စည်းမျဉ်းစည်းကမ်းနှင့်မညီ ဆောက်လုပ်သော အထပ်မြင့်တိုက်များကို လွှတ်တော်စောင့်ကြည့်မည်ဟုဆို

စည်းမျဉ်းစည်းကမ်းနှင့်မညီ ဆောက်လုပ်သော အထပ်မြင့်တိုက်များကို လွှတ်တော်စောင့်ကြည့်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
8 Jan 2016 10:25 am တွင် တင်ခဲ့သည်
996 ကြိမ် ကြည့်ရှု့ပြီး
ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် မညီဘဲ ဆောက်လုပ်နေသည့် အထပ်မြင့် အဆောက်အအုံများ ကို ဥပဒေနှင့်အညီ
ပြန်လည်လုပ်ဆောင်ခြင်းရှိ၊မရှိ ပြည်သူ့လွှတ်တော်ကစောင့်ကြည့်မည်ဟု ယမန်နေ့တွင် ကျင်းပသည့် လွှတ်တော်၌ ဆုံးဖြတ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာမေ၀င်းမြင့်က ရန်ကုန်မြို့တွင် စည်းမျဉ်းနှင့်မညီ ဘဲ
ဆောက်လုပ်နေသည့် အထပ် မြင့် အဆောက်အအုံများကို ဥပဒေအရ စည်းမျဉ်းစည်းကမ်းနှင့် အညီ ဆောင်ရွက်ပြီးသည်အထိရပ်ဆိုင်းထားရန်
ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ်ကို ဇန်န၀ါရီ ၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

ရန်ကုန်မြို့တွင် ဆောက် လုပ်နေသည့် ရှစ်ထပ်ခွဲနှင့်အ ထက် အဆောက်အအုံများသည် စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားသည့်
စည်းကမ်း များ မလိုက်နာခြင်း၊ သတ်မှတ် ဥပဒေစည်းမျဉ်းများမလိုက်နာဘဲ ဆောက်လုပ်နေခြင်းတို့
ကြောင့်တည်ဆဲဥပဒေများနှင့်အညီတိကျစွာဆောင်ရွက်ပြီးသည် အထိ ရပ်ဆိုင်းထားရန် အဆိုတင် ရခြင်းဖြစ်ကြောင်း ဒေါက်တာမေ၀င်းမြင့်က ပြောကြားသည်။

‘‘ဆေးရုံကြီးဝင်းထဲမှာ ၁၂ ထပ် အမြင့်ရှိတဲ့ အဆောက်အအုံ တစ်ခု ဆောက်နေတယ်။ ဒါက နိုင်ငံတော်ဘတ်ဂျက်ကို တင်ပြထားခြင်းလည်းမရှိဘူး။စံချိန်စံ ညွှန်းနဲ့မညီဘဲ ဆောက်နေတာ အခုဆို လေးထပ်တောင်ရောက် နေပြီ။ ဒါတွေကို ရပ်ဆိုင်းဖို့လိုပါ တယ်’’ ဟု ဒေါက်တာမေ၀င်းမြင့် က လွှတ်တော်သို့တင်ပြခဲ့ရာကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ယင်းတင်ပြချက်ကြောင့် အဆိုပါ ဆောက်လုပ်မှုကို ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း ပြန်လည်တင်ပြခဲ့သည်။

ယင်းအဆိုကို ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကြ ရာ၌ အဆိုပါ ဖြစ်စဉ်များသည်ရန်ကုန်မြို့တွင်းသာမက
ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့ရှိ မြို့ကြီးအများစု၌လည်း ဖြစ်ပေါ်နေသဖြင့် ပြည်နယ်နှင့်
တိုင်းဒေသ ကြီးဟူသော စကားရပ်ဖြင့် အဆို ကို အစားထိုးပြောင်းလဲရန် တင် ပြခဲ့သည်။

သက်ဆိုင်ရာ ၀န်ကြီးဌာန များဖြစ်သည့် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ကျန်းမာရေးဝန် ကြီးဌာနတို့ကလည်း အဆိုကို ထောက်ခံသည့် သဘောဆွေးနွေး ခဲ့ပြီး အဆိုရှင်၏ သဘောထားကို လွှတ်တော်ဒုတိယဥက္ကဋ္ဌက မေး မြန်းရာ မဲခွဲဆုံးဖြတ်ခြင်း မပြုဘဲ မှတ်တမ်းတင်ထားရှိပြီး လွှတ် တော်မှ စောင့်ကြည့်ရန်ဆန္ဒ ပြုခဲ့သဖြင့်
ဒေါက်တာမေ၀င်းမြင့် တင်ပြချက်အတိုင်း လွှတ်တော် က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

‘‘ရန်ကုန်မြို့မှာ အထပ်မြင့် အဆောက်အအုံတွေ ခွင့်ပြုချက် မရှိဘဲ ဆောက်နေကြတယ်။ ဒဏ် ကြေးဆောင်ပြီး ဆောက်ကြတယ်။ ဒဏ်ကြေးက အများဆုံးမှ တစ်နေ့တစ်သိန်းလောက်ဆောင်ပြီး တစ်လ သိန်းသုံးဆယ်လောက် ဆောင်တယ်။ အကုန်လုံးဆောက် ပြီးသွားမှအခွန်ပြန်ဆောင်တယ်။စည်ပင်ဥပဒေတွေက ကောင်း တယ်။ အကောင်အထည်ဖော် နေတဲ့ သူတွေမကောင်းလို့အခုလို ဖြစ်နေတာ’’ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင်(ဇောတိက) က ပြောသည်။

