ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်း အသစ် တစ်ဖန် ပြန်လည် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ရွှေဂုံ(လင့်လမ်း) အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းဖွင့်ပွဲအခမ်းအနားကို မကြာမီကျင်းပ သွားမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
''ရွှေဂုံ(လင့်လမ်း)အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း ရဲ့ လုပ်ငန်းအားလုံးဟာ အခုအခါမှာ ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်တဲ့အတွက် မူလအခန်းနေသူတွေကို ဒီဇင်ဘာ ၃ဝ ရက်ကစပြီး အခန်းတွေ စတင်ချထားပေးပြီး လူတွေလည်း တက်နေနေပါပြီ။ ဖွင့်ပွဲကိုတော့ ဇန်နဝါရီ ၉ ရက်မှာ ကျင်းပဖို့စီစဉ်ထားပြီး အခန်းသော့တွေပါ တစ်ပါတည်း
ပေးအပ်သွားမှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။
အနောက်ရွှေဂုံတိုင်ရပ်ကွက် လင့်လမ်းနှင့် ရွှေဂုံ လမ်းထောင့်ရှိ အဆိုပါစီမံကိန်း အကောင်အထည်ဖော် သည့်မြေနေရာပေါ်၌ ၁၉၆၄-၁၉၆၅ ခုနှစ် တော် လှန်ရေး ကောင်စီလက်ထက်တွင် နိုင်ငံတော်အနေဖြင့် နဂိုမူလ အခန်းအကျယ် စတုရန်းပေ ၁၇၆ဝ ရှိ နှစ်ခန်းတွဲ လေးထပ်တိုက်သုံးလုံးနှင့် ၅၈၄ စတုရန်းပေ ရှိ လေးခန်း တွဲ လေးထပ်တိုက်တစ်လုံးတို့ကို အခန်းပေါင်း ၄ဝ ဖြင့်ဖွဲ့စည်းတည်ဆောက်ကာအငှားချဝန်ထမ်း
အိမ်ရာအဖြစ်ဖော်ဆောင်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၅ဝ ခန့်သက်တမ်းရှိ အဆိုပါအဆောက်အအုံများသည် အခန်း အရေအတွက် ၄ဝ သာရှိသဖြင့် မျက်မှောက်ကာလ မြို့ပြလူနေထူထပ် မှုနှင့် နှိုင်း ယှဉ်လျှင် နေထိုင်နိုင်မှုမှာ နည်းပါးသေးသည့်အတွက် ယခု အစိုးရ လက်ထက် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီး ဌာနက အကျယ်အဝန်း ၂ ဒသမ ၂၉၄ ဧကရှိ နဂိုမူလမြေ ကွက် နေရာပေါ် တွင် ရွှေဂုံအိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းအဖြစ်၂ဝ၁၃ ခုနှစ်က စတင် အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ် သည်။
၂ဝ၁၃ ခုနှစ်မတ်လတွင် တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်မည့် ကုမ္ပဏီအဖွဲ့အစည်းများ ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ဒါခေါ်ယူခဲ့ရာတိုင်းရင်းသားလုပ်ငန်းရှင်များဖြစ်သည့် မြန်မာ စေတနာကုမ္ပဏီနှင့် ထိုက်စင်ကုမ္ပဏီ တို့က တင်ဒါအောင်မြင်ခဲ့သော ကြောင့် ယင်းနှစ် အောက် တိုဘာလ အတွင်း စာချုပ်ချုပ်ဆို၍
နိုဝင်ဘာလ ၁ ရက်ကလုပ်ငန်းစတင် အကောင် အထည်ဖော်ခဲ့ကြောင်း သိရသည်။
အသစ်ပြန်လည်တည်ဆောက် သည့် အဆိုပါ အိမ်ရာစီမံကိန်းတွင် ရှစ်ခန်း တွဲခြောက်ထပ် ကားပါကင် အပါ အဆောက်အအုံတစ်လုံး၊ ရှစ် ခန်းတွဲခြောက် ထပ် နှစ်လုံးနဲ့ ကိုယ် ကာယလေ့ကျင့်ခန်းမနှင့် ရေကူးကန် တို့ပါဝင်သည့် အဆောက်အအုံတစ် လုံးတို့ကို ထည့်သွင်းထားပြီး တင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီနှစ်ခုက လူနေအိမ်ခန်းပေါင်း ၁၂ဝ ကို သတ် မှတ်ချိန်အမီ ပြီးစီးရေးဆောင်ရွက်ခဲ့ရာ ယခုအခါ မူလနေထိုင်သူများ အတွက် ဆောက်လုပ် ထားသည့် အဆောက် အအုံများ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ရွှေဂုံ(လင့်လမ်း) အိမ်ရာစီမံကိန်း အတွက် နိုင်ငံတော်မှ မြေပိုင်ရှင် အဖြစ် မြေတန်ဖိုး ကိုရင်းနှီးမြှုပ်နှံ ထားရပြီး အနီးစပ်ဆုံး ကာလပေါက် ဈေးနှင့် နှိုင်းယှဉ်တွက်ချက်ကြည့်မည် ဆိုပါက တစ်စတုရန်းပေလျှင် ငွေ ကျပ်တစ်သိန်းခွဲဖြင့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ စုစုပေါင်း ငွေကျပ်သိန်း ၁၄၆၉၄၉ ဒသမ ၆၆ သိန်းဖြစ်ကြောင်း၊ လုပ်ငန်းလက်ခံသူ ကုမ္ပဏီနှစ်ခုက အဆောက်အအုံနှင့် Infrastructure လုပ်ငန်းများ ဆောက်လုပ်မှု ကုန်ကျစရိတ်တန်ဖိုး မှာ ငွေကျပ်သိန်း ၁၃ဝဝဝဝ ဒသမ ဝဝ ဖြစ်ကြောင်း၊ သို့အတွက်ကြောင့် နိုင်ငံတော်နှင့် ကုမ္ပဏီ လုပ်ငန်းများ၏ရင်းနှီးမြှုပ်နှံမှုအချိုးမှာ ၅၃ ရာခိုင် နှုန်းနှင့် ၄၇ ရာခိုင်နှုန်းဖြစ်ပြီး အကျိုး အမြတ် ခွဲဝေသတ်မှတ်ရာတွင်မူ နိုင်ငံတော်က ၅၁ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင်များဘက်က ၄၉ ရာခိုင် နှုန်းဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရှိရသည်။
''အခန်းတစ်ခန်းစီမှာ မိသားစု အိပ်ခန်းတစ်ခန်းနဲ့ ရိုးရိုးအိပ်ခန်း နှစ်ခန်းစီ၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ မီးဖိုခန်းများပါဝင်မှာ ဖြစ်ပါတယ်။ ရေ၊ မီးနှင့်ဓာတ်လှေကားတွေ၊မီးသတ်စနစ်တွေကိုလည်း တပ်ဆင် ထားပြီး ကားပါကင်လည်း ပါဝင်ပါ တယ်''ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။
Credit: MOI Webportal Myanmar