အငြိမ်းစားဝန်ထမ်းများအား မြေကွက်များချပေးမည့်သတင်း ကောလာ ဟလသာဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြား

အငြိမ်းစားဝန်ထမ်းများအား မြေကွက်များချပေးမည့်သတင်း ကောလာ ဟလသာဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြား - Property News in Myanmar from iMyanmarHouse.com
20 Jan 2016 10:53 am တွင် တင်ခဲ့သည်
764 ကြိမ် ကြည့်ရှု့ပြီး
အငြိမ်းစားဝန်ထမ်းများအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေကွက်များ ချထားပေးမည်ဟူသည့် ကောလာ ဟလသတင်းများနှင့်စပ်လျဉ်း၍ ယနေ့မွန်းလွဲပိုင်းက မြန်မာ့သတင်းစဉ်၏ဆက်သွယ်မေးမြန်းမှုကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သတင်းအမှား သာဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

''အဲဒါနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတာမရှိသလို လျှောက်လွှာခေါ်ယူထား တာလည်း မရှိပါဘူး။
ဒီလျှောက်လွှာတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးခြင်းလည်း မရှိပါဘူး။ ဒါဟာ ကောလာဟလသတင်းအမှားသာဖြစ်ပါတယ်။ ကောလာဟလသတင်းတွေကို မယုံကြည်ကြဖို့ လိုပါတယ်''ဟု ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုးမင်းကလည်း ''ဒီကိစ္စကို ကျွန်တော်တောင် မသိပါဘူး''ဟု ဆိုသကဲ့သို့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် တို့ကလည်း အငြိမ်းစားဝန်ထမ်းများအား မြေကွက်များချပေးမည်ဆိုသည့် သတင်းကို ၄င်းတို့လည်း မသိရှိကြကြောင်းပြောကြားခဲ့ပြီး အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရသည်။

အဆိုပါ ကောလာဟလသတင်းကြောင့် အငြိမ်းစား ဝန်ထမ်းအများစုသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လိပ်မူပြီး ရန်ကုန်စာတိုက်ကြီးနှင့် မြို့နယ်စာတိုက်များရှိ ပြည်တွင်းအမြန်ချောပို့လုပ်ငန်းမှတစ်ဆင့် မြေကွက် လျှောက်လွှာများကို ပြီးခဲ့သည့် တစ်ပတ်ခန့်ကပင် စုပြုံ လျှောက်ထားမှု များဖြစ်ပေါ်ခဲ့သည်။

''မြေကွက်လျှောက်လွှာတွေကို စာတိုက်ကရောင်းတာ မဟုတ်ပါဘူး။ လျှောက်လွှာပွဲ စားအချို့က စာတိုက်အောက်မှ လျှောက်လွှာတွေကို မိတ္တူကူးပြီး လာရောင်းနေတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ဆီကို တရားဝင်သတင်း ထုတ်ပြန်ထားမှုလည်းမရှိပါဘူး။ စာထည့်သူ Customers မှန်သမျှကိုတော့ စာတိုက်က ဝန်ဆောင်မှုပေးခြင်း သက်သက်ပဲဖြစ် ပါတယ်''ဟု မြန်မာ့စာတိုက်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ငုသီတာက ပြောသည်။

မြို့နယ်စာတိုက်သို့မြေကွက်လျှောက်လွှာ အပြေးအလွှား သွားရောက်တင်ခဲ့သူ ရွှေပြည်သာမြို့နယ်နေ အငြိမ်းစားဝန်ထမ်း ဦးငြိမ်းကမူ ''မိတ်ဆွေ တစ်ယောက်က ဖုန်းဆက်လို့ သွားလျှောက်ခဲ့တယ်။ စာတိုက်မှာ သူလိုကိုယ်လို အသံကြားလို့လာကြတဲ့သူတွေချည်းပဲ၊ သေသေ ချာချာသိတဲ့သူတော့ မရှိပါဘူး။ လျှောက်လွှာဖိုးနဲ့ မှတ်ပုံတင် ကြေးအပါ ငွေကျပ် ၁၅ဝဝ လောက်ပဲကျတဲ့အတွက် နစ်နာမှုတော့ သိပ်မရှိပါဘူး။ ဘာပဲပြောပြော ဒီကိစ္စသာ မှန်နေရင် မျှော်လင့်လို့ရတာပေါ့''ဟု ဆိုသည်။

ရန်ကုန်စာတိုက်ကြီးရှေ့၌ မြေကွက်မိတ္တူလျှောက်လွှာ ရောင်းချသူပွဲစားများထံ လျှောက်လွှာများကို တစ်စောင် လျှင် တစ်ရာကျပ်နှုန်းဖြင့်ဝယ်ယူပြီး အမြန်ချောပို့စနစ်ဖြင့် လျှောက်ထားသူများ ရှိနေဆဲပင်ဖြစ်သည်။

''ရန်ကုန်စာတိုက်ကြီးကိုသွားတော့ စာတိုက်ရှေ့မြေကွက် လျှောက်လွှာရောင်း တဲ့ အမျိုးသမီးက မြေကွက်လျှောက်လွှာ ရမယ်၊ တစ်စောင် ၁ဝဝ ဆိုပြီး ခေါ်ရောင်းတယ်။ ဘယ်လို လျှောက်ရမလဲမေးတော့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ၊ ပင်စင်စာအုပ်မိတ္တူယူလာပြီး လျှောက်လွှာနဲ့ အတူ အမြန်ချောပို့နဲ့ လျှောက်ရမယ်ပြောတယ်''ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းနေ အငြိမ်းစားဝန်ထမ်း ဦးအောင်မင်းက ပြောသည်။

ဒလမြို့နေ အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ကြည်လှကလည်း ''ဒလမှာ လျှောက်လွှာတစ်စောင်ကို ငွေကျပ် ၁ဝဝ ကနေ ငွေကျပ် ၅ဝဝ အထိ မိတ္တူဆိုင် တွေက ရောင်းပါတယ်။ ပင်စင်စားမိတ်ဆွေတွေပြောလို့ လာလျှောက်တာပါ။ ရ၊ မရတော့မသိပါဘူး။သူများ လျှောက်လို့ လျှောက်လိုက်တာပါ''ဟု ဆိုသည်။

အငြိမ်းစားဝန်ထမ်းများအား မြေကွက်များချထား ပေးမည်ဟူသည့် သတင်းမှာကောလာဟလသတင်းအမှား သာဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြား ထားပြီးဖြစ်သော်လည်း ယနေ့တွင်ရန်ကုန်မြို့နှင့် မြို့နယ် အသီးသီးရှိ စာတိုက်များ၌ လျှောက်ထားမှုများ ရှိနေသေးကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service