ခမ်းနားထည်ဝါတဲ့ရှေးဟောင်း အဆောက်အအုံတွေ ကြောင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကောင်းနေတဲ့ မြို့ရန်ကုန်

ခမ်းနားထည်ဝါတဲ့ရှေးဟောင်း အဆောက်အအုံတွေ ကြောင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကောင်းနေတဲ့ မြို့ရန်ကုန် - Property News in Myanmar from iMyanmarHouse.com
8 Jan 2016 11:14 am တွင် တင်ခဲ့သည်
2815 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် ၊ ပီနန်၊ စင်ကာပူ မြို့ပြ ဒေသ တွေမှာ တူညီတဲ့ အချက်ကလေး တစ်ခုကတော့ သာယာလှပတဲ့ ကမ်းခြေတွေ ၊ မြစ်ကမ်းပါးတွေ မှာကိုလိုနီခေတ် လက်ရာ အဆောက်အအုံတွေကို စနစ်ကျလှတဲ့ မြို့ပြစီမံကိန်းတွေနဲ့ အင်္ဂလိပ်အစိုးရ က ပုံစံထုတ်ပြီး နှစ်အနညးငယ်ခြားစီ် တည်ဆောက်ခဲ့တာကြောင့် အဆောက်အအုံ တော်တော်များများက ပုံသဏ္ဍာန် ထပ်တူထပ်မျှနည်းပါး ဆိုသလို တူညီနေတာကို ၊ ရောက်ဖူးသူတိုင်း သတိထားမိသူတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ အောင်မြင်ကျော်ကြားနေတဲ့ နိုင်ငံတွေကို ပြန်ကြည့်လိုက်ရင်လည်း သူတို့တိုင်းပြည်ထဲက သမိုင်းဝင် အဆောက်အအုံ တွေ ရှေးဟောင်းအဆောက်အအုံ တွေကို ရှေးမှုမပျက် ထိန်းသိမ်းထားပြီး နိုင်ငံတကာ ခရီးသည်တွေ စိတ်ဝင်စားပြီး လာရောက်ကြည့်ရှုနိုင်အောင်လို့ ကမ္ဘာနဲ့ အ၀ှမ်းကြော်ငြာအားကောင်းကောင်း နဲ့ ဆွဲဆောင်နေကြပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင် မနှစ်က ကမ္ဘာလှည့်ခရီးသည် သန်း ၂၀ နီးပါး လာရောက်လည်ပတ်ခဲ့ပြီး ထက်ဝက်နီးပါးက ရှေးဟောင်းအမွေအနှစ်စေတီဟောင်းတွေ ၊ အဆောက်အအုံ ဟောင်းတွေ ရှိတဲ့ အာယုဒယ မြို့ကိုသွားရောက်လည်ပတ်ကြတယ် လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးသားထားပါတယ်၊ ဒီအဆောက်အအုံ တွေကို ခရီးသွားတွေ စိတ်ပါဝင်စားမှု ရှိပြီး လာရောက်လည်ပတ်မှု ရှိတဲ့ အတွက်ကြောင့်လည်း နိုင်ငံအတွက် ၀င်ငွေရရှိသလို ၊ ဟိုတယ်လုပ်ငန်းတွေ ၊ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတွေ ၊ လက်မှုအနုပညာ ရောင်းဝယ်တဲ့လုပ်ငန်းတွေ ၊ လမ်းဘေးဈေးသည် တွေက အစ ၀င်ငွေတိုးပွားစေပါတယ် ။ အဆောက်အအုံတွေ ၊ သမိုင်းအမွေ အနှစ်တွေ ပြစားတဲ့ လုပ်ငန်း ဖြစ်ပါတယ်၊ အစိုးရဘက်ကလည်း လာလည်ချင်တယ့် ကမ္ဘာလှည့်ခရီးသည်တွေ အဆင်ပြေစေဖို့ ဗီဇာက အစ ၊ အများသုံး အိမ်သာ အဆုံး စနစ်တကျ နဲ့ အဆင်ပြေပြေဖြစ်ဖို့ စီစဉ်ထားရမှာ ဖြစ်ပါတယ်၊ တစ်ခေါက်ထဲနဲ့ နောက်တစ်ခေါက်လက်လှန်ပြီး ပြန်မလာလည်ချင်တော့တဲ့ အထိ စိတ်ပျက် သွားနိုင်တဲ့ အားနည်းချက်တွေလည်း အများကြီးရှိနေတာကို ပြုပြင်ပေးဖို့ လိုပါတယ်။

