ငွေဆောင်ကမ်းခြေ အပန်းဖြေအိမ်ရာများ ပထမအဆင့် စတင်ရောင်းချ

ငွေဆောင်ကမ်းခြေ အပန်းဖြေအိမ်ရာများ ပထမအဆင့် စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
14 Jan 2016 10:19 am တွင် တင်ခဲ့သည်
3156 ကြိမ် ကြည့်ရှု့ပြီး
ငွေဆောင်ကမ်းခြေတွင် တည်ဆောက်ထားသည့် အပန်းဖြေအိမ်ရာ ငွေဆောင်ဗီလာ၏ ပထမအဆင့်ကို ဇန်န၀ါရီ ၈ ရက်၌ စတင်ရောင်းချခဲ့ရာ ဖွင့်ပွဲပြုလုပ်သည့် တစ်ရက်အတွင်း အိမ်အလုံးပေါင်း ၆၀ ခန့် ရောင်းချခဲ့ရသည်ဟု Ayeyarwaddy Resort and Villa Development ကုမ္ပဏီမှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့ ဖွင့်ပွဲနေ့မှာ ပထမအဆင့်ရဲ့ အပိုင်း A ကို ရောင်းချပေးမယ်လို့ စီစဉ်ခဲ့ပေမယ့် ၀ယ်တဲ့လူ အရမ်းများတာကြောင့် အပိုင်း B ကိုပါ ဖွင့်ပြီးရောင်းပေးခဲ့ရတယ်။ အခုလို ကမ်းခြေမှာ အပန်းဖြေအိမ်ရာမျိုးက ပြည်တွင်းမှာ ပထမဆုံး ဖြစ်တဲ့အတွက် လူစိတ်ဝင်စားမှု များတာကို တွေ့ရပါတယ်’’ဟု ငွေဆောင်ဗီလာ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ ဦးစိုးသီဟလှိုင်က ပြောသည်။

ငွေဆောင်ဗီလာ အဆင့်မြင့် အိမ်ရာစီမံကိန်းကို မြေဧက ၁၆၀ ပေါ်တွင် အဆင့် ၃ ဆင့်ခွဲ၍ တည်ဆောက်သွားမည်ဖြစ်ပြီး အိမ်ရာ ၄၄၆ လုံး ပါရှိမည်ဖြစ်ကာ ပထမအဆင့်တွင် အဆင့်မြင့်အိမ်ရာ ၁၃၆ လုံး ပါရှိပြီး ၂၀၁၇ ဒီဇင်ဘာ၌ အပြီးတည်ဆောက်မည်ဟု ဆိုသည်။

ပထမအဆင့် တည်ဆောက်ရာတွင် အပန်းဖြေအိမ်ရာများနှင့်အတူ ရေကူးကန်၊ အားကစားခန်းမ၊ ဂေါက်ကွင်း၊ အသေးစား ဈေးဝယ်စင်တာ၊ Spa နှင့် ကမ်းခြေကလပ် စသည်တို့ ပါဝင်မည်ဖြစ်သည်။

အပန်းဖြေအိမ်ရာများကို ရောင်းချရာတွင် Holiday ဗီလာအတွက် အနည်းဆုံး ကျပ်သိန်း ၂,၆၀၀ မှစတင် ရောင်းချသွားမည်ဖြစ်ပြီး တောင်ကုန်းများပေါ်၌ တည်ဆောက်ထားသည့် Deluex ဗီလာအတွက် အနည်းဆုံး ကျပ်သိန်း ၃,၉၀၀ မှစတင်၍ တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားနိုင်ကြောင်း သိရသည်။

‘‘ကျွန်တော်တို့ အနေနဲ့ အိမ်ရာတွေကို 4 Star၊ 5 Star ဟိုတယ်တစ်ခုလို အမြဲတမ်း ပြုပြင်ထိန်းသိမ်းပေးထားမှာဖြစ်ပြီး ၀ယ်ယူထားသူက အမြဲတမ်း မနေဖြစ်ဘူးဆိုရင် အခန်းငှားပြီး နေချင်သူတွေကို ငှားပေးပြီး ငှားရမ်းခအနေနဲ့ ၀င်ငွေပြန်ရနိုင်အောင်လည်း လုပ်ပေးသွားမှာ ဖြစ်ပါတယ်’’ဟု ဦးစိုးသီဟလှိုင်က ပြောသည်။

ငွေဆောင်ဗီလာ စီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီးရှိ ကုမ္ပဏီ ၂၀ က ပူးပေါင်းကာ Ayeyarwaddy Resort and Villa Development ကုမ္ပဏီအဖြစ် တည်ထောင်၍ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

Credit: 7Day News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service