သို့သော် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးဌေးအောင်ကမူ ‘‘စည်းမျဉ်းနဲ့မညီဘဲ ဆောက်နေတာတော့ မရှိပါဘူး။ ဒါပေမဲ့ တချို့ခွင့်မပြု သင့်တဲ့ နေရာတွေမှာ ခွင့်ပြုထား တာတော့ ရှိတယ်။ အရင်က စည်းမျဉ်းစည်းကမ်းတွေ မထွက် ခင်က လုပ်ကိုင်ခွင့်ပါမစ်ကျပြီး ဆောက်လုပ်နေတာတွေတော့ ရှိ တယ်။
ဆိုးဆိုးရွားရွားကြီး စည်းမဲ့ ကမ်းမဲ့ ဆောက်နေတာ မရှိပါ ဘူး။ တမင်တကာ ဥပဒေမဲ့ ခွင့်ပြု ထားတာ မရှိပါဘူး’’ဟု သုံးသပ် ပြောကြားသည်။

‘‘တာဝါကြီးတွေ၊ အဆောက်အအုံတွေ ဆောက်မယ့်လုပ်ငန်း ရှင်က ဘယ်တော့မှ စည်းကမ်းမဲ့ မလုပ်ဘူး။ ဒီလောက်အများကြီး ရင်းနှီးမြှုပ်နှံမှာကို သေချာစိစစ်ပြီး မှ လုပ်ပါတယ်။ ဒီမှာက လုပ် ငန်းခွင်တစ်ခု ခွင့်ပြုပြီးသွားရင် နိုင်ငံရေးရည်ရွယ်ချက်တစ်ခု ဒါမှ မဟုတ် တခြားရည်ရွယ်ချက်တစ် ခုနဲ့ လိုက်ကန့်ကွက်ကြတယ်။ ဒါက ရင်းနှီးမြှုပ်နှံမယ့်သူကိုလည်း ထိခိုက်စေတယ်။ နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေး အပိုင်းကိုလည်း ထိခိုက်စေတယ်။ အစကတည်းက ခွင့်ပြုသင့်၊ မသင့် သေချာစဉ်းစားသင့်တယ်။ လုပ်ငန်းလုပ်တော့မှ ပြန်ဖျက်ခိုင်းတာက ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေတယ်’’ဟုThreeFriend ဆောက်လုပ်ရေးဒါရိုက်တာ ဦးကိုကိုလေးက လည်း ၎င်း၏အမြင်ကို ပြောသည်။

‘‘ဘာကြောင့် မဲမခွဲခဲ့တာလဲ ဆိုတော့ ကျွန်မတို့တင်တဲ့ အဆို တော်တော်များများက လွှတ် တော်မှာ မဲခွဲလိုက်ရင် ရှုံးတာများ တယ်လေ။ အဲဒီလို ရှုံးသွားရင် ကျွန်မအဆိုက အလကားဖြစ် သွားမှာစိုးလို့ မှတ်တမ်းတင်ပြီး လွှတ်တော်က စောင့်ကြည့်ဖို့ သဘောထားပေးလိုက်တာ။ အဲဒီ အတွက် နောက်လွှတ်တော်မှာဒီကိစ္စကို
ဆက်လက်ဆောင်ရွက်သွားလို့ရတယ်’’
ဟုဒေါက်တာမေ၀င်းမြင့်က ပြောသည်။

ယခုအဆို ကို မှတ်တမ်းတင်ခဲ့ခြင်းဖြင့် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မှု ရပ်ဆိုင်းရေးကို တိုက်ရိုက်ဖိအားပေးနိုင်မည် မဟုတ်သော်လည်း
တပ်လှန့်လိုက်သည့် အနေအထားဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုသည်။

‘‘၁၉၉၄ ကတည်းက ရွှေတိ ဂုံစေတီတော်ရဲ့ ဂုဏ်ကိုကွယ်နိုင် မယ့် အဆောက်အအုံတွေကို ခွင့် မပြုဖို့ သတ်မှတ်ထားတာတွေရှိ တယ်။ ဥပမာ ယောမင်းကြီးလမ်း၊
ကမ္ဘာအေးဘုရားလမ်း၊ တက္က သိုလ်ရိပ်သာလမ်းတွေမှာ အထပ် မြင့်ကို ဆောက်ခွင့်မပေးဘူး။ ဒါ တွေကို အခုအစိုးရလက်ထက်မှာ ဆောက်ချင်သလို ဆောက်နေကြတာ။ အခုလို လွှတ်တော်မှာ ဆွေးနွေးတာကောင်းတယ်၊ ကြိုဆိုပါတယ်’’ဟု ဦးခင်လှိုင်က ဆိုသည်။

Credit: MyanmarTines

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service