ငလျင်အိပ်မက် တော်လ်စတွိုင်းရဲ့ပျားရည်စက်နဲ့ အထပ်မြင့် လူသားပြဇာတ်

ငလျင်အိပ်မက် တော်လ်စတွိုင်းရဲ့ပျားရည်စက်နဲ့ အထပ်မြင့် လူသားပြဇာတ် - Property News in Myanmar from iMyanmarHouse.com
15 Jan 2016 11:15 am တွင် တင်ခဲ့သည်
2308 ကြိမ် ကြည့်ရှု့ပြီး
ဇန်န၀ါရီ ၁၂ ရက် ည ၉ နာရီခွဲကျော်ကျော်လောက်မှာ ကျွန်တော်တို့မိသားစု တီဗီထိုင်ကြည့်နေတုန်း မီးပျက်သွားပါတယ်။ မီးပျက်ထဲမှာပဲ facebook သုံးနေတဲ့ မိန်းမက "ဟာ . . . ငလျင်လှုပ်သွားတယ်ဆိုပါလား" လို့ အလန့်တကြား ထ အော်ပါတယ်။ "ဟုတ်လို့လားကွာ . . . တို့ဖြင့် ဘာမှတောင်မသိလိုက်ဘူး" ဆိုပြီး ပက်လက်ကုလားထိုင်ပေါ်ကနေ ကျွန်တော် ပြန်ပြောရင်း ချထားတဲ့ဖုန်းကို facebook ဖွင့်ကြည့်လိုက်တော့ ဟုတ်ပါ့ဗျာ၊ friend တွေ တင်ထားလိုက်တာမှ ငလျင်လှုပ်တဲ့အကြောင်းတွေ မွနေတာပဲ။

အခုဆို ၂၀၁၆ ရဲ့ စိန်ခေါ်မှုအသစ်တွေထဲမှာ သဘာဝအန္တရာယ်ကလည်း သခွပ်ပင်က မီးတကျည်ကျည်။ အအေးလှိုင်း ဖြတ်သတဲ့၊ အပူပြင်းထန်မတဲ့၊ လောလောဆယ် နှစ်ဦးလ၀က်လောက်မှာတင် မီးဘေးတွေ ဘယ်လောက်ကြုံလိုက်ရပြီလဲ။ လူတွေ ဘယ်လောက် သောကအုံကြွမှုတွေနဲ့ အဆွေခင်ပွန်းဖွဲ့ခဲ့ရပြီလဲ။ အပူရှိန်လွန်ကဲပြီး ရေရှားပါးပြတ်လပ်မှု ကြုံမှာမို့လို့ကိုယ့်ဒေသကိုယ်လိုအပ်တဲ့အကူအညီတွေပေးနိုင်အောင် ခုကတည်းက ကြိုတင်တပ်လှန့်နှိုးဆော်ထားတာလည်း ဒီ ၂၀၁၆ ပဲ မဟုတ်ပါလား။ အခုဆို အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ ရစ်ခ်ျတာစကေး ၈ ကျော်မယ့်ငလျင်တွေ ဖြစ်လာဖို့ရှိတယ်ဆိုတဲ့ ဟောကိန်းတွေ ထွက်နေကြပြီ။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဒုတိယအကြီးဆုံးငလျင်ကြောပေါ်မှာ ရှိနေတယ်ဆိုတဲ့ တွေ့ရှိချက်ကလည်း ဟုတ်တာ မဟုတ်တာ အပထား အထပ်မြင့်နေလူတန်းစားတွေအတွက် ချောက်ချားဖွယ် ဆောင်းတွင်းအိပ်မက် ဖြစ်လာခဲ့ပြီ။ ခက်တာက ငလျင်ဆိုတာကလည်း လှုပ်တော့မှသာသိပြီး နိမိတ်ကလေးတစ်စ အရိပ်ကလေးတောင် ပြတတ်တဲ့ သဘာဝဘေးအန္တရာယ်မျိုး မဟုတ်လေတော့ မဖြစ်ခင် ဘယ်လိုကြိုတင်ကာကွယ်ရမယ်ဆိုတာလည်း ပြောလို့မရ။

