အင်ဒိုနီးရှားအစိုးရဟာ နိုင်ငံအတွင်း တည်ဆောက်ပေးဖို့
နေအိမ်အကြွေး ၁၃ ဒသမ ၅ သန်း လုံးရေ ကျန်ရှိနေတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
ယင်းတစ်နှစ်တာစုစုပေါင်းနေအိမ်လိုအပ်ချက်ရဲ့ ၆၂ ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲ
ဖြည့်ဆည်းပြီးစီးသေးတယ်လို့ Jakartar Globe က ဖော်ပြခဲ့ပါတယ်။
အင်ဒိုနီးရှားမှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလက သမ္မတ ဂျိုကိုဝီဒိုဒို ရွေးကောက်ခံရပြီးနောက် သူက နိုင်ငံတွင်း မြို့ပြပြုမှုနဲ့ လူဦးရေဖွံ့ဖြိုးမှုတို့မြင့်တက်လာမှုကြောင့် တစ်နှစ်တာနိုင်ငံရဲ့ လိုအပ်ချက် နေအိမ်သစ် ၈၀၀,၀၀၀ ကို ဖြေရှင်းရန် နေအိမ် ၁ သန်း ဆောက်လုပ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
လက်တွေ့မှာတော့ မစ္စတာ ၀ီဒိုဒို အာဏာရပြီးနောက် အင်ဒိုနီးရှားအစိုးရဟာ နှစ်စဉ် နေအိမ် ၄၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ ကြားပဲ တည်ဆောက်ခဲ့တယ်လို့ အိုးအိမ်ဝန်ကြီး ဘာဆူကီ ဟာဒီမူဂျိုနိုက ပြောကြားချက်အရ သိရပါတယ်။
“ဒီတစ်နှစ်ကို ကျန်ရှိနေတဲ့ နေအိမ်ခန်းအရေအတွက် ၄၀၀,၀၀၀ ရှိနေဦးမယ်, ဒါကို မြန်မြန်မကိုင်တွယ်မဖြေရှင်းဘူးဆိုရင် တည်ဆောက်ပေးဖို့ကျန်နေတဲ့ နေအိမ်ခန်းအရေအတွက်
အချိန်နဲ့အမျှ တိုးလို့ လာနေမှာပဲ ဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)