မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆောက်လုပ်မည့် ဘူမိသိပ္ပံအသင်း အဆောက် အအုံသစ်ကို လာမည့် မတ်လ၌ စတင်ဆောက်လုပ်မည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆောက်လုပ်မည့် ဘူမိသိပ္ပံအသင်း အဆောက် အအုံသစ်ကို လာမည့် မတ်လ၌ စတင်ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
12 Jan 2016 10:13 am တွင် တင်ခဲ့သည်
1672 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဆောက်လုပ်မည့် ငွေကျပ်သိန်းပေါင်း ၇ဝဝဝ နီးပါးကုန်ကျမည်ဖြစ်သော ဘူမိသိပ္ပံအသင်း အဆောက်အအုံသစ်ကို လာမည့် မတ်လ၌ စတင် ဆောက်လုပ်မည်ဖြစ်သည်။

အဆိုပါ ဘူမိသိပ္ပံအသင်း အဆောက်အအုံသစ်ကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့ နယ်ရှိ ဘုရင့်နောင်လမ်း နှင့် အောင်ချမ်းသာလမ်းထောင့်ရှိ ပေ ၆ဝ နှင့် ပေ ၈ဝ မြေကွက်ပေါ်၌ ဆောက်လုပ်သွားမည်ဖြစ်ပြီး အဆိုပါ မြေကွက်မှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ စီစဉ်ပေး သောမြေကွက်ဖြစ် ကာ ဘူမိ သိပ္ပံအသင်းအတွက် အတည်တကျ အဆောက်အအုံနှင့် မြေနေရာ ရရှိ လာခဲ့ခြင်းလည်းဖြစ်သည်။

ဘူမိသိပ္ပံအသင်း အဆောက် အအုံသစ်အား အထပ်မြင့် ခြောက်ထပ် ပါဝင်သော အဆောက်အအုံအဖြစ် ဆောက်လုပ်သွားမည်ဖြစ်ပြီး စာကြည့် တိုက်၊ ပြတိုက်၊ အစည်း အဝေးခန်းမ၊ သင်တန်းခန်းမစသည့် အခန်းများ ပါဝင်မည်ဖြစ်သည်။ ဘူမိဗေဒဘာသာရပ်နှင့် သက်ဆိုင်သည့် လှုပ်ရှားမှု များနှင့် သင်တန်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားသောကြောင့် ဘာသာ ရပ်ဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်လာ မည်ဖြစ်ကြောင်း ဘူမိသိပ္ပံ အသင်း အဆောက်အအုံ ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ အဆောက်အအုံများ၊ အခြေခံအဆောက်အအုံများဆောက် လုပ်ရာတွင် ရေရှည်တည်တံ့ခိုင်ခံ့မှု အတွက် မြေနေရာစမ်းသပ်ခြင်း အပါအဝင် အခြားနည်းပညာ အသုံးပြု မှုများ၊ နိုင်ငံတော်၏ သယံ ဇာတများ ရှာဖွေဖော်ထုတ်ခြင်းနှင့် ပတ်သက်သည့် ပညာရပ်များ၊ မြေ ငလျင်များ အကြောင်းနှင့် မြေငလျင်နှင့် ဆက်စပ်ဖြစ် ပေါ် လာနိုင်သည့် ဆူနာမီဖြစ်စဉ် အကြောင်းအရာများ၊ မြေငလျင်လှုပ် ရှားခဲ့ပါက လူအသေအပျောက် အနည်းဆုံးဖြစ်စေရန် ပညာပေးခြင်းများ၊ မြေပြိုမှု များနှင့် တောင်ပြိုမှုများ အစရှိသည့် ဆက်စပ်သဘာဝဘေး အန္တရာယ်များ အတွက် အတွေ့အကြုံ ရှိ ပညာရှင်များက အဆိုပါဘူမိ သိပ္ပံအသင်း အဆောက်အအုံ၌ သင်တန်းများ ပို့ချသွားမည်ဖြစ်ပြီး အတွေ့အကြုံရှိ ပညာရှင်များ၏ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေး ပွဲများ ပြုလုပ်မည့် နေရာလည်း ဖြစ်လာမည်ဖြစ်သည်။

