ထားဝယ်အထူးစီးပွား ရေးဇုန်ဧရိယာအတွင်း ပါဝင်သောဌာနပိုင်မြေများကို စက်မှု မြေငှားဂရန်အဖြစ် ပြောင်းလဲရန် လျှောက်ထားပြီးဖြစ်သည်ဟုထား ၀ယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီမှ သတင်းရရှိ သည်။
ရေဖြူနှင့် လောင်းလုံးမြို့ နယ်တွင် အကောင်အထည်ဖော် မည့် ထားဝယ်ရေနက်ဆိပ်ကမ်း နှင့်အထူးစီးပွားရေးဇုန်ဧရိယာရှိ သစ်တောမြေ၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ၊ စားကျက် မြေ၊ သုသာန်မြေ၊ သာသနာ့မြေ နှင့် လမ်းမြေများအပါအ၀င် ဌာန ပိုင်မြေများကို စက်မှုမြေငှားဂရမ်ပြုလုပ်ရန် ဒီဇင်ဘာလလယ်ပိုင်းက ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်သို့ လျှောက်ထားပြီးဖြစ်သည်ဟု ဆိုသည်။
‘‘စက်မှု မြေငှားဂရန် လျှောက်ထားဖို့ အမှုတွဲတည် ဆောက်နိုင်အောင် နိုဝင်ဘာလ တုန်းက ကန့်ကွက်လွှာကို ၁၅ရက် ပဲ အချိန်ပေးပြီး ခေါ်ယူခဲ့တယ်။ ဒါပေမဲ့ အဲဒီသတ်မှတ်ရက်ထက် ကျော်လွန်သွားမှ လာကန့်ကွက် တဲ့ ဒေသခံတွေကိုလည်း လက်ခံ ပေးနေပါတယ်။ နောက်ပြီးဒေသ ခံတွေရဲ့မြေ မပါဝင်သေးတာကို ရှင်းပြနေပါတယ်’’ဟု အဆိုပါ ကော်မတီအတွင်းရေးမှူးဦးခင် မောင်ချိုကပြောသည်။
ယင်းမြေများသည် အများပြည်သူနှင့် သက်ဆိုင်သည့် သုသာန်မြေအပါအ၀င် အခြားမြေများပါ ပါဝင်နေသောကြောင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာများကိုသာပြောင်းရွှေ့သွားစေမည်ဟု ဆိုသည်။
ထားဝယ်အထူးစီမံကိန်းဧရိ ယာအတွက် သိမ်းဆည်းရမည့်မြေ ဧရိယာ(၃၂၃၈၅ဒသမ၉၆၁၂)ဧ ကနှင့် ဌာနများမှ လွှဲပြောင်းပေး မည့် မြေဧရိယာ(၁၆၀၄၆ဒသမ ၄၉)ဧကရှိပြီး လွှဲပြောင်းပေးရမည့် ဧရိယာသည် ရေဖြူမြိုနယ်အတွင်းရှိ မြေဧရိယာ(၁၅၄၇၅ဒသမ၄၉)ဧကပါဝင်ပြီး ဆီအုန်းခြံများလည်းပါဝင်သည်။
သိမ်းဆည်းရမည့်မြေဧရိ ယာများမှ မြေ(၅၇၇၆ဒသမ၇၅) ဧကအတွက် ဒေသခံများအားလျော်ကြေးငွေကျပ် (၂၃၄၃၃ဒသမ ၂၆၂၁)သန်း ပေးအပ်ထားပြီးဖြစ်သည်ဟုသိရသည်။ စီမံကိန်းဇုန်အလိုက် အကောင်အ ထည်ဖော်ဆောင်ရွက်မည့် ဧရိယာအတွင်း ပါဝင်သော သိမ်းဆည်းရမည့် မြေများကို အဆင့်ဆင့်လျော်ကြေးများထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းတွင် စက်မှုလုပ်ငန်း များ၊ ဓာတ်အားပေးစက်ရုံများ၊ ရေလှောင်ကန်များနှင့် အဝေးပြေး လမ်းမကြီးများပါဝင်သည်။ ယခင် က သတ်မှတ်ထားသည့် စီမံကိန်း ဧရိယာတွင်ရွှေ့ပြောင်းပေးရမည့် ကျေးရွာ ၁၀ရွာကျော်ရှိသော် လည်း အသစ်ပြန်လည်သတ်မှတ် သော ဧရိယာတွင် ကျေးရွာခြောက်ရွာသာပြောင်းရွှေ့ရန် ကျန်ရှိကြောင်း သိရသည်။
Credit : 7Day Daily