စည်ပင်ဆောက်လုပ်ခွင့် ဆိုင်းဘုတ်က ကြိုပွိုင့်ဝယ်ရန် အာမခံချက်မပေးနိုင်

စည်ပင်ဆောက်လုပ်ခွင့် ဆိုင်းဘုတ်က ကြိုပွိုင့်ဝယ်ရန် အာမခံချက်မပေးနိုင် - Property News in Myanmar from iMyanmarHouse.com
21 Jan 2016 1:16 pm တွင် တင်ခဲ့သည်
1619 ကြိမ် ကြည့်ရှု့ပြီး
စည်ပင်မှ ဆောက်လုပ်ခွင့်ကျပြီး လုပ်ငန်းခွင်ရှေ့တွင် ဆိုင်းဘုတ် ထားမှုသည် ကြိုပွိုင့်တိုက်ခန်းများ ၀ယ်ယူနိုင်ရေး အတွက်ပြည့်စုံလုံလောက်သည့် အာမခံချက်မပေးနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများ ကပြောသည်။

"စည်ပင်ဆောက်လုပ်ခွင့် ဆိုင်းဘုတ်အစိမ်းထောင်ပြီး ဆောက်လုပ်ခြင်းက တရားဝင်ဆောက်လုပ်ကြောင်းဖြစ်တာကိုဘဲ အာမခံနိုင်တာပါ။ ဆိုင်ဘုတ်အစိမ်းမှာပါတဲ့ အချက်အလက်တွေကတော့ ဖြစ်ပေါ်လာမယ့် အဆောက်အဦ အမျိုးအစားကို စစ်ဆေးကြည့်ရူ့နိုင်ပေမယ့် ကြိုပွိုင့်ဝယ်ယူရေးအတွက် ပြည့်စုံနိုင်လောက်တဲ့ အာမခံချက် မပေးနိုင်ပါဘူး" ဟု အိမ်ခြံမြေ အရောင်းအ၀ယ်ဆိုင်ရာ တရားလွှတ်တော်ရှေ့နေ ဦးတင်မောင်ကြီးကပြောသည်။

ကြိုပွိုင့်တိုက်ခန်း ၀ယ်ယူ မည်ဆိုပါက ချုပ်ဆိုမည့် စာချုပ်ပါ အချက်အလက် မြေပိုင်ဆိုင်မှု မြေရှင် အသိအမှတ်ပြုချက်များ တာဝန်ခံဆောက်လုပ်မည့် အဖွဲ့ အစည်း အကြောင်း အရာတို့ကို လေ့လာ သိရှိထားရန် လိုအပ်မည%?
ထို့ပြင် ဆောက်လုပ်ပြီးစီးမည့် အချိန်ကာလ ၊အမျိုးအစား နှင့်ဆောက်လုပ်ရေး ကုမ္ပဏီ အခြေအနေများကိုပါ သိရှိထားရန် လိုအပ်ကြောင်း ၄င်းကဆိုသည်။

လက်ရှိတွင်မြှေရှင်နှင့် ကန်ထရိုက်တာများအကြား သတ်မှတ်ကာလအတွင်း မတည်ဆောက်နိုင်သဖြင့် စာချုပ်ပ်ါဖောက်ဖျက်မှုနှင့် တရားဆွဲဆိုမှုများမြင့်တက်နေခြင်းကြောင့် ကြိုပွိုင့်တိုက်ခန်း ၀ယ်ယူ လိုသူများ အနေဖြင့် သတိပြုရမည့် အချိန်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ လဲ သတိပေးထားသည်။

ကြိုပွိုင့်တိုက်ခန်းများ ၀ယ်ယူလိုသူ အနေဖြင့် ဆောက်လုပ်မည့် ဆောက်လုပ်ရေး လုပ်ငန်းရှင် အနေဖြင့် လိုင်စင်ရကန်ထရိုက်တာဖြစ်မဖြစ် စည်ပင်တွင်စုံစမ်းသင့်ပြီး ယခင် ၄င်းဆောက်လုပ်ရေး လုပ်ငန်းရှင်မှတည်ဆောက်ရောင်းချခဲ့သည့် အခန်းများအရောင်းအ၀ယ်အခြေအနေကို စုံစမ်းသင့်ကြောင်း မြမြင့်မိုရ်ဆောက်လုပ်ေ၇းလုပ်ငန်းရှင် ဦးမြင့်မိုရ်ကပြောသည်။

" ကြိုပွိုင့်ဝယ်တဲ့သူ ပမာဏလျော့သွားလို့ ရပ်ကွက်ထဲက ကန်ထရိုက်တာလေးတွေ ရပ်ကုန်တော့မြေရှင်နဲ့ တရားဆွဲတာတွေ ဘာတွေတော့ ခဏခဏ ဖြစ်နေတာကြာပြီ "ဟု၎င်းကဆိုသည်။

အထူးသဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ကြိုပွိုင့်တိုက်ခန်းများ အရောင်းအ၀ယ် ကျဆင်းသွားခြင်းကြောင့် ရပ်ကွက်တွင်း တရားမ၀င်စည်ပင်အားဒဏ်ကြေးပေးတည်ဆောက် သူများ သိသာစွာ လျော့ကျလာကြောင်း ၄င်းကပြောသည်။

ကန်ထ၇ိုက်တာအများစုတွင် ကြိုပွိုင့်တိုက်ခန်းများ အရောင်းအ၀ယ်မှာ ၂၁၀၅ အတွင်းသိသာစွာ လျော့နည်းလာခြင်းကြောင့်ဈေးကွက်ပျက်လုနီးပါးဖြင့် ရင်ဆိုင်နေရသည်။

အရောင်းအ၀ယ် ကျဆင်းသွားသော်လဲ တိုက်ခန်းဈေးနှုန်းများမှာ ကျဆင်းသွားခြင်းမရှိဘဲ ကြိုပွိုင့်ဈေးကွက်မှာ အစိုးရသစ်လက်ထပ်ထက်တွင် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် အချို့ကသုံးသပ်ထားသည်။

နေရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service