အဆောက်အဦးများတည်ဆောက်သည့် လိုင်စင်ရအင်ဂျင်နီယာ ၄၈၀ကျော်ကို စည်ပင်က အရေးယူထား

အဆောက်အဦးများတည်ဆောက်သည့် လိုင်စင်ရအင်ဂျင်နီယာ ၄၈၀ကျော်ကို စည်ပင်က အရေးယူထား - Property News in Myanmar from iMyanmarHouse.com
13 Jan 2016 11:22 am တွင် တင်ခဲ့သည်
1645 ကြိမ် ကြည့်ရှု့ပြီး
အထပ်မြင့် အဆောက်အဦးများတည်ဆောက်စဉ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများကိုဖောက်ဖျက်သဖြင့်၂၀၁၄ မှ ၂၀၁၅ နှစ်ကုန် အထိ အရေးယူထားသည့် လိုင်စင်ရ အင်ဂျင်နီယာ ၄၈၀ကျော် ရှိကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။

လိုင်စင်ရ အင်ဂျင်နီယာများအား အရေးယူ အပြစ်ပေးမှု အပိုင်းတွင် ၂၃မျိုးရှိပြီး လအလိုက် လိုင်စင်
ပိတ်သိမ်းခြင်း နှစ် အလိုက် လိုင်စင်ပိတ်သိမ်းခြင်း ရာသတ်ပန်လိုင်စင် ပိတ်သိမ်းခြင်း နှင့် ခေါ်ယူ သတိပေး လက်မှတ်ထိုးခိုင်းသည့် လိုင်စင်ရအင်ဂျင်နီယာမှ ၄၈၀ကျော်ရှိသွားပြီဖြစ်သည်။

အင်ဂျင်နီယာနှင့် အဆောက်အအုံဌာန၏ ထုတ်ပြန်သော ကိန်းဂဏန်းများ အရ ဆောက်လုပ်ရေး
လုပ်ငန်းများ အားကောင်းခဲ့သည့် ၂၀၁၅ခုနှစ်အတွင်းတွင် အရေးယူသည့် အရေအတွက်
အများဆုံးဖြစ်ခဲ့ပြီး ဒီဇင်ဘာ လတစ်လထဲတွင်ပင် စုစုပေါင်း ၂၁ဦးအား ရာသတ်ပန်လိုင်စင် ပိတ်သိမ်းသည်အထိ အရေအတွက်အများဆုံးဖြစ်ခဲ့သည်။

လိုင်စင်ပိတ်သိမ်းခံရသည့် အင်ဂျင်နီယာအများစုမှာ လတ်တလော ရပ်ကွက်များ အတွင်း အခန်းပေး အခန်းယူ တည်ဆောက်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းရှင် အများစုပါဝင်ကြောင်းသိရသည်။

အများစုမှာ ကြိုပွိုင့်တိုက်ခန်းများ အရောင်းအ၀ယ်ကျဆင်းသွားချိန်တွင် ၀င်ငွေမလည်ပတ်သော့သဖြင့်
ဆက်လက် မဆောက်လုပ်နိုင်သည့် လုပ်ငန်းရှင်များကို မြေရှင်က တရားဆွဲဆိုရာ စည်ပင်သာယာရေးကော်မတီမှလဲ စာချုပ်ဖောက်ဖျက်မှုဖြင့် အရေးယူခဲ့ခြင်းများလဲပါဝင်သည်။

လက်ရှိတွင်လူနေတိုက်ခန်းများအား လိမ်လည်ရောင်းချသည်ဟုဆိုကာ အမှုပေါင်းများစွာနှင့်ရင်ဆိုင်နေရသည့် Father Land ကုမဏီပိုင်ရှင် ဦးကျော်မြင့်ကဲ့သို့
ဆောက်လုပ်ရေးလုပ်ငန်းရှင်များလဲ ပါဝင်လာခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အဆောက်အဦး ဆောက်လုပ်ရန် ခွင့်ပြုချက်တင်ပါက ကုမဏီ နာမည်ဖြင့် မတင်ဘဲ လူပုဂ္ဂိုလ်နာမည်ဖြင့် တင်ရသောကြောင့် အရေးယူပါက အဆိုပါ လူကိုသာ နာမည်နှင့် အရေးယူပြီး ကုမဏီ အားနာမည်ဖြင့် အရေးယူခွင့် မရှိကြောင်း အင်ဂျင်နီယာနှင့်
အဆောက်အအုံဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service