ဝင်ငွေရလမ်းမဖော်ပြ နိုင်သော ငွေများဖြင့် အိမ်ခြံမြေ ၀ယ်ယူမှုကို ယခင် ဘဏ္ဍာနှစ် ထက် ၀င်ငွေခွန်တိုးမြှင့်ကောက်ခံ ပါက အရောင်းအ၀ယ်ပိုအေးပြီး အခွန်ငွေရရှိမှု ပိုမိုလျော့နည်းနိုင် ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက် သည် အရောင်းအ၀ယ်များအေး နေပြီး ဈေးနှုန်းများ ကျဆင်းလာ နေကြောင်း မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင် ဦးသန်းဦးက ဆို သည်။
အိမ်ခြံမြေ ဈေးကွက်တွင် အစိုးရက နှစ်စဉ်သတ်မှတ်သော ၀င်ငွေခွန်နှုန်းထားသည် အကျိုး သက်ရောက်မှုများ ရှိခဲ့သော် လည်း ၂၀၁၅ နောက်ပိုင်း၌ တရုတ်နိုင်ငံက တရားမ၀င်ငွေစီး ၀င်မှု ထိန်းချုပ်ခြင်း၊ မြန်မာနိုင်ငံမှလည်း ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးအနေဖြင့်ကျပ်သိန်းတစ်ထောင်အထက်ဝယ်ယူမှုများကို အစိုးရက စောင့်ကြည့်မှုများ ကြောင့် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးလာကြောင်း အကျိုးဆောင်များက ပြောကြားသည်။
‘‘အရောင်းအ၀ယ်က အခု လည်း ပါးနေတယ်။ အခွန်တိုး လိုက်ရင် ပိုပြီးအေးသွားလိမ့်မယ်’’ ဟု စိုင်းခွန်နောင်ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေလုပ်ငန်း ပိုင်ရှင် ဦးစိုင်းခွန်နောင်က ပြောကြားသည်။
ငွေဖြူမပြနိုင်သော ငွေများ ဖြင့် အိမ်ခြံမြေအပါအ၀င် အခြား ၀ယ်ယူမှုများအပေါ်အခွန်တိုး မြှင့် ကောက်ခံသင့်ကြောင်းကို
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က
ပြည် ထောင်စုလွှတ်တော်သို့ အကြံ ပြုခဲ့ပြီး လက်ရှိအစိုးရအဖွဲ့ဘဏ္ဍာ ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်ကလည်း သဘောတူကြောင်း လွှတ်တော် သို့ တင်ပြလာသည်။
၂၀၁၅ ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် ၀င်ငွေရလမ်း မဖော်ပြနိုင်သောငွေ (ငွေမည်း) များဖြင့် ၀ယ်ယူမှုအပေါ်တွင် ကောက်ခံသော အခွန်နှုန်းထားသည် တရားဝင်ငွေ (ငွေဖြူ)များပေါ်တွင် ကောက်ခံသောနှုန်း ထက်နည်းနေသည်။
တရားဝင် ကောက်ခံသော ၀င်ငွေခွန်သည် တစ်နှစ်လျှင် ကျပ်သိန်းနှစ်ဆယ်မှ ငါးဆယ် ကြား၌ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ငါးဆယ်မှ တစ်ရာကြား ၁၀ ရာ ခိုင်နှုန်း၊ ကျပ်သိန်းတစ်ရာမှ နှစ် ရာကြား ၁၅ ရာခိုင်နှုန်း၊ ကျပ် သိန်းနှစ်ရာမှ ကျပ်သိန်းသုံးရာ ကြား ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးရာနှင့် အထက် ၂၅ ရာ ခိုင်နှုန်းသတ်မှတ်ထားသည်။
ထို့ ကြောင့်တစ်ကျပ်မှကျပ်သိန်းသုံးရာအောက်၂၀ရာခိုင်နှုန်း ကောက်ခံသကဲ့သို့ဖြစ်လာ၍ အိမ် ခြံမြေအပေါ် ကောက်ခံသော တစ်ကျပ်မှ ကျပ်သိန်းသုံးရာ အောက်ကို၃ရာခိုင်နှုန်းသာ ကောက်ခံမှု
မှာနည်းပါးကြောင်း ဒေါက်တာဝင်းမြင့်က လွှတ်တော် သို့ ပြောသည်။
Credit: 7Daydaily