ရန်ကုန်မြို့ပြကို စတင်ဖော်ထုတ်စဉ်က မြို့ပြနေပြည်သူတွေ အပန်းဖြေနိုင်ဖို့ လုပ်ဆောင်ထားခဲ့တဲ့ ရုပ်ရှင်ရုံ တွေ ၊ ပန်းခြံတွေ ၊ စိမ်းလန်းဧရိယာ တွေ ဟာလည်း တစ်ဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်မှု ရဲ့သားကောင် တစ်ခု အဖြစ် နေရာတော်တော်များများက ခေတ်အဆက်ဆက်မှာ စတေးခံလိုက်ရတာ အားလုံး အသိဘဲ ဖြစ်ပါတယ်။ ပေးဆပ်မှုကလည်း ကြီးမားလွန်းလှပါတယ်။
တစ်ချို့တိုက်ခန်းတွေမှာဆိုရင် သက်ကြီးရွယ်အိုတွေ ပင်မြင့်စံ ဘ၀နဲ့ မြေမထိ ဘဲ ဘ၀နောက်ဆုံးအချိန်ကို ပင်ပင်ပန်းပန်းနဲ့ ကျော်ဖြတ်သွားခဲ့ရသလို ကလေးသူငယ်တွေဆိုရင်လည်း လေကောင်းလေသန့် ရဖို့ အတွက် အာမခံချက်ကောင်းကောင်း မပေးနိုင်တဲ့ တိုက်ခန်းဒီဇိုင်းတွေကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာတွေဖြစ်လာပြီး ငါးနှစ်အောက် ကလေးတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာတွေအခုနောက်ပိုင်းမှာ ပိုပို အဖြစ်များလာတယ်လို့ ဆေးပညာရှင်တွေက သုံးသပ်လာကြပါတယ်။
ဒီပြသနာတွေ ကို စက်မှု အကူအညီနဲ့ လေအေးပေးစက်တွေ တပ် ၊ အလင်းရောင်းများများ ရအောင် မီးချောင်းများများ သုံးပြီး ကုစားကြပေမယ့်လည်း အစစ်ကို ဘယ်အတုမှ မယှဉ်ပြိုင်နိုင်တဲ့ လောကနိယာမ တရား အတိုင်း ချွတ်ယွင်းချက်တွေက တော့ ရှိစမြဲဖြစ်စ်ပါတယ်၊ မီးပျက်တဲ့ အချိန်မှာ ဖြစ်ပေါ်လာတက်တဲ့ ရန်ကုန်ရဲ့ ပင်မြင့်စံ တိုက်ခန်းနေပြည်သူဘ၀ကို ခံစားဖူးသူတိုင်း ကိုယ်ချင်းစာ တရားထားနိုင်ကြမှာ မြေကြီးလက်ခတ်မလွှဲဖြစ်ပါလိမ့်မယ်။
တိုက်ခန်းတွေမှာ ဓာတ်လှေကား မရှိတာ များတဲ့ အတွက်ကြောင့်လည်း အလုပ်သွား အလုပ်ပြန် အချိန်ကလေး နှစ်ခုကလွှဲလို့ တိုက်ခန်းနေပြည်သူ တော်တော်မျာများက ပြန်တက်ပြန်ဆင်းမလုပ်ချင်ကြတဲ့ အတွက် တစ်နေ့ကုန် တိုက်ခန်းကျဉ်းထဲမှာ အချိန်ကုန်ကြတဲ့ လူတွေများလာတဲ့ အတွက် ကလေးသူငယ် တွေ အတွက်ဆိုရင် ပိုလို့တောင် အတက်အဆင်းလုပ်ရတဲ့အခက်အခဲတွေ ရှိလာပါပြီ။
