အစိုးရမှ ဖြည့်ဆည်းပေးသည့် အိမ်ခြံမြေ ပမာဏ အရေအတွက်များပြားလာပါက အိမ်ခြံမြေဈေးကျဆင်းနိုင်

အစိုးရမှ ဖြည့်ဆည်းပေးသည့် အိမ်ခြံမြေ ပမာဏ အရေအတွက်များပြားလာပါက အိမ်ခြံမြေဈေးကျဆင်းနိုင် - Property News in Myanmar from iMyanmarHouse.com
29 Dec 2015 11:31 am တွင် တင်ခဲ့သည်
2657 ကြိမ် ကြည့်ရှု့ပြီး
အစိုးရမှ ဖြည့်ဆည်းပေးသည့် အိမ်ခြံမြေ ပမာဏ အရေ အတွက်များပြားလာပါက ပြည်တွင်း အိမ်ခြံမြေဈေးနှုန်းများ ထပ်မံကျဆင်းလာနိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

တစ်နှစ်ထက်တစ်နှစ် လူဦးရေတိုးပွားလာမှုအပေါ် မြေများ မဝယ်ယူပါနှင့် အိမ်များ မဝယ်ယူပါနှင့်ဟု တားမြစ်ခွင့် မရှိဘဲ ဈေးနှုန်းကို ထိန်းချုပ်ချင်ပါက ပြည်သူအများစု အိမ်ခြံမြေပမာဏများများအား ထုတ်ဖော်ပေးရန် လိုအပ်ကြောင်း ဒေါက်တာ အောင်ထွန်းသက် ကဆိုသည်။

"မြေတွေကို မဝယ်ပါနဲ့ ခြံတွေကို မဝယ်ပါနဲ့ဆိုပြီး တားလို့မရဘူး အစိုးရဘက်က လုပ်နိုင်တဲ့ တနည်းတော့ ရှိတယ် supply ကိုမြှင့်ပေးဖို့ပဲ " ဟု ၄င်းကဆိုသည်။

လာမည့် ၂၀၁၆ တွင် အိမ်ခြံမြေပိုင်းတွင် ရင်းနှီးမြှပ်နှံသူအများစုက စတော့ အိတ်ချိန်းကဲ့သို့ နေရာများတွင် ပြောင်းလဲ ရင်းနှီးမြှပ်နှံလိုသူ စိတ်ဝင်စားသူ များပြားသောကြောင့် ဈေးကွက် တွင် အပြောင်း အလဲများလဲ ကြုံနိုင်ကြောင်း အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူများ ကသုံးသပ်နေကြသည်။

လက်ရှိတွင် မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် အခြားဝန်ကြီးဌာနများက တန်ဖိုးသင့်တင့် တန်ဖိုးမျှတ အိမ်ယာများ ရန်ကုန် အပါအဝင် နယ်မြို့ကြီးများတွင် တည်ဆောက်လျှက်ရှိသည်။

အဆိုပါစီမံကိန်းများမှ အခန်းပေါင်း သိန်းချီ ထွက်ပေါ်လာနိုင်သောကြောင့် ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ပါက အိမ်ခြံမြေဈေးနှုန်း ကျဆင်းလာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများ က သုံးသပ်နေကြသည်။

ထို့ပြင် လွှတ်တော်တွင် ရပ်နားထားသည့် ကွန်ဒို ဥပဒေတွင် ပြဌာန်းခဲ့ပါက နိုင်ငံခြားသားများအား မြေမှ လွဲပြီး အခန်းအား ဝယ်ယူပိုင်ဆိုင်ခွင့် ရှိသည်ဆိုသဖြင့် အလုံးအရင်းဖြင့်တည်ဆောက်နေ သည့်ကွန်ဒိုတိုက်ခန်းများ အတွက် မျှောလင့်၍ ရကြောင်း အိမ်ခြံမြေ လုပ်ငန်း ရှင်တစ်ဦး ကဆိုသည်။

လွှတ်တော်၌ သဘောကွဲလွဲမှုများကြောင့် အပြီးသတ်အတည်ပြုရေး ဆောင်ရွက်ရာတွင်
ကြန့်ကြာနေခဲ့သည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာကွန်ဒို ဥပဒေကြမ်းကို ဒီဇင်ဘာ
၂၁ ရက်က ဆက်လက်ဆွေးနွေးခဲ့ရာ အပိုဒ်ခုနစ်ပိုဒ် အတည်ပြုပြီးသော်လည်း ထပ်မံ
ညှိနှိုင်းဆွေးနွေးရန်လိုအပ်သောကြောင့် ရွှေဆိုင်းထားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service