ကျောက်ဖြူအထူး စီးပွားရေးဇုန် နယ်နိမိတ်သတ် မှတ်ထုတ်ပြန်ရန် လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခြင်းကို ယနေ့ (ဒီဇင်ဘာ ၂၉)၌ ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
နိုင်ငံတော်သမ္မတထံမှ ပေး ပို့လာသော ကျောက်ဖြူအထူးစီး ပွားရေးဇုန် သတ်မှတ်နိုင်ရေးကိစ္စ ကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီအစဉ်၌ ဆွေးနွေးဆုံးဖြတ်ရန် ပါရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ် လေး ဦး၏ ယင်းအထူးစီးပွားရေးဇုန်အပေါ် ဆွေးနွေးမှုအပြီးတွင် အစည်းအဝေး ရပ်နားလိုက်ခြင်းဖြစ်သည်။
‘‘ကျောက်ဖြူရေနက်ဆိပ် ကမ်းနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ ဆွေးနွေးမှုကို ဒီမှာပဲ ရပ်ဆိုင်းပါ မယ်။ ကျန်တဲ့ဆွေးနွေးရမယ့် ပုဂ္ဂိုလ်များ မနက်ဖြန်မှာ ဆက် လက်ပြီးတော့ ဆွေးနွေးမှာဖြစ်ပါ တယ်’’ဟု ပြည်ထောင်စုလွှတ် တော် နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်နှင့်ပတ်သက်၍ ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ကိုးဦး က အမည်စာရင်းပေးထားခြင်း ဖြစ်ကာ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးသို့ ကျောက် ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင် ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့် သိန်းက လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ကျောက်ဖြူရေနက်ဆိပ် ကမ်းကို ရခိုင်အမျိုးသားပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ် စားလှယ်များက ဆွေးနွေးရာတွင် ယင်းစီမံကိန်းသည် ပွင့်လင်းမြင် သာမှု အားနည်းခြင်း၊ ဒေသခံများ ၏ အသံကို နားထောင်မှုအားနည်းနေခြင်းအပြင် စီမံကိန်းသည် နိုင်ငံတော်အတွက် အရေးပါလှ သည့်အတွက် စီးပွားရေးဇုန်နယ် နိမိတ်သတ်မှတ်ခြင်းကို အလျင် စလို လွှတ်တော်က ဆုံးဖြတ်ပေး ခြင်း မပြုလုပ်သင့်ကြောင်း တင် ပြဆွေးနွေးခဲ့ကြသည်။
ကျောက်ဖြူအထူးစီးပွားဇုန် သည် နိုင်ငံအတွက် မဟာဗျူဟာ မြောက်နေရာတွင်ရှိနေသည့်အ တွက် မြန်မာနိုင်ငံဘက်မှ အနည်း ဆုံး ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်သင့် ကြောင်း၊ စီမံကိန်းအတွက် ရခိုင် ပြည်နယ်လွှတ်တော်၊ ရခိုင်ပြည် သူလူထုနှင့် လူမှုအဖွဲ့အစည်းများ ကို ပွင့်ပွင့်လင်းလင်း တင်ပြပြီး ထောက်ခံသဘောတူညီမှုကို ယူ သင့်ကြောင်း ရခိုင်အမျိုးသားပါ တီမှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စောဝေက လွှတ် တော်သို့ ပြောကြားသည်။
ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘ ရှိန်ကမူ စီမံကိန်းစောင့်ကြည့်ရေး အဖွဲ့ဝင်အဖြစ် ပါဝင်သော်လည်း မည်သည့်နေရာများကို စက်မှုဇုန် အဖြစ် သတ်မှတ်မည်ကို မသိရှိရ သေးသည့်အတွက် ပွင့်လင်းမြင် သာမှုအားနည်းနေကြောင်း စက် မှုဇုန်အဖြစ် သတ်မှတ်မည့်နေရာ များတွင် ပါဝင်မည့် ဒေသခံများ၏ လယ်ယာမြေများအတွက် နစ်နာ မှုမရှိစေရန် စနစ်တကျစီမံထား သင့်ကြောင်း၊ နယ်မြေသတ်မှတ် ခြင်းကို အလျင်စလို မဆုံးဖြတ် သင့်ကြောင်း ဆွေးနွေးသည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင် လုပ်ကိုင်မည့် ရေနက် ဆိပ်ကမ်း တည်ဆောက်ခြင်း၊ စက်မှုဇုန်အကောင်အထည်ဖော် ခြင်း တင်ဒါကို သမ္မတဦးသိန်းစိန် အစိုးရက ဒီဇင်ဘာ ၃၀ ရက်၌ ကြေညာရန် လျာထားခြင်းဖြစ် သည်။ ကျောက်ဖြူအထူးစီးပွား ရေးဇုန်တွင် ဆိပ်ကမ်းတည်ဆောက်မည့် တင်ဒါလုပ်ထုံးလုပ်နည်း၌ ရှယ်ယာအကျိုးအမြတ်ခွဲဝေမှုတွင် မြန်မာက ၁၅ ရာခိုင်နှုန်း၊ နိုင်ငံခြားကုမ္ပဏီက ၈၅ ရာခိုင်နှုန်း သတ်မှတ်ထားသဖြင့် ဒေသခံများက ယင်းအချက်အပေါ် ကျေနပ်မှုမရှိကြောင်း ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
Credit : 7Day Daily