မြန်မာနိုင်ငံသားများအတွက် မလေးရှား အဆင့်မြင့်ကွန်ဒို အိမ်ရာများကို စတင်ရောင်းချ

မြန်မာနိုင်ငံသားများအတွက် မလေးရှား အဆင့်မြင့်ကွန်ဒို အိမ်ရာများကို စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
15 Jan 2016 10:59 am တွင် တင်ခဲ့သည်
1837 ကြိမ် ကြည့်ရှု့ပြီး
စင်ကာပူနိုင်ငံအခြေစိုက် KAE Alliance ကုမ္ပဏီ က မလေးရှားနိုင်ငံ Paradiso Nuova
အဆင့်မြင့်ကွန်ဒိုမှ အိမ်ရာများကို မြန်မာ နိုင်ငံသားများအတွက် ပထမဆုံးအကြိမ်အဖြစ်
စတင်ရောင်းချမည်ဖြစ်သည်။

မလေးရှားနိုင်ငံ Paradiso Nuova ဒေသ ၏ စီးပွားရေးအချက်အချာနေရာတွင် တည်ရှိသော
အဆိုပါအဆင့်မြင့်ကွန်ဒိုကို တရုတ် နိုင်ငံအခြေစိုက် Zhuoda အိမ်ခြံမြေလုပ်ငန်းစု နှင့်
မလေးရှားနိုင်ငံ Medini Islanda ကုမ္ပဏီ တို့ ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြစ်သည်။
၂ ဒသမ ၂ ဧက အကျယ်အ၀န်းရှိ သော မြေပေါ်တွင် တည်ဆောက်သော စီမံကိန်းတွင် ၂၅
ထပ်မြင့် အဆောက်အအုံနှစ်ခု ပါဝင်မည်ဖြစ်သည်။

KAE Alliance ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဆိုင်ရာ ရုံးခွဲအမှုဆောင် အရာရှိချုပ် ဦးကျော်မင်းဇင်က
"မလေးရှားနိုင်ငံက ဒီ ကွန်ဒိုကို ဘာလို့ မြန်မာနိုင်ငံထဲကို ယူဆောင် လာရသလဲဆိုတော့
မလေးရှားနိုင်ငံက ဒီ အိမ်ရာက မြန်မာနိုင်ငံက တချို့အဆင့်မြင့် အိမ်ရာတွေထက်တောင်
ဈေးသက်သာပါတယ်။ စင်ကာပူကိုလည်း ၁၅ မိနစ်အတွင်း အလွယ်တကူသွားလို့ရတဲ့ အဲဒီအိမ်ရာမှာဝယ်ယူမြှုပ်နှံမယ်ဆိုရင် မြန်မာနိုင်ငံသားတွေအနေနဲ့ အကျိုးအမြတ်များများ
ရနိုင်မှာလည်းဖြစ်ပါတယ်"ဟု ပြောသည်။ တစ်စတုရန်းပေလျှင် မြန်မာငွေကျပ် ၃၀၀,၀၀၀ မှ
၃၃၀,၀၀၀ အထိ ကျသင့်မည်ဖြစ်ပြီး အခန်းတန်ဖိုးမှာ ကျပ်သန်း ၂၃၀ မှ သန်း ၅၀၀ သာ
ဈေးရှိမည်ဖြစ်ကြောင်း KAE Alliance ကုမ္ပဏီ တာဝန်ရှိသူကပြောသည်။

နှစ် ၉၀ ဂရန်ဖြင့် ရောင်းမည့် အဆိုပါ ကွန်ဒိုတိုက်ခန်းများမှာ ၇၁၃ စတုရန်းပေမှ စတုရန်းပေ
၆,၀၈၀ အထိ အကျယ်အ၀န်းရှိပြီး အခန်းအမျိုးအစား ငါးမျိုးပါဝင်မည် ဖြစ်ကာ တစ်စတုရန်းပေကို
မလေးရှားရင်းဂစ် ၈၅၀ ခန့်ဖြင့် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ "မလေးရှားနိုင်ငံက အိမ်ရာကို
မြန်မာနိုင်ငံတွင်းကို လာရောက်ရောင်းချတာက ဒါပထမဆုံးပါ။ မလေးရှားနိုင်ငံမှာ နိုင်ငံခြား
သားတွေ ဈေးဝယ်မယ်ဆိုရင် တစ်မီလျံ ရင်းဂစ်ထက် ပိုများတဲ့ တိုက်ခန်းတွေကိုပဲ ၀ယ်နိုင်ပေမယ့်
မီဒီနီမှာတော့ အဲဒီကန့်သတ် ချက်မရှိပါဘူး။ ဈေးမကြီးမြင့်တဲ့အိမ်တွေကို လည်း ၀ယ်ယူနိုင်ပါ
တယ်"ဟု၎င်းကပြောသည်။ ကွန်ဒိုတိုက်ခန်းရောင်းချမှုမှာ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကာ
ထပ်မံရောင်းချရန် အခန်း ၄၀ ကျော်သာ ကျန်ရှိတော့ကြောင်း ၎င်းကပြောသည်။ တိုက်ခန်းနှစ်
ခန်းကို မြန်မာနိုင်ငံတွင် ရောင်းချပြီးဖြစ်ပြီး ဇန်န၀ါရီလကုန်ပိုင်း တွင်ပြုလုပ်မည့် ပြပွဲနေ့တွင်လည်း
အခန်း ၂၀ ခန့်အထိ ရောင်းချရရန် ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။

"အိမ်ရာရဲ့ ၇၄ ရာခိုင်နှုန်းကို စင်ကာပူ နိုင်ငံက ၀ယ်ယူခဲ့ပြီး ကျန် ၂၆ ရာခိုင်နှုန်းကို ဂျပန်၊ ကိုရီးယား၊
တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံ က ၀ယ်ယူခဲ့ပြီးပါပြီ။ နိုင်ငံတကာမှာ တစ်ပြိုင်တည်းရောင်းနေတာဖြစ်လို့
တခြားနိုင်ငံတွေ က ၀ယ်လိုအားတွေက ခဏလေးနဲ့ တက်နေပါ တယ်။ ကိုယ့်နိုင်ငံကသူတွေကို
လည်း ၀ယ်စေ ချင်ပါတယ်"ဟု ဦးကျော်မင်းဇင်ကပြောသည်။

မီဒီနီကို မြို့ပြတည်ဆောက်မှုစီမံကိန်းတစ်ခုအဖြစ် မလေးရှားအစိုးရနှင့် စင်ကာပူအစိုးရတို့
ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ထိုစီမံကိန်းတွင် နိုင်ငံတကာအဆင့်မီဆေးရုံ များ၊ ပန်းခြံများ၊
ကစားကွင်းများ၊ တက္ကသိုလ် များနှင့် စတူရီယိုများလည်း ပါဝင်မည်ဖြစ်သည်။

Credit: The Myanmar Time
မြန်မာနိုင်ငံသားများအတွက် မလေးရှား အဆင့်မြင့်ကွန်ဒို အိမ်ရာများကို စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service