ရန်ကုန်မြို့သစ် မြေကွက်များ ဈေးနှုန်းကျဆင်းလျက် ရှိသော်လည်း အရောင်းအ၀ယ်အေး

ရန်ကုန်မြို့သစ် မြေကွက်များ ဈေးနှုန်းကျဆင်းလျက် ရှိသော်လည်း အရောင်းအ၀ယ်အေး - Property News in Myanmar from iMyanmarHouse.com
4 Jan 2016 11:18 am တွင် တင်ခဲ့သည်
1727 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့သစ် မြေကွက်ဈေးနှုန်းများမှာ ဈေးနှုန်းကျဆင်းလျက် ရှိသော်လည်း မြေကွက်ဝယ်ယူသူ နည်းပါးလျက်ရှိပြီး အရောင်းအ၀ယ် အေးနေကြောင်း ရန်ကုန် အိမ်ခြံမြေ ၀ယ်ရောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ အတွင်းရှိ လူကြိုက်များ၍ ၀ယ်ရောင်း ပြုလုပ်လိုသူများ အနေဖြင့် အရောင်းအ၀ယ် အများဆုံး ပြုလုပ်လျက်ရှိသည့် တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ ထောက်ကြန့်၊ ရွှေပြည်သာ၊ သန်လျင် စသည့် မြို့နယ် အတွင်းရှိ မြေကွက်များ အနေဖြင့် ယခုလအတွင်း ဈေးနှုန်းကျဆင်းလျက် ရှိနေသော်လည်း အရောင်းအ၀ယ် မရှိသလောက် နည်းပါးလျက် ရှိနေသည်။

“ဒီလအတွင်းမှာ မြေကွက် အရောင်းအ၀ယ်တွေက တော်တော်လေးကို သိသိသာသာ ဈေးကျသွားတယ်။ အ၀ယ်လည်း မလိုက်ဘူး။ တချို့ ၀ယ်ရောင်းတွေဆိုရင် လက်ထဲမှာ ပိုက်မိထားတဲ့ မြေကွက်တွေ အများကြီး ရှိတယ်။ အခု လူတွေ တော်တော်များများက မြေကွက် ၀ယ်တာထက် တိုက်ခန်းဝယ်တာကို ပိုအားသန်နေကြတယ်။ ဒါကြောင့် အခုလို အရောင်းအ၀ယ် အေးသွားတဲ့ သဘောတွေပေါ့လေ။ နောက်မြေဈေးတွေ အနေနဲ့ ၁၀ သိန်းကနေ သိန်း ၃၀ ကြားကို ဈေးကျသွားတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းမှ အိမ်ခြံမြေ ၀ယ်ရောင်း လုပ်ကိုင်လျက်ရှိသူ ကိုဇင်မင်းက ဆိုသည်။

ရန်ကုန်မြို့ အတွင်းရှိ မြေဈေးနှုန်းများ အနေဖြင့် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည့် နေရာများတွင် အနည်းဆုံး ကျပ်သိန်း ၈၀ မှ ကျပ် သိန်း၂၀၀၀ အထိ လည်းကောင်း၊ သန်လျင်မြို့နယ် အတွင်း၌လည်း အနည်းဆုံး ကျပ် ၇၀ သိန်းမှ ကျပ်သိန်းသောင်းကျော်အထိ လည်းကောင်း၊ ထောက်ကြန့်မြို့နယ်အတွင်း ကျပ်သိန်း ၁၀၀ ကျော်မှ ကျပ်သိန်းထောင်ကျော်အထိ လည်းကောင်း ပေါက်ဈေး ရှိနေကြောင်း ရန်ကုန်မြို့ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းများနှင့် ၀က်ဘ်ဆိုက်များမှ စုံစမ်းသိရှိရသည်။

၂၀၁၅ ခုနှစ်အတွင်း အိမ်ခြံမြေဈေးကွက် အနေဖြင့် အရောင်းအ၀ယ် ဈေးကွက်ထက် အငှားဈေးကွက်မှာ ပိုသွက်လျက်ရှိပြီး အိမ်ငှား ဈေးနှုန်းများ အနေဖြင့် ဈေးနှုန်းမြင့်တက်မှု ရှိနေသော်လည်း အိမ်ခြံမြေ ဈေးကွက်အတွင်း မြေဈေးနှုန်းများမှာ ၀ယ်ယူသူ မရှိသလောက် နည်းပါး၍ ဈေးနှုန်းများ အနေဖြင့် ကျပ်သိန်း ၇၀ မှ ၁၀၀ ကျော်ဝန်းကျင် တန်ဖိုးရှိ မြေကွက်များ အနေဖြင့် ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အတွင်း ဈေးနှုန်းကျဆင်းနေခြင်း ဖြစ်ကြောင်း အိမ်ခြံမြေ ၀ယ်ရောင်း လုပ်ကိုင်လျက်ရှိသူ ကိုဇင်မင်းက ဆက်လက် ပြောကြားသည်။

“အရင်တုန်းက မြေကွက်တွေက ဈေးကောင်းတော့ မြေ၀ယ်ရောင်းလုပ်ရတာ အဆင်ပြေတယ်။ အမြတ် ကျန်တယ်။ ၂၀၁၅ သင်္ကြန်လောက်ကတည်းက မြေဈေးတွေ နည်းနည်း ငြိမ်လာပြီးတော့ အရောင်းအ၀ယ် ပါးသွားပြီး နိုဝင်ဘာလလောက်အထိ မြို့သစ်မြေကွက်တွေက အရောင်းအ၀ယ် ဖြစ်သေးတယ်။ အခု နောက်ပိုင်းတော့ ၀ယ်သူကို မရှိတော့တာ။ ဒီမြို့သစ် မြေကွက်တွေကို ရောင်းချင်နေတဲ့ သူတွေမှ တစ်ပုံကြီးပဲ။ အ၀ယ် မလိုက်တော့တဲ့အတွက် ဈေးတွေက ထိုးကျကုန်တာ” ဟု ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။

အဆိုပါ မြေကွက်ဈေးနှုန်းများ အနေဖြင့် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်ပြီး ၂၀၁၅ ဒီဇင်ဘာလအတွင်း အရောင်းအ၀ယ် သိသိသာသာ ကျဆင်းလျက်ရှိကြောင်း iMyanmar-House အိမ်ခြံမြေ အရောင်းဝယ် ၀က်ဘ်ဆိုက်၏ ဖော်ပြချက်များအရ သိရသည်။

ထို့ပြင် ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်အတွင်း မြို့သစ်မြေကွက် ဈေးနှုန်းများ အနေဖြင့် ဈေးနှုန်းကျဆင်းလျက် ရှိနေသော်လည်း ရန်ကုန်မြို့ရှိ အိမ်အငှား ဈေးကွက်မှာ ဈေးနှုန်းကျဆင်းခြင်း မရှိဘဲ အတက်ဈေး၌သာ ဆက်လက် ရပ်တည်လျက်ရှိကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service