လက်ရှိ ရန်ကုန်မြို့ကြီးဟာ စီးပွားလုပ်ငန်း များ၊ စက်မှုလုပ်ငန်းတွေ အပြင် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေ ဆုံစည်းရာ ရာ မြို့တစ်မြို့ ၊ ပြည့်ကျပ်နေတဲ့ ဆိုင်ကြီးဆိုင်ငယ် အသွယ်သွယ်တို့ကြောင့် အချို့သော ရန်ကုန်မြို့တွင်းက လမ်းမတွေထက် လမ်းကျဉ်းလေးတွေမှာဆိုရင် မိသားစုလိုက် အေးအေးလူလူ လမ်းလျှောက်နိုင်တဲ့ အခြေအနေ တွေ ပျောက်ဆုံးခဲ့တာ ဆယ်စုနှစ် နှစ်ခုနီးပါးအထိကြာမြင့်လာပြီဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ ကို အခြေပြု၍ လာရောက်နေထိုင်သူတွေ ကြောင့် ရန်ကုန်မြို့ရဲ့တစ်ချို့သောနေရာတွေမှာဆိုရင် ၏လူဦးရေသိပ်သည်းဆမှာ အချို့သော နေရာများတွင် ထိတ်လန့်ဖွယ် မြင့်မား လာတာကို တွေ့မြင်လာရပါတယ်။
မြို့ပြဖွံ့ဖြိုးမှုရဲ့ အကျိုးဆက်အဖြစ် အထပ်မြင့် အဆောက်အအုံများ၊
စီးပွားရေးအဆောက် အအုံများ တစ်စတစ်စကျုးကျော်နယ်ချဲ့ ဆောက်လုပ် လာတာကြောင့်လည်း ရန်ကုန်မြို့တွင်းရှိ အများပြည်သူအတွက် အပန်းဖြေအနားယူနိုင်မည့်စိမ်းလန်းဧရိယာတွေ ၊ မီးတာနေရာလွတ်ကွက်လပ်တွေ တစ်ဖြည်းဖြည်း နည်းပါးလာသလို မြို့ပြအမွေအနှစ် ထိန်းသိမ်စောင့်ရှောက်မှုများ အပိုင်းအထိ လျော့တိလျော့ရဲဖြစ်ကုန်ပါပြီ။
အများပြည်သူနဲ့ ဆိုင်တဲ့ အပန်းဖြေနေရာတွေ ရှားပါးလာတဲ့ အတွက် ကလေးငယ်တွေ ညဏ်ရည်ဖွံ့ဖြိုးကျန်မာစေဖို့ အတွက် လိုအပ်တဲ့ ကစားစရာနေရာတွေ ပျောက်ကွယ်လာသလို ၊ လူကြီးတွေ အတွက်လည်း တစ်နေ့ကုန်ပင်ပန်းနွယ်မှု တွေဖျေဖြောက်ဖို့ မနက်မိုးလင်းရင် ကျန်းမာရေးအရ အပန်းဖြေ လမ်းလျှောက်နိုင်တဲ့ နေရာလေးတွေ မရှိသလောက်ရှားပါးလာတာ အားလုံး အသိဘဲဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်သန်ခေါင်စာရင်း များအရ မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၅၀ ကျော် မှာ လူဦးရေ ၅ ဒသမ၂၁ သန်းခန်းထိ့် ရန်ကုန်မြို့မှာ နေထိုင်တဲ့ အတွက် စုစုပေါင်း လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအထက် နေထိုင်တဲ့ မြိုကြီးတစ်မြို့လည်းဖြစ်ပါတယ်။ ၂၀၄၀ မှာ လူဦရေ ၁၀ သန်းထိ ဖြစ်လာနိုင်တယ်လို့ မှန်းဆထားတဲ့ အတွက် Mega City ကြီး တစ်ခု အဖြစ် စာရင်းဝင်တော့မှာဖြစ်ပါတယ် ။
ရန်ကုန် တိုင်းဒေသကြီးဧရိယာ တစ်ခုလုံးနဲ့ ချိန်ဆပြောရရင်တော့ တစ်ခြားတိုင်းဒေသကြီး ပြည်နယ်တွေနဲ့ မတူထူးခြားတာတစ်ခုကတော့ မြို့ပြမှာလူနေများပြီး ကျေးလက်မှာလူနေနည်းပါးတဲ့ အပြင် မြို့ပြလူနေထိုင်သူစုစုပေါင်းက ၃၅ ဒသမ ၀၅ ရာခိုင်နှုန်း
ခန့်ရှိတဲ့အနေအထားမျာ ယင်းပမာဏ၏ သုံးပုံတစ်ပုံခန့်လူဦးရေ ကမြို့တွင်းခြောက်မြို့နယ်မှာ နေထိုင်ကြတာ ဖြစ်ပါတယ်။