မြို့ပြ အမွေ အနှစ် လက်ရာတွေကြောင့် စီးပွားရေး အရ အလားအလာ ကောင်းတွေ ဖော်ဆောင်နိုင်တယ်ဆိုပေမယ့်လည်း ရှေးဟောင်းအဆောက်အအုံတွေကို တန်ဖိုးထားတက်ဖို့ ၊ သမိုင်းဝင် အဆောက်အအုံတွေကို ထင်သလို ပြုပြင်မှု မလုပ်ဘဲ ရှေးမူမပျက် နည်းပညာတွေနဲ့ ပြုပြင်နိုင်ဖို့ အပြင် သမိုင်းဝင်အဆောက်အအုံ တွေ ၊ သက်တမ်းရင့် အဆောက်အအုံတွေကို ဖျတ်ဆီးပြီး အထပ်မြင့် အဆောက်အအုံတွေကို ဆောက် ၊ အခန်းအရေ အတွက် များအောင်လုပ်ပြီးလူနေ တိုက်ခန်း အဖြစ် ပြောင်းလဲခဲ့တဲ့ လတ်တလော ပေါ်ပင် စီးပွားရေး လုပ်တာကို လည်း ဥပဒေ နည်းဥပဒေ တွေနဲ့ တားမြစ်ထိန်းချုပ်ဖို့ လိုလာပါပြီ။ ဥပဒေ ထွတ်လာပြီ ဆိုပေမယ့်လည်း အမှန်တကယ် အလုပ်လုပ်နိုင်တဲ့ နည်းဥပဒေက ယနေ့အချိန်ထိ ထွတ်မလာနိုင်သေးတဲ့ အချိန်ဖြစ်တဲ့ အတွက် အသိစိတ်ဓတ်ရှိရှိ ၊ စီးပွားရေးအမြင်ရှိရှိဖြင့် စောင့်ရှောက်အသုံးချတက်ဖို့လိုပါတယ်။

ရှေးဟောင်းလက်ရာ အဆောက်အအုံ တွေ ၊ သက်တမ်းရင့် အဆောက်အအုံ တွေကို နိုင်ငံတကာမှာ အစိုးရ အစီအစဉ် နဲ့ သာမက ပုဂလိက အစီအစဉ်တွေနဲ့ ပြုပြင်ထိန်းသိမ်းပြီး အရေးကြီးတဲ့ အဆောက်အအုံ တစ်ချို့ကို ပြတိုက်လုပ်ပြီးဝင်ငွေရှာသလို ကမ္ဘာလှည့်ခရီးသည်တော်တော်များများ ကလည်း ရှေးဟောင်းအဆောက်အအုံ တွေ ၊ သက်တမ်းရင့် အဆောက်အအုံ တွေထဲက စားသောက်ဆိုင်တွေ ၊ ဟိုတယ်တွေ ၊ တည်းခိုခန်းတွေမှာ နေရ စားရတာကို ပိုမိုနှစ်သက် သလို သူတို့နိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ရင်လည်း သူတို့လည်ပတ်နေထိုင်ခဲ့တဲ့ အဆောက်အအုံ တွေနဲ့ ပက်သက်ပြီး ဂုဏ်ယူ ပြောဆိုကြပါတယ်။

ရှေးဟောင်း လက်ရာ အဆောက်အအုံတွေ ၊ သမိုင်းဝင် အဆောက်အအုံ တော်တော်များများကလည်း ၁၉၉၀ နောက်ပိုင်း လူနေသိပ်သည်းမှုကြောင့် ဖြစ်ထွန်းတိုးတက်လာတဲ့ မြို့ပြလူနေမှု ဖြေရှင်းနည်းစနစ်သစ်အောက်မှာ ဟောတစ်လုံး ဟောတစ်လုံး ဆိုသလို ကွယ်ပျောက်ခဲ့ရတဲ့ အပြင် ကျန်ရှိနေတဲ့ အဆောက်အအုံ တော်တော်များများကလည်း ပြုပြင်ထိန်းသိမ်းသူ ကင်းမဲ့လို့ အဆောက်အအုံ ပျက်ကြီးတွေ အဖြစ် ရင်နာစရာ တွေ့မြင်နေရတာ လက်ညှိးထိုးမလွဲဖြစ်ပါတယ်။
နိုင်ငံတကာမှာ မရှိတာကို အရှိလုပ်နေပြီး အတုတွေနဲ့ ပြစားနေချိန်မှာ ရန်ကုန်ကတော့ ရှိရင်းစွဲ အဆောက်အအုံတွေကို သေသေချာချာ ပြုပြင်ပြီး စီးပွားရှာတက်ဖို့ လိုလာပါပြီ ၊ ဒါလဟိုဇီ နဲ့ ဘားလမ်းထောင့်က သမိုင်းဝင် ရိုးကုန်တိုက် အဆောက်အအုံကြီးကို နာမည်ကြီး ကုမ္မဏီတစ်ခုက ရှေးလက်ရာမပျက် ပြုပြင်ပြီး စီးပွားရေး လုပ်ငန်းသုံးဘဏ် အဖြစ် ပြောင်းလဲဖွင့်လှစ်ထားတဲ့ အတွက် လှပသပ်ရပ်နေပြီး ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်တစ်စားနဲ့ နေ့တိုင်း ဓာတ်ပုံရိုက်နေတာက မမြင်ချင်မှ အဆုံးဖြစ်ပါတယ်။

