အာရှရဲ့ ဈေးအကြီးဆုံးတိုက်ခန်းကို ဘယ်နေရာ ဘယ်ဒေသမှာလို့ ထင်ပါသလဲ။
ဟောင်ကောင်က စတုရန်းပေ ၁ ပေကို ဟောင်ကောင်ဒေါ်လာ ၁၀၀၀၀၀ ကျော် (၁၂၉၀၃ အမေရိကန်ဒေါ်လာ) တန်ကြေးရှိတဲ့ တိုက်ခန်းဟာ အာရှရဲ့ ဈေးအကြီးဆုံးတိုက်ခန်းအဖြစ် ရပ်တည်လို့ လာပါတယ်။
သူ့ကို ဟောင်ကောင်ဒေါ်လာ ၆၄၆ ဒသမ ၄၈ သန်း(၈၃ ဒသမ ၄၂ အမေရိကန်ဒေါ်လာ) နဲ့ ရောင်းချဖို့ ဈေးခေါ်ခဲ့ပေမယ့် ဟောင်ကောင်ဒေါ်လာ ၅၉၀ သန်း(အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၁၃ သန်း) နဲ့ တကယ်တမ်း ရောင်းထွက်ခဲ့ပါတယ်။
သူ့မတိုင်ခင်က အာရှရဲ့ ဈေးအကြီးဆုံးတိုက်ခန်းအဖြစ် ရောင်းထွက်ခဲ့တဲ့ တိုက်ခန်းကလည်း ဟောင်ကောင်ကပဲ ဖြစ်ပါတယ်။
သူ့ကို ပြီးခဲ့တဲ့ ဇွန်က ရောင်းချခဲ့တာဖြစ်ပြီး ၁ စတုရန်းပေကို ၉၅၉၇၁ ဟောင်ကောင်ဒေါ်လာ (၁၂၃၈၃ ဒသမ ၆ အမေရိကန်ဒေါ်လာ) သို့မဟုတ် စုစုပေါင်း တိုက်ခန်းတန်ကြေး ဟောင်ကောင်ဒေါ်လာ ၄၈၇ သန်း (၆၂ ဒသမ ၈၄ သန်း)နဲ့ ရောင်းထွက်ခဲ့တာပါ။
ယခုရောင်းချမှုဟာ ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီကနေ ယခုလအစောပိုင်းထိ ဈေးနှုန်း ၂၃ ရာခိုင်နှုန်း (မနှစ်ကယင်းကာလနှင့် နှိုင်းယှဉ်ပါက) ခုန်တက်ခဲ့ပြီးနောက် ဟောင်ကောင်အိမ်ဈေးကွက် စတင်ကာ ပြန်လည်ပျော့ပျောင်းလာစဉ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)