မြို့ပြလူဦးရေ ထူထပ်မှုတွေနဲ့ ကြုံတွေ့နေရဆဲဖြစ်တဲ့ မဟာရန်ကုန်မြို့တော်ကြီးကို မြို့ပြနေထိုင်မှု ပုံသဏ္ဍာန်ကျအောင် ၊ နေထိုင်သူတွေ စိတ်လက်ချမ်းသာမှု ရှိရှိနဲ့ အပန်းဖြေနိုင်အောင် ၊ ကျန်းမာရေး အရညီညွတ်မျှတတဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်လာစေဖို့ အတွက် အကွက်ကျတဲ့ မြို့ပြစီမံကိန်းပုံသဏ္ဍာန်တွေ နဲ့ လုပ်ရမှာဖြစ်ပေမယ့် ခေတ်အဆက်ဆက်က အားနည်းချက် ပေါင်းမျိုးစုံ၊ အကျင့်ပျက်လာဘ်စားမှု ပြသနာတွေ ရဲ့သားကောင်အဖြစ် လက်ရှိရန်ကုန်မြို့ကြီးဟာ အဆောက်အအုံတွေ ဆောက်ချင်သလို ဆောက်ပြီး ဖရိုဖရဲ မြို့ပြပုံသဏ္ဍာန် နဲ့ ဖုတ်လှိုက်ဖုတ်လှိုက်အသက်ရှင်နေရတဲ့ မြို့တစ်မြို့လို ဖြစ်နေပါပြီ ။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် မြို့ပြစီမံကိန်းပညာရှင်ဆိုသူများက တွက်ချက်ကောက်ခံထားခဲ့တဲ့ စစ်တမ်းတွေ အရလည်း ရန်ကုန်မြို့၏ လူဦးရေသိပ်သည်းဆသည် မြို့နယ်အချို့နှင့် ရပ်ကွက်အချို့ဆိုရင် မြေဧရိယာတစ်ဟက်တာ (၂ ဒသမ ၄ ဧက)တွင် လူတစ်ထောင်ကျော်ခန့် ထိကိုနေနေတာ တွေ့ရပါတယ် ၊ ဒီထက်ထက်ပြီး လူဦးရေ တိုးဖို့သာ ရှိပြီး လျော့သွားနိုင်တဲ့ အလားအလာ အလွန်နည်းပါပါတယ် ။
၁၉၈၉ ခုနှစ်က ရန်ကုန်မြို့တော်ရဲ့အထင်ကရ မြို့လယ်ခေါင်နေရာတွေရဲ့ လူဦးရေ သိပ်သည်းမှုက တစ်ဟက်တာကို လူဦးရေ ၄၅၀ နဲ့ အထက်ရှိတယ်။ အခု ၂၀၁၄ ခုနှစ်လောက်မှာ နောက်ထပ် တိုးချဲ့တဲ့ မြို့သစ်တွေ အများကြီးရှိနေပေမယ့် မြို့လယ်ကောင်ရဲ့ လူဦးရေသိပ်သည်း မှုက ကျမသွားတဲ့အပြင် ထပ်ပြီး တိုးလာတဲ့ အနေ အထားပဲရှိပါတယ်။ တချို့မြို့နယ်တွေမှာဆို တစ်ဟက်တာကို လူဦးရေ ၈၀၀၊ ၉၀၀ ထိ ရှိတယ်။တချို့ရပ်ကွက်တွေဆို တစ်ဟက်တာ ကို လူတစ်ထောင်ကျော်ထိ နေထိုင်နေတာကို လေ့လာချက်တွေအရတွေ့ရပါတယ်။ ကမ္ဘာပေါ်ရှိ လူဦးရေသိပ်သည်းဆ အမြင့်ဆုံးမြို့များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာမြို့ဖြစ်ပြီး တစ်ဟက်တာလျင် လူဦးရေ ၅၅၅ ယောက်သာရှိတာ တွေ့ရပါတယ်။ စမ်းချောင်းမြို့နယ် သီရိလမ်းတစ်ခုတည်းမှာတင် တစ်ဟက်တာကို ၁၄၈၂ ယောက်ထိ လူနေပြွတ်သိပ်မှု ရှိလာပါတယ်။
လုံးချင်းနှစ်ထပ် တိုက်များအများစု နဲ့  မြေနေရာကျယ်ကျယ်ဝန်ဝန်း ခြံကျယ်ကျယ်တွေနဲ့ ပမ