ရှေးဟောင်း အဆောက်အအုံ တွေ မြို့ပြ အမွေ အနှစ်တွေဆိုတာ ထိန်းသိမ်းသင့်တဲ့ အရာတစ်ခုဖြစ်သလို မထိန်းသိမ်းတက်ခဲ့ရင် အလွယ်တကူလည်းပျောက်ကွယ်သွားနိုင်တဲ့ အရာ တစ်ခုလည်းဖြစ်ပါတယ်၊ ရန်ကုန်မဆိုထားနဲ့ ကမ္ဘာနိုင်ငံတော်တော်များများက ရှေးဟောင်းအဆောက်အအုံ ၊ သမိုင်းအမွေအနှစ် အဆောက်အအုံတွေဆိုရင် ခေတ်မီဖွံ့ဖြိုးတိုး တက်ခြင်းဆိုတဲ့ ခေါင်းစဉ် အောက်မှာ ပျောက်ဆုံးခဲ့ရတဲမြို့တော်တွေဟာလည်း ယနေ့ခေတ်ကြီးထဲမှာ ဒုနဲ့ဒေး ရှိနေခဲ့ပါတယ်။

ဒီမြို့တော်တွေကို သင်ခန်းစာ ယူပြီး လက်ရှိအချိန်အခါမှာ လူတစ်ဦးချင်းစီ ရဲ့ အသိစိတ်ဓာတ်တွေနဲ့ ထိန်းသိမ်းနိုင်မယ်ဆိုရင် ရန်ကုန်အနေအထားက မီနိုင်သေးတဲ့ အခြေအနေရှိတဲ့အပြင် နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိပြီး သမိုင်းဝင် ကိုလိုနီအဆောက်အအုံတွေ တစ်စုတစ်ဝေးတည်း ရှိနေတဲ့ရန်ကုန်မြို့က နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်နိုင်မှာ သေချာပါတယ်။

ခေတ်အဆက်ဆက် ပြောင်းလဲလာခဲ့တဲ့ အဆောက်အအုံ မူဝါဒ ၊ မြေယာမူဝါဒ တွေကြောင့် ရန်ကုန်ရဲ့ အချို့သောနေရာတွေမှာ စိတ်ပျက်စရာ အခြေအနေ တွေ ဖြစ်လာခဲ့ပေမယ့် သမိုင်းဝင် အလှအပ ဖြစ်စေမယ့် ရွှေတိဂုံပတ်ဝန်းကျင်လို ၊ ကမ်းနားလမ်းက သမိုင်းဝင်အဆောက်အအုံ တွေလို နေရာမျိုးတွေက တော့ မပျက်မယွင်းကျန်ရှိနေဆဲဖြစ်ပါတယ်။ ရန်ကုန်ရဲ့ စီးပွားရေး ဆိုင်ရာ အလားအလာကောင်းတွေ အပြင် ဖွံ့ဖြိုးတိုးတက်မှု တွေကြောင့်လည်း နိုင်ငံတကာ ကလုပ်ငန်းရှင်တွေ မျက်စိကျလာသလို ၊ ပြည်တွင်းက ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင် တော်တော်များများကလည်း ဖွံ့ဖြိုးလာနိုင်တဲ့ အနာဂတ်လုပ်ငန်း သစ်တစ်ခု အဖြစ် ကမ္ဘာလှည့်ခရီးသွားလာရေး လုပ်ငန်းက ပိုပြီး အောင်မြင်လာနိုင်မယ်လို့ သုံးသပ်ထားကြပါတယ်။