လက်ရှိ အနေအထားအရ ဘူမိ သိပ္ပံ အသင်းအဆောက် အအုံ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းဆောင် ရွက်ထားကြောင်းသိရပြီး မတ်လ၌ စတင်ဆောက်လုပ်မည့် ဘူမိသိပ္ပံ အသင်း အဆောက်အအုံ သစ်ဆောက် လုပ်ရန်အတွက် ဘူမိဗေဒဘာသာရပ် နှင့် ဘွဲ့ရ ထားသော ကျောင်းသား ကျောင်းသူဟောင်းများ၊ စီးပွားရေးနှင့် ဆောက် လုပ်ရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းဟောင်းများထံမှ အလှူငွေ ကောက်ခံ လျက်ရှိကြောင်း၊ အဆောက်အအုံ ဖောင်ဒေးရှင်း ပိုင်ရိုက်ခြင်းကို Myanmar V-Pile ကုမ္ပဏီလီမိတက်မှ လှူဒါန်းသွားမည် ဖြစ်ကြောင်းနှင့် လှူဒါန်းလို သူများမှ ဘူမိသိပ္ပံ အသင်း အဆောက်အအုံဖြစ်မြောက် ရေးကော်မတီ ဖုန်းနံပါတ် ဝ၉၂၆ဝ၅၅၇ဝဝ၂ သို့ဆက်သွယ် လှူဒါန်းရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစားကထိကနှင့် ဘူမိသိပ္ပံအသင်း အဆောက်အအုံဖြစ်မြောက် ရေးကော်မတီဥက္ကဋ္ဌ Dr. Sone Han က ''အဆောက်အအုံဆောက် လုပ်ပြီးစီးသွားပြီဆိုရင် အဆောက် အအုံအတွင်း မှာ ရှားပါးသဘာဝတွင်းထွက် သယံဇာတပစ္စည်းများ ပါဝင်ပြသထား မယ့် ပြတိုက်ပါဝင်ပြီး မည်သူမဆိုအခမဲ့ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ကြ မှာပါ။ ပြီးတော့စာကြည့် တိုက်တစ်ခုကိုလည်း ထည့်သွင်းထားပါမယ်။

ဒါ့အပြင် အဆောက်အအုံ ဆောက်လုပ်ရင် မြေစမ်းသပ်မှုများ အကြောင်း အရာများကိုလည်း သင်ကြားပို့ချပေးနိုင်တဲ့ သင်တန်းဆရာများနဲ့ သင်တန်း ပို့ချပေးမှာပါ။ ကလေးတွေအတွက် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာ ကျွမ်းကျင်မှုတွေ ဖြစ်လာအောင်ပါ။ အဓိကကတော့ ဒီအဆောက်အအုံ အတွင်းမှာ ဘူမိဗေဒဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပံ့ပိုးပေးတဲ့ နေရာဖြစ်လာစေချင်သလို ဘာသာရပ်နဲ့ သက်ဆိုင်သူအားလုံးကို စုဝေးပေးစေချင်တဲ့ သဘောပါပဲ။ အပြင်လူလည်း ဘာသာရပ်ဆိုင်ရာနဲ့ ပတ်သက်ပြီး အခြေခံရှိရင်တော့ သင်တန်းတက်ရောက်နိုင်ပါတယ်''ဟု ရှင်း ပြသည်။

ဘူမိသိပ္ပံအသင်းကို ပြီးခဲ့သည့် ၂ဝဝ၃ ခုနှစ်က တရားဝင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း အသင်း အဆောက်အအုံနှင့် အသင်း တည်နေရာကို အခြေအနေအလိုက် ပြောင်းရွှေ့နေခဲ့ရကြောင်း၊ လက်ရှိ ဘူမိသိပ္ပံအသင်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အဆောက် အအုံနေရာ၌ ရုံးခန်းနေရာ ငှားရမ်း ဖွင့်လှစ်ထားရှိခဲ့ရာမှ ယခုအခါ ကိုယ်ပိုင် အသင်း အဆောက်အအုံ ဆောက်လုပ်တော့မည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် ပထမဦး ဆုံးဆောက်လုပ်မည့် ဘူမိသိပ္ပံအသင်း အဆောက်အအုံသစ်ကို လာမည့် မတ်လမှစတင်၍ တစ်နှစ်ခွဲအတွင်း အပြီးဆောက်လုပ်သွား မည်ဖြစ်ကြောင်း ဘူမိသိပ္ပံအသင်း အဆောက်အအုံဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service