ရန်ကုန်မြို့စွန် မြေကွက်များ အရောင်းအ၀ယ် ကျဆင်းလာ

ရန်ကုန်မြို့စွန် မြေကွက်များ အရောင်းအ၀ယ် ကျဆင်းလာ - Property News in Myanmar from iMyanmarHouse.com
28 Dec 2015 10:22 am တွင် တင်ခဲ့သည်
2497 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့စွန်မြေကွက် များ ဈေးနှုန်းသည် တစ်လလျှင် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနေပြီး အရောင်းအ၀ယ် ကျဆင်းနေ ကြောင်း မြို့စွန်မြို့နယ်များရှိ အိမ် ခြံမြေအကျိုးဆောင်များထံမှ သ တင်းရရှိသည်။

‘‘နှစ်ကုန်ပိုင်း အရမ်းသိသာ လာတယ်။ ငွေဖော်ချင်တဲ့သူတွေ က ဈေးလျှော့ပြီး ထုတ်ရောင်းနေ ကြပေမယ့် ၀ယ်မယ့်သူက အရမ်း နည်းသွားတယ်’’ဟု ဒဂုံဆိပ်ကမ်း မြို့နယ်မှ အိမ်ခြံမြေ အကျိုး ဆောင်ကိုမျိုးမြင့်အောင်ကပြော သည်။

မြို့စွန်များရှိ ယခင် ကျပ်သိန်း ၁၀၀ ကျော်တန် မြေကွက်များသည် လက်ရှိနေရာနှင့် ရပ်ကွက်ပေါ်မူတည်ပြီး ကျပ်သိန်း၈၀မှ သိန်း ၇၀ခန့်အထိသာ ပေါက်ဈေးရှိနေကြောင်း အရောင်းအ၀ယ်ပြုလုပ်သူများ၏ ဈေးကွက်အတွင်းမှ သတင်းရရှိသည်။

မြောက်ဥက္ကလာပ၊ သင်္ဃန်း ကျွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ ပါမစ်မြေနှင့် ဂရန်မြေများ ကိုင် ဆောင်ထားသူများက ငွေဖော်လို ၍ အဓိကပြန်လည်ရောင်းချနေ သော်လည်း ၀ယ်ယူမည့်သူမရှိသ ဖြင့် အခက်တွေ့နေကြောင်း ကို မျိုးမြင့်အောင်ကဆိုသည်။

မြို့စွန်များမှ ပေ ၄၀ x ၆၀၊ ၁၂ ပေခွဲx၅၀ မြေကွက်များသည် လူနေ ရပ်ကွက်များအဖြစ် ပေါ် ပေါက်လာမှု မရှိသေးခြင်း၊ ခြံ စည်းရိုးခတ်ပြီး မြေရိုင်းအဆင့် သာ ရှိနေသေးခြင်းကြောင့် မြေ ကွက်အရောင်းအ၀ယ်သိသာစွာ ကျဆင်းလာသည်ဟု ထန်းတပင်မြို့နယ်ငွေလောင်းရပ်ကွက်မှ အကျိုးဆောင်တစ်ဦးက သုံးသပ်သည်။

ပြည်တွင်းအိမ်ခြံမြေဈေး နှုန်းများသည် အစိုးရ တည် ဆောက်ရောင်းချနေသည့် အခန်း အရေအတွက်မြောက်မြားစွာပေါ် လာပါက ဈေးနှုန်းများ ထပ်မံကျဆင်းမည့်အခြေအနေရှိကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးဒေါက်တာအောင်ထွန်းသက်က ဒီဇင်ဘာ ၂၆ ရက်တွင်တပ်မတော်ခန်းမ၌ ပြုလုပ်သည့် အိမ်ခြံမြေ ဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြို့စွန် မြို့နယ်များရှိ မြေ ကွက်များ၊ စီမံကိန်းအသံ ကြား တိုင်းလိုက်လံဝယ်ယူသည့်နေရာ များ၊ မြို့လယ် တိုက်ခန်းများ၊ ကန်ထရိုက်ကြိုပွိုင့်တိုက်ခန်းများသည် အရောင်းအ၀ယ် မရှိသလောက်နည်းပါးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။

အိမ်ခြံမြေအရောင်းအ၀ယ် အေးနေသော်လည်း မြို့တွင်းပိုင်း မြို့နယ်များရှိ မြေညီထပ် တိုက် ခန်းများတွင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရန် အငှား ဈေးကွက် အားကောင်းနေပြီး နေရာကောင်း ကို ဈေးပိုပေး၍ ငှားရမ်းကြရသည် ဟု အိမ်ခြံမြေအကျိုးဆောင်များ ကဆိုသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service