အထပ်မြင့်နေသူတို့အနေနဲ့ ငလျင်ဒဏ် ကြိုတင်ကာကွယ်ဖို့ စီစဉ်ပြီး အမြင့်ကနေ အနိမ့် ပြောင်းနေရအောင်ကလည်း အနိမ့်ဈေးက အမြင့်ဈေးထက် မြောက်။ ကျွန်တော် ရှေ့ပိုင်းမှာပြောခဲ့တဲ့မြို့နယ်က တိုက်ခန်းတွေ ပထမထပ်၊ ဒုတိယထပ်လောက်ကို သိန်း ၂၅၀၊ ၃၀၀ လောက်နဲ့ ရနိုင်ပေမယ့် အထပ်နိမ့်တွေကို အဲဒီငွေပမာဏလောက်နဲ့ အနားတောင် ကပ်နိုင်ဖို့ မလွယ်။
ငလျင်လှုပ်ကို ကျွန်တော် သိသိသာသာကြုံဖူးတာ ငါးခါ၊ ခြောက်ခါလောက်ထက် မပိုပါဘူး။ ငယ်ငယ်တုန်းက ကြုံဖူးတာ သုံးလေးခါလောက်၊ ကြီးမှကြုံဖူးတာက သုံးခါပေါ့။ မနက်စောစော လင်းအားကြီးလောက်မှာ ဂျလိန်းဂျလိန်းဆိုတဲ့အသံနဲ့အတူ ကြမ်းပြင်ပေါ်အိပ်နေတဲ့ ကျွန်တော် လိမ့်သွားတယ်။ ခဏပဲ၊ ပြီးတော့ ငြိမ်သွားတယ်။ အိမ်မှာလည်း ဘာအပျက်အစီးမှမရှိဘူး။ အထိအခိုက်လည်းမရှိဘူး။ ငလျင်လှုပ်တာကို သိသိသာသာခံစားလိုက်ရတာပဲရှိတယ်။

နောက်တစ်ခေါက်က ၂၀၀၄ ခုနှစ် ကမ္ဘာကျော် အင်ဒိုနီူရှားဆူနာမီ။ အဲဒီနေ့က ကျွန်တော်် ရွှေတိဂုံစေတီရင်ပြင်တော်ပေါ် ရောက်နေတယ်။ သုဝဏ္ဏ အိမ်မှာ ကျွန်တော်တစ်ယောက်တည်းကျန်ခဲ့တဲ့နေ့။ ဇနီနဲ့ ကလေးနှစ်ယောက်က သူတို့အမျိုးတွေအိမ် ညအိပ်သွားလို့ တစ်ယောက်တည်းကျန်ခဲ့တာ။ မနက် ၅ နာရီလောက်ကတည်းက ကြည်ကြည်လင်လင်နိုးနေတယ်။ ပြန်လည်းမအိပ်ချင်လို့ ဘုရားသွားလိုက်တာ။ ဘုရားကို လက်ယာရစ်ပူဇော်ရင်း ဗုဒ္ဓ၀င်ပြတိုက်ရှေ့နားအရောက် ပြတိုက်ထဲကလူတစ်ယောက် "ငလျင်လှုပ်တယ် . . . ငလျင်လှုပ်တယ်" ဆိုပြီး ဒရောသောပါး ပြေးထွက်လာတယ်။ တန်ဆောင်းပေါ်ကလူတစ်ယောက်ကလည်း ဟုတ်တယ် ဟုတ်တယ် ဆိုပြီး ပြေးဆင်းလာတယ်။ ကျွန်တော်က လမ်းလျှောက်နေတုန်းမို့လားမသိ ငလျင်လှုပ်တာ မသိလိုက်ဘူး။

အဲဒီတုန်းမှာ နားထဲ ဆန်းဆန်းပြားပြားအသံတွေဝင်လာလို့ အသံလာရာလှမ်းကြည့်လိုက်တော့ ရွှေတိဂုံစေတီရဲ့အထက်ပိုင်း ဆည်းလည်းတွေချိတ်ထားတဲ့နေရာရဲ့အောက်ပိုင်းတစ်ခုလုံး ယမ်းနေတာဗျာ သွက်သွက်ကို ခါနေတာပဲ။ အဲဒီ ခါနေတဲ့အရှိန်က ဆည်းလည်းတွေကို အင်အားအပြည့်နဲ့ လှပ်ယမ်းနေသလိုဖြစ်နေတော့ ထောင်နဲ့ချီတဲ့ဆည်းလည်းတွေရဲ့ တစ်ပြိုင်နက်ထွက်လာတဲ့အသံတွေဟာ ဘာနဲ့နှိုင်းပြရမှန်းမသိလောက်အောင်ပဲ။ အဲဒီ ဆူနာမီဖြစ်စဉ်ကတော့ ကမ္ဘာတောင်ကျော်သွားတာမို့ အထူးပြောမနေတော့ပါဘူး။

