ဆောက်လုပ်ရေး လုပ်ငန်းများတွင် မြေသားစမ်းသပ်ခြင်း လုပ်ငန်းများလုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီများကို လိုင်စင်
ထုတ်ပေးလျှက်ရှိရာ စုစုပေါင်း ကုမ္ပဏီ ၁၅ခုအား လိုင်စင်
ထုတ်ပေးထားပြီဖြစ်ကြောင်း သတင်းရရှိသည်။
မူလက ကုမ္ပဏီ၁၁ခုအား လိုင်စင် စတင် ထုတ်ပေးထားရာ ဇန်န၀ါရီ ၅ရက်နေ့က ထပ်မံပြီး ကုမ္ပဏီ ၄ခုအား ထုတ်ပေး လိုက်ပြီဖြစ်သောကြောင့် စုစုပေါင်း၁၅ ခုအား လိုင်စင် ထုတ်ပေးလိုက်ပြီဖြစ်သည်။
ထပ်မံပြီး လိုင်စင် ထုတ်ပေးလိုက်သည့် ကုမ္ပဏီ ၄ခုမှာ Electrum Public Co.,Ltd၊
Energy World Co.,Ltd. ၊ STRATA Geotechnical Investigation နှင့် International Integrated
Services (Geol Mark Co.,Ltd.) ကို ထပ်မံပြီး လိုင်စင် ထုတ်ပေးလိုက်ခြင်းဖြစ်သည်။
ဆောက်လုပ်ရေး လုပ်ငန်များ၏ အ၇ည်အသွေးနှင့် စံချိန်စံညွှန်းများကိုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကြပ်မတ်လျှက်ရှိရာ ယခု အခါ မြေသားစမ်းသပ်ခြင်း လုပ်ငန်းများလိုင်စင် ထုတ်ပေးထားသည့်
ကုမ္ပဏီများနှင့်သာ ဇန်န၀ါရီ ၁ရက်နေ့မှစတင်ကာ
ဆောက်လုပ်ရေးကုမ္ပဏီများနှင့်သာ ပူးပေါင်း
လုပ်ကိုင်ရမည်ဖြစ်သည်။
ပြီးခဲသည့်အပတ်ကလဲ ပိုင်ရိုက် ခြင်းလုပ်ငန်းများအား တရားဝင် လိုင်စင် ကို ရန်ကုန်
မြို့တော်စည်ပင်သာယာရေး ကော်မတီ မှ လဲ ယခု မြေသားစမ်းသပ်ခြင်းကဲ့သို့
လုပ်ငန်းလိုင်စင်များထုတ်ပေးထားရာစုစုပေါင်း ၇ခု ရှိသွားပြီဖြစ်သည်။
ပြည်တွင်း ၌ ဆောက်လုပ်ရေး လုပ်ငန်းများ အရောင်းအ၀ယ်အေးစက်နေပြီး ဈေးကွက်
အေးနေချိန်တွင် ယခုကဲ့သို့ တရားဝင် လိုင်စင်များရရှိသည့်ကုမ္ပဏီများနှင့်လုပ်ဆောင်ပါက ကုန်ကျစရိတ် ပိုမိုကုန်ကျနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။
"စည်ပင်က တရားဝင် လိုင်စင်ရထားတဲ့ ကုမ္ပဏီဆိုပြီး ကျနော်တို့ကို ဈေးပိုတောင်းမှာတော့ကြောက်ရတယ် " ဟု အထက်ပါ လုပ်ငန်းရှင်ကဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဆောက်
လုပ်ရေး လုပ်ငန်းများအား တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးအတွက် ဆောက်လုပ်ရေး ကုမ္ပဏီများ အပါအ၀င် အခြားဆက်စပ် ကုမ္ပဏီများအားလုံးကို စိစစ်ကြပ်မတ်မှုများ လုပ်ဆောင်လျှက်ရှိသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com