အိုင်စီတီမြို့တော်အတွက်မြေနေရာဝယ်ယူမှုအပြီးသတ်နိုင်သဖြင့် တည်ဆောက်ရေးများစတင်မည်

အိုင်စီတီမြို့တော်အတွက်မြေနေရာဝယ်ယူမှုအပြီးသတ်နိုင်သဖြင့် တည်ဆောက်ရေးများစတင်မည် - Property News in Myanmar from iMyanmarHouse.com
6 Jan 2016 10:30 am တွင် တင်ခဲ့သည်
742 ကြိမ် ကြည့်ရှု့ပြီး
သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများအခြေချ လုပ်ကိုင်နိုင်စေရေးအတွက် တည်ဆောက်မည့် အိုင်စီတီမြို့တော်အတွက် သန်လျင်မြို့နယ်တွင် မြေ နေရာများရရှိထားပြီးဖြစ်သဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို စတင်လုပ်ကိုင်သွား ရန်ရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

လက်ရှိတွင် တက္ကသိုလ်များ လှိုင်နယ်မြေ၌အိုင်စီတီကုမ္ပဏီများစုပေါင်းကာ ရုံးခန်း များ ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း မြေနေရာရရှိမှုနှင့် တည်ဆောက်ရေးဆိုင်ရာ အခက်အခဲများကြောင့် ကျယ်ဝန်းသည့် အိုင်စီတီရပ်ဝန်းတစ်ခုကို တည်ထောင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ စီစဉ်ခြင်းဖြစ်သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတစ်ဖက်ကမ်းရှိ သန်လျင်မြို့နယ်တွင် မြေနေရာ ပေါင်း ၃၆၄ နေရာကို ဝယ်ယူထားပြီး နည်းပညာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

''မြေနေရာတွေလည်း ဝယ်ယူထားပြီးဖြစ်သလို တည်ဆောက်ရေး လုပ်ငန်းတွေ စတင် နိုင်ဖို့ သက်ဆိုင်ရာကို တင်ထားပြီးပါပြီ။ သက်ဆိုင်ရာက ခွင့်ပြုမိန့်ချပေးတာနဲ့ ဆောက် လုပ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ အိုင်စီတီမြို့တော်အဖြစ် ဖော်ဆောင်မှာဖြစ်သလို နည်းပညာဆိုင်ရာ ကိစ္စရပ်တွေအားလုံးကို တစ်နေရာတည်းမှာ စုစည်းလုပ် ကိုင်နိုင်သလို အချင်းချင်းဆက်သွယ်ရေးလည်း ပိုမိုကောင်းမွန် လာမယ်လို့ မျှော်လင့်ပါတယ်။ မြို့အနေနဲ့ဆောင်ရွက်တာမို့ သက်ဆိုင်တဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ အပန်းဖြေဖို့ နေရာတွေနဲ့ အားကစားစင် တာတွေ၊ ရှော့ပင်းမောလ်တွေနဲ့ အချက်အလက် စင်တာတွေ၊ သုတေသနစင် တာတွေကို ထည့်သွင်းတည်ဆောက်သွားမယ်''ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်ကတည်းက အိုင်စီတီမြို့တော်တည်ဆောက်နိုင်ရေးအတွက် အစီအမံများဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြေနေရာများအား စနစ်တကျ ဝယ်ယူခဲ့ခြင်း ဖြစ်ကာ မြေပိုင်ရှင်များထံက တစ်ဧကလျှင် ငွေကျပ်သိန်း ၁ဝဝ ဝန်းကျင်ပေးအပ်ပြီး စုဆောင်း ဝယ်ယူထားခြင်းဖြစ်ကြောင်း ဦးခွန်ဦးက ဖြေကြားသည်။

အိုင်စီတီလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရေးအတွက်အပြင် လူငယ်များ စနစ်တကျနှင့် သတင်းအချက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ပိုမိုသင်ယူခွင့်ရနိုင်ကြရန် မျှော်လင့် ထားပြီး အသက်မွေးဝမ်းကျောင်း မှုများလည်း ပိုမိုမြင့်တက်လာပြီး ပြည်တွင်းနည်းပညာ လိုအပ်မှုအဆင့်အတန်း ကိုလည်း မြင့်မားလာစေမည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းကာလကို နှစ်နှစ်သတ်မှတ်ထားပြီး လာမည့် ၂ဝ၁၈ ခုနှစ်တွင် သန်လျင် မြို့နယ်ရှိ အိုင်စီတီမြို့တော်ကြီး စတင်သက်ဝင်လာနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်းချုပ်မှ သိရှိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service