ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက ပိုင်ရိုက်ခြင်းလုပ်ငန်းအတွက် ကုမ္ပဏီ နှစ်ခုကို လိုင်စင်ထပ်မံထုတ်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်လက ကုမ္ပဏီငါး ခုအား စတင်လိုင်စင်ထုတ်ပေးခဲ့ ပြီး ဒီဇင်ဘာ ၃၁ တွင် ကုမ္ပဏီနှစ်ခုအား လိုင်စင်ထပ်မံထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
အသစ်လိုင်စင်ထုတ်ပေး ခဲ့သည့် ကုမ္ပဏီ နှစ်ခုသည် Geo Tech Pile ကုမ္ပဏီနှင့် DePa Waddy ကုမ္ပဏီတို့ ဖြစ်သည်။ ထို့ကြောင့် ပိုင်ရိုက်ခြင်း လုပ်ငန်းအတွက် ဒီဇင်ဘာ ၃၁ ရက်အထိ လိုင်စင်ထုတ်ပေးထားသည့် စုစုပေါင်းကုမ္ပဏီ ခုနစ်ခုထိရှိသွားပြီ ဖြစ်သည်။
အထပ်မြင့်အဆောက်အအုံ စီမံကိန်းများ ကြီးကြပ်စစ်ဆေး သည့် ကော်မတီအဖွဲ့၏ ထောက် ခံချက်ဖြင့် ပိုင်ရိုက်သည့် လိုင်စင် များရရှိခဲ့သည့် ယခင်ကုမ္ပဏီများ မှာ Myanmar V-pile ၊ Win Piling Group ၊ Golden Tristar ၊ City Press Pile နှင့် Positive Pioneerတို့ဖြစ်ပြီးပြီးခဲ့သည့်လက လိုင်စင် ထုတ်ပေးခဲ့ပြီး ဖြစ်သည်။
၂၀၁၆ ဇန်န၀ါရီ ၁ ရက်မှစ တင်ပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သည့်ကုမ္ပဏီများအနေ ဖြင့် စည်ပင်မှ ပိုင်ရိုက်ခြင်းလိုင်စင်ရရှိထားသည့်
အဆိုပါကုမ္ပဏီများ နှင့်သာ လုပ်ကိုင်ဆောင်ရွက်ရ တော့မည် ဖြစ်သည်။
‘‘စာရင်းဇယားအချက်အ လက် မမှန်မကန်တင်ပြလျှောက် ထားတဲ့ ကုမ္ပဏီတွေ၊ စက်ပစ္စည်း ၀န်ထမ်းအင်အား မပြည့်စုံတဲ့ ကုမ္ပဏီတွေကို အထပ်မြင့်ကော်
မတီက ပယ်ချပါတယ်။ သူတို့ ဘက်က ပို့တာကို ကျွန်တော်တို့ က ပြန်ခွင့်ပြုတာပါ’’ဟု အင်ဂျင် နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
ရန်ကုန်မြို့တွင် ပိုင်ရိုက်သည့် ကုမ္ပဏီ ၄၀ ကျော်ရှိပြီး အရည်အ သွေးရှိသည့် ကုမ္ပဏီများကိုသာ သေချာစိစစ်ကာ ဆက်လက်ခွင့်ပြုမည်ဖြစ်ကြောင်း အထပ်မြင့် အဆောက်အအုံများစစ်ဆေးရေး ကော်မတီက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ပိုင်ရိုက် သည့်လုပ်ငန်းများအားလိုင်စင်ထုတ်ပေးခြင်းအပြင် မြေသားများစမ်းသပ်သည့်SoilTestကုမ္ပဏီများကိုလည်းလိုင်စင်
ထုတ်ပေးထားသည်မှာ ကုမ္ပဏီ ၁၁ ခုအထိရှိသွားပြီ ဖြစ်သည်။
Credit: 7Daydaily