ရှိသည့် အနေအထားများမှ အထပ်မြင့် အဆောက်အအုံများကို လမ်းကျဉ်းများထဲ တွင် ဆောက်လုပ်ခြင်း၊မြေကွက်ကျယ်များ ကို အစိပ်စိပ်ခွဲခြမ်းရောင်းချခြင်း၊ ရေကန်များကို မြေဖို့ဆောက်လုပ်ခြင်းများ၊ ကားအစီးရေအများအပြား ၀င်ရောက်လာခြင်းများ ကြောင့် ရန်ကုန်မြို့၏မြို့ပြဖွဲ့စည်းမှုပုံသဏ္ဌာန် မှာ စနစ်မကျမှုများလာတဲ့ အနေအထားတွေဖြစ်လာတဲ့ အပြင် မော်တ်ေယာဉ်တွေဆီကနေ ထွတ်လာတဲ့ မီးခိုးငွေတွေ နဲ့ လူတွေကထွတ်လာတဲ့ ကာဗွန်ဓတ်ငွေ့တွေကြောင့်လည်း အနည်းနဲ့ အများဆိုသလို ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
အထပ်မြင့် အဆောက်အအုံတွေကို မြေချန်ဆောက်လုပ်စေတဲ့ စနစ်ကို ကျင့်သုံးခဲ့ပေမယ့် စနစ်ကျတာ မရှိသလောက် နည်းပါးတဲ့ အခြေအနေကြောင့် ကားရပ်နားဖို့ နေရာရှာရခက်လာတဲ့ အပြင် ကားပါကင်နေရာဦးရယူထားသူတွေ အကြား စကားအခြအတင် ပြောဆို ရန်ဖြစ်ကြပြီး နောက်ဆုံးလူသတ်မှု အထိ ဖြစ်လာတဲ့ နောက်ကွယ်က အကြောင်းရင်းကတော့ မြို့ပြတည်ဆောက်မှု စနစ် မှန်ကန်မှု မရှိတာကြောင့်ဖြစ်ပါတယ်။
မြေအနည်းငယ်ကိုသာ ချန်ပြီး အဆောက်အအုံတွေကို အင်တိုက်အားတိုက် ဆောက်လုပ်ခဲ့တဲ့ အကျိုးဆက်အဖြစ် ရန်ကုန်က တိုက်တွေတစ်တိုက်နဲ့ တစ်တိုက် အရမ်းနီးကပ်ပြီး လေ၀င်လေထွတ်ညံ့ဖျင်းတာတွေ ၊ လုံလောက်တဲ့ အလင်းရောင်မရရှိတာတွေ အပြင် မီးဘေးအန္တရယ်တွေကိုလည်း စိုးရိမ်ရတဲ့ အနေအထား ဖြစ်လာလို့နေပါပြီ ။
ခေတ်အဆက်ဆက် ထင်သလို ဆောက်ခဲ့တဲ့ အဆောက်အအုံတွေကို စည်းစနစ်တကျ ပြန်လည်ထိန်းသိမ်းဖို့ အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာနှင့် မြို့ပြပညာရှင်များက အဆောက်အအုံ အမြင့်ကန့်သတ်ချက်နှင့် မြို့မြေအသုံးချမှုဇုန် များရေးဆွဲရန်ပြင်ဆင်နေပေမမယ့် လည်း အကျိုးစီးပွားတွေ လွန်ဆွဲနေတဲ့ အတွက် ယခုအစိုးရသက်တမ်းသာ အချိန်ကုန်သွားနိုင်ပေမယ့် ဖြစ်ပေါ်လာနိုင်တဲ့ ရာခိုင်နှုန်းနည်းပါးပါတယ်။ ရေးဆွဲဖို့ ညှိနှိုင်းတိုင်ပင်နေဆဲ ကာလမှာကိုဘဲ ရန်ကုန်မြို့၌ အထပ်မြင့်အဆောက်အအုံ စီမံကိန်းများတွေ ဟောတစ်ခုဟောတစ်ခု လျင်မြန်စွာထွက်ပေါ်လာနေ သည်ကိုလည်း တွေ့နေရတဲ့ အတွက် ပြည်ထောင်စုလွှတ်တော်မှာတောင် ကိုယ်စားလှယ်တွေက မေးခွန်းမေးရတဲ့ အဆင့်ထိ ရောက်ခဲ့ပေမယ့် ပြန်ရတဲ့ အဖြေကတော့ ထူးမခြားနားပါ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com