၂၀၀၈ ဆောင်းတွင်းပိုင်းမှာ လှုပ်သွားတဲ့ ငလျင်လည်း သိသာတယ်။ အဲဒီနေ့က ကျွန်တော် မဂ္ဂဇင်းတိုက်မှာ။ ညနေ ၃ နာရီတစ်ဝိုက်လောက် လူက ထိုင်နေရင်း ယိမ်းထိုးပြီး ငိုက်ကျသွားတယ်။ အနီးစပ်ဆုံးပြောရရင် ဘတ်စ်ကားပေါ်မှာထိုင်စီးလာရင်း ကိုယ်ထိုင်တဲ့ခုံက လုပ်လီလုပ်လဲ့မို့ နောက်လူ ဒူးနဲ့တွန်းမိတဲ့အခါ ယိမ်းထိုးငိုက်ကျသွားတဲ့ပုံမျိုး။ ဒါပေမဲ့ ဒါ ဘတ်စ်ကားပေါ်မှာမဟုတ်ဘူးဆိုတဲ့အသိ ၀င်လာလာချင်းပဲ "ဟေ့ . . . ငလျင်လားဟ" ဆိုတော့ အခန်းထဲကလူတွေလည်း ဟုတ်တယ် . . . ဟုတ်တယ် . . . ငလျင်ဖြစ်မယ် ဆိုပြီး ကျွက်စီကျွက်စီဖြစ်ကုန်ကြတယ်။

အဲဒီသုံးကြိမ်က လွဲလို့ ကွန်တော် ငလျင်လှုပ်တာကို သိသိသာသာကြုံဖူးတာ မရှိဘူး။ အထူးသဖြင့် သုဝဏ္ဏ အိမ်မှာနေရင်းနဲ့ ငလျင်လှုပ်တာ မခံစားရဖူးဘူး။ ကျွန်တော်ကြုံခဲ့တဲ့ တတိယအကြိမ်ငလျင် ဖြစ်ပြီး နောက်နေ့တွေမှာ ကျွန်တော်တို့သုဝဏ္ဏ တော်တော်စည်ကားလိုက်သေးတယ်။ သိသိသာသာကို စည်ကားသွားတာ။ ကျွန်တော် အလုပ်ကနေ ပြန်လာတော့ လမ်းထိပ်ပိုင်းနဲ့ လမ်းလယ်ပိုင်းလောက်မှာ ကားတွေ တွေ့တယ်။ အထဲမှာလည်း အထုပ်အပိုးတွေ၊ ၀န်စည်စလယ်တွေနဲ့။ ဆွေနီးမျိုးစပ်တွေအိမ် အလည်လာကြသလိုပဲ။ ဒါပေမဲ့ ၀န်စည်စလယ်တွေကြည့်ရတာက တနင့်တပိုးကြီး။
မကြာပါဘူး သတင်းရောက်လာတာပါပဲ။ အဲဒါ မြို့ထဲကလူတွေ ငလျင်ကြောက်ပြီး သုဝဏ္ဏ လာခိုကြတာဆိုကိုး။ သုဝဏ္ဏအိမ်တွေက အထပ်မြင့်မရှိဘူး။ နှစ်ထပ်တိုက်ခန်းတွဲ ပြားပြားဝပ်ဝပ်ကလေးတွေရယ်။ ငလျင်ပြင်းပြင်းထန်ထန်လှုပ်ဦး ပြိုကျတဲ့အထိဖြစ်နိုင်ခြေ နည်းတယ်။ သိပ်ပြင်းလို့ ပြိုကျစေဦး မြေကြီးနဲ့ကပ်နေတဲ့တိုက်တွေမို့ ထိခိုက်ရှနာ သက်သာနိုင်တယ်။ နှစ်ထပ်ဆိုပေမယ့် အပေါ်ထပ်က တစ်ထပ်သတ်သတ်မဟုတ်ဘဲ အထပ်ခိုးသာသာလောက်ကလေးရယ်။ ခေတ်ပေါ်ကန်ထရိုက်တိုက်တွေလို ငရုတ်သီးထောင်းရင်တောင် တစ်တိုက်လုံး ယမ်းခါနေတာမဟုတ်ဘဲ ထုနဲ့ထည်နဲ့ဆောက်ထားတဲ့ အမာစား၊ အထူစား အဆောက်အအုံတွေ။ အဲဒီအားသာချက်တွေကြောင့် မြို့ထဲက အထပ်မြင့်ကန်ထရိုက်တိုက်တွေမှာမနေရဲသူတွေ သုဝဏ္ဏဘက် ပြိုဆင်းလာကြတာ။ ဒါပေမဲ့ လူသားတွေရဲ့ အမှတ်မရှိတဲ့အလေ့အထကလည်း သိတဲ့အတိုင်းပဲ ငလျင်ဘေး သွေးပူနေတုန်းသာ အထပ်နိမ့်တွေဆီ အားကိုးတကြီးပြေးခိုကြပေမယ့် ငလျင်အရေး ကျဲပြီးဝေးလည်းသွားရော ခိုမိတဲ့သစ်ငုတ် ကျီးနဲ့ဖုတ်ဖုတ်ဖြစ်ကျန်ခဲ့ တော့တာပါပဲ။

