ကျောက်ဖြူအထူးစီးပွားရေး စက်မှုဇုန်နယ်နိမိတ် ပြည်ထောင်စုလွှတ်တော်အတည်ပြု

ကျောက်ဖြူအထူးစီးပွားရေး စက်မှုဇုန်နယ်နိမိတ် ပြည်ထောင်စုလွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
30 Dec 2015 11:09 am တွင် တင်ခဲ့သည်
1084 ကြိမ် ကြည့်ရှု့ပြီး
မြေဧရိယာလေး ထောင်ကျော် ကျယ်ဝန်းသည့် ရခိုင်ပြည်နယ် ကျောက်ဖြူအထူး စီးပွားရေဇုန်နယ်နိမိတ်သတ်မှတ် ခြင်းကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြု လုပ်သော ပြည်ထောင်စုလွှတ် တော်၌ မဲခွဲဆုံးဖြတ်ရာထောက်ခံ သူများသဖြင့် အတည်ပြုခဲ့ ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန် နယ်နိမိတ်အဖြစ် မြေဧက ၄,၂၈၉ ဒသမ ၃၂ ဧက သတ် မှတ်ပေးရေးအတွက် ပြည်ထောင် စုလွှတ်တော်၏ အတည်ပြုချက် ကိုရယူနိုင်ရန် သမ္မတ၏ ပြည် ထောင်စုလွှတ်တော်နာယကထံ သို့ သ၀ဏ်လွှာပေးပို့လာမှုကို ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုလွှတ်တော်က အ တည် ပြုပေးလိုက်ခြင်းဖြစ်သည်။

အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ်သတ်မှတ်မှုကို ပြည် ထောင်စု လွှတ်တော်တွင် စက် ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၄၂၄ မဲ၊ ကန့်ကွက်မဲ ၂၃ မဲ၊ ကြားနေမဲ ၂ မဲရရှိခဲ့ပြီး ထောက်ခံမဲများသဖြင့်လွှတ်တော် က အတည်ပြုပေးခဲ့သည်။

မဲခွဲဆုံးဖြတ်ခြင်းမပြုမီ ပြည် ထောင်စုလွှတ်တော်တွင် လွှတ် တော်ကိုယ်စားလှယ်များက ဆွေး နွေးရာ ယင်းစီမံကိန်းကို လက်ရှိ အစိုးရသက်တမ်းအတွင်းအလျင် စလို ဆုံးဖြတ်အကောင်အထည် မဖော်သင့်ကြောင်းနှင့် ပွင့်လင်း မြင်သာမှုရှိစွာ လုပ်ဆောင်သင့် ကြောင်း ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း လွှတ်တော်သက်တမ်းနှင့် အစိုးရ သက်တမ်းကုန်ခါနီးတွင် အထူး စီးပွားရေးဇုန် နယ်နိမိတ်အဖြစ် အတည်ပြုပေးနိုင်ရန် လွှတ်တော် သို့ တင်ပြလာမှုအပေါ်ပြည်သူများ နှင့်ထပ်တူ လွှတ်တော်၊လွှတ်တော် ကိုယ်စားလှယ်များက စိုးရိမ် သံသယရှိကြောင်း ပြောကြားခဲ့ သည်။ ‘‘လွှတ်တော်ကိုယ်စားလှယ် များရဲ့ ဆွေးနွေးချက်ဟာကျောက် ဖြူအထူးစီးပွားရေးဇုန် တည် ထောင်ဖို့လိုလားတယ်။ နှစ်ခြိုက် တယ်။

သို့သော် လက်ရှိအစိုးရ လက်ထက်မှာ ဇုန်တည်ဆောက် မှုနဲ့ပတ်သက်ပြီး အလျင်စလိုလုပ် မှာကို စိုးရိမ်တယ်။ ဒါကြောင့် နောင်ဆက်ခံမယ့် အစိုးရလက် ထက်မှာ စနစ်တကျ ဇုန်တည် ဆောက်ဖို့နဲ့ ပွင့်လင်းမြင်သာစွာ ပြည်သူလူထုကို ချပြရှင်းလင်းဖို့ လိုတယ်ဆိုတာ ဒီနေ့ဆွေးနွေးမှု တွေက ဒီလိုပဲပေါ်ပါတယ်’’ဟု သူ ရဦးရွှေမန်းက ဆိုသည်။

