့ လမ်းတွေကိုပဲ
ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်"ဟု ဦးပြည့်ဖြိုးကျော်က ပြောသည်။

'လူထုဗဟိုပြုစီမံကိန်း' ခေါ် လူထုအခြေပြု ဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်းမှာ အစိုးရရုံး စိုက်ရာ နေပြည်တော်မြို့နယ်အပါအ၀င် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုမှ မြို့နယ် တစ်မြို့နယ်စီကို
အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာသန်း ၈၀ နှင့် နည်းပညာများကိုအကူအညီပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ အခြေခံအဆောက်
အအုံများ ဆောက်လုပ်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းတစ်ခု
ဖြစ်သည်။

မြို့နယ်၏ ပညာရေး၊ ကျန်းမာရေးနိမ့်ကျ မှု၊ ဆင်းရဲနွမ်းပါးမှု၊ အခြားအကူအညီစီမံကိန်း မရှိခြင်း၊
လမ်းပန်းဆက်သွယ်ရေး အသင့် အတင့်ကောင်းမွန်ခြင်းနှင့် မြို့နယ်တည်ငြိမ် အေးချမ်းမှုပေါ်
မူတည်ပြီး စီမံကိန်းအကျိုးခံစား ရာ မြို့နယ်များကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး
အတွက်မူ ထန်းတစ်ပင် မြို့နယ်ကိုပံ့ပိုးပေးရန် ရွေးချယ်ခံခဲ့ရသည်။ မြို့နယ်တစ်မြို့နယ်အတွက် စီမံကိန်းအကောင်အထည်ဖော်မည့်အချိန်ကာလမှာ သုံးနှစ်ကြာမြင့်မည်ဖြစ်သည်။

ပထမနှစ်တွင် အခြေခံအဆောက်အအုံများကို ပြင်ဆင်နိုင် ခွင့်သာရရှိမည်ဖြစ်ပြီး၊ ဒုတိယနှင့်
တတိယနှစ် များတွင် ဒေသခံများ ဆန္ဒရှိသော အဆောက် အအုံများ ဆောက်လုပ်ခွင့်ရမည်။
"ဇန်န၀ါရီလက စတင်အကောင်အထည်ဖော်ခဲ့တဲ့ ဒုတိယနှစ်စီမံကိန်းအတွက် ရွာသူရွာသားတွေ ဘယ်အဆောက်အအုံသစ် ဆောက်ချင်တယ်ဆိုတာကို အခုလိုက်မေးနေပါတယ်။
လမ်းသစ်ဖောက်စေချင်တယ်ဆိုရင်လည်း ဘယ်လမ်းသစ်ကို ဦးစားပေးဖောက် စေချင်တယ်
ဆိုတာကို အခုစစ်တမ်းလိုက်ကောက်နေပါတယ်"ဟု ၎င်းကပြောသည်။ ထန်းတပင်မြို့နယ်တွင်
ကျေးရွာအုပ်စုပေါင်း ၂၀၀ ကျော်ရှိရာ လမ်းသစ်များဖောက်လုပ်ရန် ကျေးရွာ ၅၀ ကျော်ကို
စစ်တမ်းကောက် ယူပြီး ဖြစ်ကြောင်း လူထုဗဟိုပြုစီမံကိန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