အခု ၂၀၁၆ ဆန်းပိုင်းမှာလှုပ်တဲ့ ငလျင်ကတော့ တော်တော်လေး ဂယက်ရိုက်သွားသား။ သုဝဏ္ဏထဲမှာသာ ဘာမှမထူးခြားလိုက်ပေမယ့် တခြားမြို့နယ်တွေထဲမတော့ အုတ်အော်သောင်းတင်းဖြစ်သွားသဗျ။ မနက် လက်ဖက်ရည်ဆိုင်သွားထိုင်တော့ တစ်ဆိုင်လုံး အဲဒီအကြောင်းချည်း ထိုင်ပြောနေကြလေရဲ့။ အထပ်မြင့် ကန်ထရိုက်တိုက်တွေ လက်ညှိုးထိုးမလွဲဆောက်နေတဲ့ မြို့နယ်တစ်ခုမှာဆို တိုက်တွေပေါ်ကတောင် လူတွေပြေးဆင်းလာကြသတဲ့။ ဟုတ်လည်းဟုတ်လောက်တယ်။ အဲဒီဘက်တွေ ကျွန်တော်ရောက်သွားတော့ အရင်ခေတ်မှာ ပျဉ်ထောင်အိမ်ခပ်ဝပ်ဝပ်လေးတွေချည်း ရှိရာက ခုများ ပေါ်လာလိုက်တဲ့ ကန်ထရိုက် ရှစ်ထပ်တိုက်တွေဆိုတာ မိုးဦးကျမြက်ရိုင်းတောကြီးလားပဲ။ အခန်းလေးတွေကလည်း ၁၀ ပေ အကျယ်လောက် ရှိတာ။ အရှည်ကတော့ ပေ ၄၀၊ ပေ ၅၀ လောက် ရှိသပေါ့လေ။

အဲဒီဘက်ကလူတွေနဲ့ တွေ့လို့ မေးကြည့်တော့ သူတို့မနေရဲတာလည်းမပြောနဲ့ တိုက်တွေက ယိမ်းထိုးနေတာတဲ့။ အထပ်မြင့်လေ ယိမ်းထိုးဒဏ်ကို ပိုသိသိသာသာခံစားရလေဆိုတော့ မနေရဲလို့ ပြေးဆင်းလာကြဆိုပဲ။ ကျွန်တော်က ကိုယ့်အတွေ့အကြုံနဲ့နှိုင်းယှဉ်ပြီးတော့သာ သုဝဏ္ဏ အိမ်ခန်းတွေအကြောင်းချည်း ဖိပြောနေတာ တကယ့်တကယ်တော့ တောင်ဒဂုံတို့၊ မြောက်ဒဂုံတို့လို အထပ်နိမ့်အိမ်လေးတွေသာရှိတဲ့ မြို့နယ်တွေ၊ ရပ်ကွက်တွေလည်း အန္တရာယ်ကင်းကြမှာ အမှန်ပါပဲ။ ငလျင်ဆိုတာက အထပ်မြင့်လေ အန္တရာယ်ပိုကြီးလေ မဟုတ်လား။ ဒီတော့လည်း အထပ်မြင့်တိုက်ခန်းမှာနေရသူတွေအနေနဲ့ ငလျင်အကျိုးဆက် ဆောင်းအိပ်မက်တွေကို အဖော်ပြုလို့ လှုပ်ခတ်မှုကကြိုးတစ်ရေးမနိုးသေးခင် တော်လ်စတွိုင်းရဲ့ပျားရည်စက်တွေကို မက်မက်မောမော သုံးဆောင်ခံစားရင်း ဘ၀အမောတွေ ကြိုးစားဖြေဖျောက်နေတာဟာ လူသားဆန်တဲ့ပြဇာတ်တစ်ပုဒ်ပဲ မဟုတ်ပါလား။

ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service