မဲခွဲဆုံးဖြတ်မှုမပြုမီ ပြည် ထောင်စုလွှတ်တော် အတည်ပြု ပေးရန်သမ္မတက တင်ပြလာမှု သည် ကျောက်ဖြူအထူးစီးပွားရေး ဇုန် နယ်နိမိတ်အဖြစ် သတ်မှတ် ကြေညာနိုင်ရေးအတွက်သာဖြစ် ပြီး စီမံကိန်းကိုလက်ရှိအစိုးရ လက်ထက်တွင် အကောင်အ ထည်ဖော်ရန်မဟုတ်ဘဲ လာမည့် အစိုးရလက်ထက်တွင် ဆက် လက်လုပ်ဆောင်မည်ဆိုသည်မှာ မှန်ကန်မှု ရှိ၊မရှိ တက်ရောက်လာ သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားပြု အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင် ရေးဒုဝန်ကြီး ဦးမြင့်သိန်းတို့အား သူရဦးရွှေမန်းက မေးမြန်းခဲ့ရာ၎င်း တို့က မှန်ကန်ကြောင်း တင်ပြခဲ့ ပြီးမှ မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင် ရေနက်ဆိပ်ကမ်းအမှတ် (၁) စီမံကိန်းအတွက် မြေ ၃၇၀ ဒသမ ၆၆ဧက၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအမှတ် (၂) အတွက် မြေ ၂၃၇ ဒသမ ၂၂ ဧက၊ စက်မှုဇုန် စီမံကိန်းအတွက် မြေ ၂,၄၄၆ ဒသမ ၀၇ ဧက၊ အဆင့်မြင့်အိမ် ရာစီမံကိန်းအတွက် မြေ ၁၂၃၆ ဒသမ ၃၇ ဧက၊ စုစုပေါင်း မြေဧက ၄၂၈၉ ဒသမ ၃၂ ဧကဖြစ် ကြောင်းအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က လွှတ်တော် သို့ တင်ပြခဲ့သည်။

လွှတ်တော်က အတည်ပြု ပေးရန်အတွက် တင်ပြမှုသည် နယ်နိမိတ်အဖြစ် သတ်မှတ်ပေး ပြီးပါက စီမံကိန်းတင်ဒါအောင် မြင်သူကို တရားဝင်ကြေညာပေး နိုင်မည်ဖြစ်ကာ ယင်းသို့ ကြေညာ ပေးပြီးနောက်ပိုင်း မူဘောင် သ ဘောတူညီချက် လက်မှတ်ရေး ထိုးနိုင်ရန် ညှိနှိုင်းခြင်း၊ ရင်းနှီးမြှုပ် နှံမှု သဘောတူညီချက် ညှိနှိုင်း ခြင်း၊ မြေငှားရမ်းခြင်း ညှိနှိုင်းခြင်း နှင့် တည်ဆောက်ရေးဆိုင်ရာ သ ဘောတူညီချက်များကို ဆက် လက် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်ကဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်နယ်နိမိတ်သတ်မှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်၌ ဒီဇင် ဘာ ၂၈နှင့် ၂၉ ရက်တို့တွင်လွှတ် တော်ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးရာ၌ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် နှစ်ဦးပါဝင်ခဲ့ကာ လွှတ်တော်ကိုယ် စားလှယ်များက စီမံကိန်းဆောင် ရွက်ရာတွင် ဒေသခံပြည်သူများ ၏ နစ်နာမှုများကို ထောက်ရှုရန်၊ အင်အားကြီး အိမ်နီးချင်းနိုင်ငံများ အကြား မဟာဗျူဟာအရအရေး ပါသော ရေနက်ဆိပ်ကမ်းကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပိုင်ဆိုင်မှုအများစုဖြင့် ပါဝင် ဆောင်ရွက်နိုင်ရန်နှင့် ပွင့်လင်း မြင့်သာမှုရှိရှိ ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင်လုပ်ကိုင်မည့် ရေနက်ဆိပ် ကမ်းတည်ဆောက်ခြင်း၊ စက်မှု ဇုန် အကောင်အထည်ဖော်ခြင်း တင်ဒါကို သမ္မတဦးသိန်းစိန်အစိုးရ က ဒီဇင်ဘာ ၃၀ ရက်တွင်ကြေညာ ရန် လျာထားခဲ့ခြင်းဖြစ်သည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service