စီမံကိန်းအတွက် ရွေးချယ်ခံရသော မြို့နယ်များအတွက် ပံ့ပိုးငွေကို လူထုဆီသို့ တိုက်ရိုက်ထောက်
ပံ့ပေးခြင်း ဖြစ်သည်။ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက် ရသော စီမံကိန်း
တစ်ခုဖြစ်သောကြောင့် ဒေသခံ များစိတ်ဝင်တစား အကောင်ထည်ဖော် လုပ်ဆောင်ကြကြောင်း
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "လူထုဗဟိုပြုစီမံကိန်းက
ဆင်းရဲနွမ်းပါး တဲ့ ကျေးလက်ပြည်သူတွေ အခြေခံလူမှုစီးပွား အဆောက်အအုံတွေကို
လူတန်းစားမျိုးစုံပါဝင်ပြီး ကိုယ်တိုင်အကောင်အထည်ဖော်လုပ်ဆောင်တတ်စေဖို့ ရည်ရွယ်
ပါတယ်။ စီမံကိန်း မှာ ရွေးချယ်ခံရတဲ့မြို့နယ်တွေက ကျေးရွာသူ၊ ကျေးရွာသားတွေကို
စွမ်းဆောင်ရည်မြှင့် သင်တန်းတွေပေးပြီး ဘဏ္ဍာငွေကိုလူထုဆီ တိုက်ရိုက်ထောက်ပံ့ပေးမှာဖြစ်ပြီး
ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး
ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က ပြောသည်။

အခြေခံအဆောက်အအုံများ ဆောက်လုပ် ရန် မြို့နယ်တစ်မြို့နယ်အလိုက် ငွေကြေးသတ်
မှတ်ထားခြင်းမဟုတ်ဘဲ လူဦးရေအပေါ် မူတည်ကာ လူဦးရေ ၃,၀၀၀ ရှိသော ကျေးရွာကို
ကျပ်သိန်း ၁၈၀၊ လူဦးရေ ၃,၀၀၀ မှ ၅,၀၀၀ ကြားကို ကျပ် ၂၄၃ သိန်းနှင့် လူဦးရေ ၅,၀၀၀
ကျော်ကို ၃၀၆ သိန်းသတ်မှတ်ထားသည်။ လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၂ ခုနှစ်က တည်းက
စတင်အကောင်အထည်ဖော်ခဲ့ ရာ စီမံကိန်းပထမနှစ်အတွက် ချင်း ပြည်နယ် ကန်ပက်လက်မြို့၊
ရှမ်းပြည်နယ် နမ့်ဆန်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစုမြို့နယ်က ရရှိခဲ့သည်။ ဒုတိယနှစ်
တွင် စစ်ကိုင်းတိုင်းမှ ပင်လယ်ဘူးမြို့၊ မကွေးတိုင်း မှ စေတုတ္တရာမြို့၊ ဧရာဝတီတိုင်းမှ လေးမျက်နှာ
မြို့၊ရခိုင်ပြည်နယ်မှ အန်းမြို့၊ ရန်ကုန်တိုင်းမှ ထန်းတပင်မြို့နယ်နှင့် နေပြည်တော်မှ လယ်ဝေးမြို့တို့ရရှိခဲ့ခြင်း ဖြစ်သည်။ တတိယနှစ်အတွက်မူ မွန်ပြည်နယ်မှ ဘီးလင်းမြို့၊ ပဲခူးတိုင်းမှ ကျောက်ကြီးမြို့၊ကရင်ပြည်နယ်မှ ကြာအင်းဆိပ်ကြီးမြို့၊ မန္တလေးတိုင်းမှ ညောင်ဦးမြို့၊ ကယားပြည်နယ်မှ ဖရူဆိုမြို့နှင့်ကချင်ပြည်နယ်အတွက် ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

လူထုဗဟိုပြုစီမံကိန်းကို မြို့နယ် ၁၅ မြို့နယ်အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၈၀
အကူအညီနှင့် စတင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၄၀၀၊ အီတလီအစိုးရမှ ယူရိုသန်း၂၀ နှင့် မြန်မာအစိုးရမှ ဒေါ်လာသန်း ၃၀ ထပ်မံ တိုးမြှင့်ကာ ကော့မှူးမြို့နယ်အပါအ၀င်တိုင်းနှင့် ပြည်နယ်အသီးသီးမှ နောက်ထပ်အကျိုးခံစား
ရာမြို့နယ် ၁၈ မြို့နယ်ကိုလည်း ထပ်မံရွေးချယ်ကာ အခြေခံအဆောက်အအုံဆိုင်ရာ အကူအညီများပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။


Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service