အိမ်ခြံမြေ ၀ယ်သူစိတ်ဝင်စားအောင် ရောင်းဈေးပြင်

အိမ်ခြံမြေ ၀ယ်သူစိတ်ဝင်စားအောင် ရောင်းဈေးပြင် - Property News in Myanmar from iMyanmarHouse.com
7 Jan 2016 10:28 am တွင် တင်ခဲ့သည်
1431 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်ထဲမှာ ၀ယ်သူစိတ်ဝင်စားအောင် ရောင်းဈေးကို မကြာခဏပြင်ပြီး လျှော့ဈေးနဲ့ ရောင်းသလိုပုံစံမျိုးနဲ့ သိန်းထောင်ဂဏန်း သောင်းဂဏန်း တန်ဖိုးရှိတဲ့ လုံးချင်းအိမ်ကြီးတွေကို အရောင်းဈေးကွက်ထဲ တင်ကြတာတွေ ရှိလာတယ်လို့ သိရပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "သူတို့က အရှုံးခံရောင်းကြတာတော့မဟုတ်ဘူး၊ အရောင်းထွက်ချင်လို့ အရင်ကမတန်တဆအမြတ်တင်ထားတဲ့ ဈေးတွေ
မပြောတော့ဘဲ ပုံမှတ်ဈေးတန်းကို ခေါ်ကြတာ၊ သူတို့က တစ်ထစ်ချင်းဈေးချပြီး အရှုံးခံရောင်းသလို ဆွဲဆောင်တာပါ၊ သိန်းထောင်ဂဏန်း၊ သောင်းဂဏန်းအိမ်တွေများတယ်"လို့
ပြောပါတယ်။

ဈေးကွက်ထဲတင်ကြတဲ့ တချို့လုံးချင်းအိမ်ကြီးတွေက ခမ်းနားထည်ဝါအောင်တည်ဆောက်ထားပြီး မြက်ခင်းစိမ်း၊
ရေကူးကန်၊ အပန်းဖြေဆောင်လိုအရာတွေကိုပါ ထည့်သွင်းတည်ဆောက်ထားတာပါ။ တချို့အိမ်ကြီးတွေမှာ သုံးထပ်အမြင့်ကိုတကယ့်အိမ်တွင်းအလှဆင်တွေနဲ့ ပြင်ဆင်ထားပြီး ရောင်းတန်းတင်တာတွေ ရှိပေမဲ့ အ၀ယ်ကတော့ မရှိသလောက် အေးတယ်လို့ ပြောပါတယ်။

တချို့ပိုင်ရှင်တွေက တကယ်ရောင်းတာမျိုးမဟုတ်ဘဲ ၀ယ်သူစိတ်ဝင်စားမှုအပေါ်မူတည်ပြီး ဈေးကွက်တင်တာမျိုး
တွေလည်းရှိတယ်လို့သိရပါတယ်။

ဈေးလျှော့တယ်ဆိုပေမယ့် တချို့တွေက နှစ်အတော်ကြာဝယ်ထားပြီးတော့မှ ရောင်းတာရှိတယ်။ အရင်ကဈေးနဲ့ ယှဉ်ရင် လျှော့ဈေးနဲ့တောင် မြတ်နေတာတွေရှိတယ်လို့ သိရပါတယ်။

သည်လိုဈေးလျှော့ရောင်းကြတဲံ အနေအထားမှာ ၀ယ်ရောင်းသမားတွေထက် စီးပွားရေးအရ အငှားထားချင်တဲ့သူတွေနဲ့ ငွေမြှုပ်ထားချင်တဲ့ သူတွေက ၀ယ်ကြတယ်လို့ သိရပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးကျော်စွာက "၂၀၁၅ ခုနှစ်လယ်ပိုင်းလောက်ကစပြီး တန်ဖိုးမြင့်အကွက်တွေပါ ဈေးကွက်ထဲဝင်လာတာ၊ အွန်လိုင်းတွေ အကျိုးဆောင်ဆိုက်တွေမှာလည်း တင်ကြတယ်၊ ပိုင်ရှင်တွေက ဈေးပြင်ပြီး ပထမခေါ်ထားတဲ့ဈေးကို ပြန်ပြင်၊ သိန်း (၁၀၀) နဲ့ (၅၀၀) ကြားဈေးခွါပြီး၊အပြောင်းအလဲလုပ် ဈေးကွက်ရှာကြတယ်"လို့ ပြောပါတယ်။

လက်ရှိဈေးကွက်ကတော့ ပုံမှန်ဈေးတန်းခေါ်နေကြတာတွေ ရှိသလို လျှော့ဈေးနဲ့ရောင်း ကြတာတွေရှိတာကြောင့် တကယ်နေဖို့ ၀ယ်သူတွေအတွက်တော့ ဈေးနှုန်းအမှန်နဲ့ ၀ယ်ယူနိုင်တဲ့ အချိန်လို့ သိရပါတယ်။

Credit : The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service