ပြည်တွင်း သာမက နိုင်ငံတကာကပါ မျက်စိကျနေတဲ့ အချိန်တစ်ခုပဲ ဖြစ်နေပါတယ်။
မြို့ပြပုံသဏ္ဍန်ပြောင်းလဲစပြု နေတဲ့ ရန်ကုန်မြို့ကြီးကို အပေါ်ကနေစီး ကြည့်မယ်ဆိုရင် ဆောက်လက်စ ထိုးထိုးထောင်ထောင် အဆင့်မြင့်အဆောက်အအုံတွေ ၊ တာဝါကရိန်းကြီးတွေကြောင့် မြို့ပြရဲ့ တိုးတက်တဲ့ လက္ခဏာတွေကို ပြသနေသလို ရန်ကုန်မြို့ကြီးက အဖိုးမဖြတ်နိုင်တဲ့ရှေး ဟောင်းအဆောက်အအုံတွေ တင့်တယ်တယ်နဲ့ ပြန်လည်အဖတ်ဆင် ကယ်တင်ရင် အချိန်မီနိုင်သေးတဲ့ အချိန်မှာ နည်းလမ်းပေါင်းစုံနဲ့ အဆောက်အအုံတွေရဲ့မူလလက်ရာမပျက်လှပနေစေဖို့ ဘယ်လိုနည်းလမ်းတွေကို လိုက်နာကျင့်သုံး မယ်ဆိုတာကလည်း အရေးကြီးပါတယ်။

ဝမ်းနည်းစရာကောင်းတာ တစ်ခုကတော့ ရန်ကုန်မြို့က နာမည်ကြီး ကိုလိုနီ ခေတ်ရှေးဟောင်းအမွေအနှစ် အဆောက် အအုံတွေ တော်တော်များများက ယခင်အစိုးရရုံး စိုက်ရာနေရာတွေဖြစ်ခဲ့ပြီး အစိုးရ ရုံးဌာနတွေ နေပြည်တော်ကို အလုံးအရင်းဖြင့် ပြောင်းရွေ့သွားကြတဲ့ အချိန်ကစပြီး နေဒဏ်မိုးဒဏ် အောက်မှာပဲ အပျက်အစီး ၊ ချုံနွယ်ပိတ်ပေါင်းတွေ ၊တွယ်ကပ်နေတဲ့ ညောင်ပင်အိုတွေကြားမှာ အထီးကျန်ဆန်လို့ နေရဆဲဖြစ်တာကြောင့် စနစ်တကျ ထိန်းသိမ်းပြီး အကျိုးရှိအောင် လုပ်နိုင်ဖို့ လိုအပ်လို့လာပါပြီ ။

ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကို ပိုမိုတာရှည်ခံအောင် အဲဒီအဆောက် အအုံတွေ
ရဲ့ ပျက်စီးမှုအခြေအနေပေါ်မူတည် ပြီးဗိသုကာပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ သေချာဆွေးနွေးတိုင်
ပင်ပြီးတော့ ရေတို၊ ရေလတ်၊ ရေရှည်စီမံကိန်းတွေ ချမှတ်ထိန်း သိမ်းသင့်သလို ရန်ကုန်မြို့မှာရှိနေတဲ့ မြို့ပြအမွေအနှစ်အဆောက်အအုံတွေကို စီမံကိန်းတစ်ခုအဖြစ် စနစ်တကျနည်းစနစ်ရေးဆွဲပြီး ထိန်းသိမ်းသင့် တယ်လို့ ပညာရှင်တွေက ထောက်ပြမှု တွေ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ကျယ်ကျယ်ပြန့်ပြန် ပေါ်ထွတ်လို့လာနေပါပြီ ရန်ကုန်စည်ပင် က ရှေးဟောင်း အဆောက်အဖြစ် အဆောက်အအုံ ၁၈၉ လုံးရှိတယ်လို့ ဆိုထားပေမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကတော့ အဆောက်အအုံပေါင်း ထောင်ဂဏန်းအထက် ရှိတယ်လို့ ဆွေးနွေးပွဲတွေမှာ ထည့်သွင်းပြောထားပါတယ် ၊ အဆောက်အအုံတွေကို နည်းပညာမြင့်မြင့်နဲ့ ထိန်းသိမ်းမယ်ဆိုရင်လည်း စီးပွားရေး ပုံစံလုပ်သင့်တဲ့ အဆောက်အအုံ တွေ ၊ ပြင်ပကို ပြန်အဌားချထားနိုင်တယ့် အဆောက်အအုံ တွေ အပြင် ၊ အစိုးရကဘဲ ပြည်သူ့ဝန်ဆောင်မှု အတွက် ဌာနဆိုင်ရာ ရုံးအဖြစ် သုံးမလား ဆိုတာကို စီမံကိန်း တစ်ခု အဖြစ် လုပ်ပြီး ထိန်းသိမ်းရမှာဖြစ်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service