ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာ ၃၀ တွင် မြေငှားဂရန် ချပေးသွားရန်ရှိကြောင်း သတင်းရရှိသည်။
ကျေးရွာများတွင် မြေငှား ဂရန် ချထားပေးရေး စီမံချက် ဖြင့် ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ ကျေးရွာများ၌ မကြာမီလုပ်ငန်းစတင်သွားရန် စီစဉ်နေပြီး
ဆောင်ရွက်ပေးမည့် ကျေးရွာများစာရင်းကို ကျေးရွာမြေများ မြေငှားဂရန် ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့သို့ တင်ပြ ထားသည်ဟု ရန်ကုန်တိုင်းဒေသ ကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးစိုးမင်းက ပြောသည်။
‘‘ကျွန်တော့်ဘက်က စိစစ် တာဝန်ယူရမယ့်အပိုင်း ပြီးသွား လို့ ရွာသုံးဆယ်စာရင်း တင်ပေး ထားလိုက်ပြီ။ ဗဟိုဆုံးဖြတ်ချက် ကျလာရင်တော့ လုပ်ငန်းစလို့ရ ပြီ။ ဆုံးဖြတ်ချက်ကျဖို့လည်း သိပ် မကြာလောက်ပါဘူး’’ဟု ၎င်းက ပြောသည်။
ယခုတင်ပြထားသော ရွာ များမှာ မြေယာအမှုအခင်း စိစစ် ပြီးသော ကျေးရွာများဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မြေအငှားဂရန် ချပေးနိုင်ရန်
ထပ်မံစိစစ်ရမည့် ကျေးရွာများ ကျန်ရှိ နေသေးကြောင်း ဆိုသည်။
အဆိုပါ ကျေးရွာများသည် ရန်ကုန်စည်ပင်သာယာ နယ်နိ မိတ်နှင့် မြို့တွင်းမြေဧရိယာအ တွင်း၌ ရှိမနေသော ကျေးရွာများ ဖြစ်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင် နှင့် တောင်ပိုင်းခရိုင်တို့မှ အများ ဆုံးဖြစ်ကြောင်း သိရသည်။
ကျေးရွာမြေငှားဂရန် ချထား ပေးရန် နိုင်ငံတော်သမ္မတက လမ်းညွှန်ခဲ့ခြင်းဖြစ်ပြီး ရှေ့ပြေးအစီစဉ်အနေဖြင့် ဇွန်လမှ အောက်တိုဘာအထိ
မြို့နယ်တစ်မြို့နယ်လျှင် ကျေးရွာတစ်ရွာနှုန်းဖြင့် စမ်း သပ်လုပ်ဆောင်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ် ၂၈၃ မြို့နယ်ရှိ ကျေးရွာ ၂၈၃ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း မြေငှားဂရန် ၃၂,၀၅၇ ခုကို
ထုတ်ပေးနိုင်ခဲ့ကြောင်း အဆိုပါ လုပ်ငန်း အဖွဲ့ ထုတ်ပြန်ချက်အရ သိရ သည်။
‘‘အဓိကကတော့ ကျေးရွာ တွေမှာ နေထိုင်နေကြတဲ့သူတွေ ကိုယ်နေထိုင်တဲ့ အ၀န်းအ၀ိုင်း က ဘာမှပိုင်ဆိုင်မှုအထောက်အ ထား မရှိခဲ့ရာကနေ မြို့ပေါ်နေ အိမ်တွေလိုပဲ မြေဂရန်ရရှိစေရေး အတွက်ပါ။ ပိုင်ဆိုင်မှုအထောက် အထားရှိတော့ သူတို့အရောင်းအ ၀ယ် ပြုလုပ်မယ်ဆိုရင်လည်း ခိုင် မာမှုပိုရရှိစေမှာပါ’’ ဟု ဦးစိုး
မင်း က ပြောသည်။
ရှေ့ပြေးအစီစဉ် ပြီးဆုံးပြီး နောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီမံချက်စတင်သွားရန် ဖြစ်ပြီး ယခုအစိုးရလက်ထက် ပြီးဆုံးမှုမရှိပါက နောက်အစိုးရ
ဆက်လက်လုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်များ စနစ်တကျ လွှဲပြောင်း ပေးသွားရန် ရှိသည်ဟု ၎င်းက ပြောသည်။
Credit: 7Daydaily